လူ့အဖွဲ့အစည်းကြီး (Society) ပြောင်းလဲသွားပြီလော
ကမ္ဘာလောကရှိ လူသားတို့သည် ကျောက်ခေတ် မှစ၍ ကြေးခေတ်၊ သံခေတ် ယခုမျက်မှောက်ခေတ် အထိ တဆင့်ပြီးတဆင့် ပြောင်းလဲလာခဲ့လေသည်။ လိမ်မာယဉ်ကျေးလာခဲ့ကြသည်။ ယင်းသို့ပြောင်းလဲ လာခဲ့သည်မှာ လူသားတို့၏အသိဉာဏ် တိုးတက် မြင့်မားလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
လူသားတို့၏ အသိဉာဏ်သည် တိုးတက်မြင့် လာမှု မရှိပါက လူသားတို့၏ လူနေမှုဘဝသည်လည်း တိုးတက်ပြောင်းလဲစရာ အကြောင်းမရှိပေ။ တိရိ စ္ဆာန်များသည် လူသားတို့ကဲ့သို့ အသိဉာဏ်မျိုး မရှိ သဖြင့် သူတို့ဘဝ တိုးတက်ပြောင်းလဲ လာခဲ့ခြင်း မရှိချေ။ မည်သည့် သက်ရှိသတ္တဝါပင်ဖြစ်စေ တိုးတက်ပြောင်းလဲမှုမရှိပါက ဘဝသည်ရှင်လျက်နှင့် သေနေသလိုပင် ဖြစ်သည်။
လူသားတို့၏ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လူသားတို့၏ နေထိုင်မှု လူ့အဖွဲ့ အစည်းကြီး (Society) သည်လည်း တိုးတက်မြင့်မား လာခဲ့သည်။ မော်တော်ကား၊ ရထား၊ လေယာဉ်ပျံ၊ ဂြိုဟ်တု၊ ဖုန်း၊ အီးမေလ်၊ ကွန်ပျူတာစသော လူသားတို့ တီထွင်ဖန်တီးလိုက်သော ခေတ်အလိုက် ခေတ်မီစေသော အသုံးအဆောင် ပစ္စည်းများသည် မျက်မှောက်ခေတ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ တံခါး မရှိ ဓားမရှိ ဆက်သွယ်နိုင်ခဲ့ကြသလို တွေ့မြင်နိုင် ကြလေသည်။ ယနေ့ကမ္ဘာလောကကြီးသည် တစ်ဦးနှင့်တစ်ဦး လှမ်းခေါ် စကားပြောဆိုနိုင်သော ကျေးရွာတစ်ရွာ (ဂလိုဘယ်လိုက်ဇေးရှင်း) အဖြစ်သို့ ရောက်ရှိသွားပြီဟု ပညာရှင်များက ပြောဆိုလာကြ လေသည်။
လူသားတို့၏ အသိဉာဏ်ပညာသည် ရပ်တန့် မနေဘဲ လူသားတို့၏ ကောင်းကျိုးများကို ဖန်တီး ပေးနိုင်ခဲ့သလို အဖျက်လုပ်ငန်းများကိုလည်း တီထွင်ဖန်တီးပုံဖော်ပေးသည်ကို တွေ့ရလေသည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ညှဉ်းဆဲသတ်ဖြတ်ရန် သာမန်လက်နက်မှ လက်နက်ဆန်းများကိုပင် ထုတ်လုပ်လာခဲ့ကြသည်။ အဆိပ်အတောက် ဖြစ်စေသောဓာတ်တု ဓာတ်ငွေ့ လက်နက်များ၊ နျူကလီးယား အနုမြူဗုံးများ၊ အဝေး ထိန်းအဖြစ် ပစ်လွှတ်နိုင်သော တာတိုတာဝေးပစ် ဒုံးကျည်များ၊ ဒရုန်းယာဉ်ငယ်များ အစရှိသော လက် နက်ဆန်းများကိုပင် ထုတ်လုပ်လာခဲ့ပြီး မိနစ် စက္ကန့်အတွင်း လူ့အသက်ပေါင်းများစွာကို ပျက်သုဉ်း စေနိုင်ပါသည်။
ထို့အပြင် မူးယစ်ဆေးအမျိုးမျိုးနှင့် အစာထဲ အဆိပ်ဖြစ်စေသော ဆေးများလည်း တွေ့ရလေသည်။ ယနေ့ယခု ဖြစ်ပွားနေသော ကိုဗစ်-၁၉သည်ပင် လူတို့ပြုလုပ်သော ပဋိဇီဝပိုးပွားဟု ပြောဆိုဝေဖန်မှုပင် ကြားနေရသည်။ ဟုတ်မဟုတ်တော့ အတိအကျ မသိရပေ။ ထိုထိုလက်နက်ဆန်း အမျိုးမျိုးတို့သည် လူသားတို့၏ လောဘမာန စိတ်ယုတ်မာမှုမှ ထွက် ပေါ်လာသော ဆိုးကျိုးများပင် ဖြစ်ကြသည်။ ထိုအခါ ယနေ့လူနေမှု လူမှုအဖွဲ့အစည်းကြီးသည် အမျိုးမျိုး ပြောင်းလဲလာခဲ့သည်ဟု ဆိုရပေမည်။
ယခုအချိန်တွင် လူ့အဖွဲ့အစည်းကြီးကို အထူး အန္တရာယ်ပေးသောအရာမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ဘေးကြီးပင် ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ဘေးကြီး ကြောင့် လူမှုအဖွဲ့အစည်းကြီးသည် နေ့ချင်းညချင်း ဆိုသလို လူသားတို့၏ ကမ္ဘာလောကကြီးကို ပြောင်း လဲစေခဲ့သည်။ လူသားတို့၏ လှုပ်ရှားသွားမှု၊ ဆက်ဆံနေထိုင်မှု၊ စားသောက်နေထိုင်မှု၊ လုပ်ငန်းခွင် များ၌ လုပ်ငန်းဝန်ဆောင်မှု စသော လှုပ်ရှား ပုံစံ တို့သည် အမျိုးမျိုးတွေ့လာရလေသည်။
လွန်ခဲ့သော အနှစ် ၂ဝ က အမေရိကန်နိုင်ငံရှိ ဝေါထရိတ်စင်တာ ကုန်သွယ်ရေး အဆောက်အဦး ကြီးကို ဘင်လာဒင် ဦးဆောင်သော အကြမ်းဖက် အဖွဲ့ကြီးက တိုက်ခိုက်ဖြိုချလိုက်သည့်အခါ ကမ္ဘာ ကြီးသည် လုံခြုံမှုမရှိတော့ဟု ပြောဆိုလာကြသည်။ လုံခြုံပါသည်ဆိုသော အမေရိကန်နိုင်ငံသည်ပင် အထိတ်တလန့် ဖြစ်လာကြသည်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့သည် ဦးဂျိုမပါသဖြင့် ပစ်မှတ်ရှာ လို့ မရဘဲ ရှင်းလင်းတိုက်ခိုက်ရသည်မှာ လွန်စွာ ခက်ခဲလှပေသည်။ မည်သည့်နိုင်ငံ၊ မည်သည့်မြို့၊ မည်သည့်နေရာတွင် ဗုံးဖောက်ခွဲလိမ့်မည်။ မည် သည့်အချိန်တွင် မည်သည့်အဆောက်အဦးကို ဝင် ရောက်တိုက်ခိုက် လိမ့်မည်ဆိုသည်ကို ကျီးလန့်စာ စားဖြင့် ပြည်သူများက နေစဉ်နှင့်အမျှ စိုးရိမ်စိတ်ဖြင့် သွားလာလှုပ်ရှား စားသောက်နေထိုင် ခဲ့ကြရ သည်။
ထိုအခါမှစ၍ ပညာရှင်များ၏ သုံးသပ်ဝေဖန်မှုမှာ ကမ္ဘာကြီးသည် လုံခြုံမှုမရှိတော့ဘဲ လူမှုဆက်ဆံရေး နှင့် ဆက်သွယ်ရေး နယ်ပယ်သည်လည်း ဂလို ဘယ် လိုက်ဇေးရှင်းအဖြစ် ပြောင်းလဲခဲ့ပြီးဟု ကျယ်လောင် စွာ သီကျူးေြွကးကျော်လာခဲ့ကြလေသည်။ ယခု လည်း ကမ္ဘာကြီးရှိ လူ့အဖွဲ့အစည်းကြီးကို ကိုဗစ်-၁၉ ကပ်ဘေးကြီးက ပြောင်းလဲခဲ့ပြီးဟု ဆိုရမည် ဖြစ်သည်။
ယနေ့ကမ္ဘာ့ လူသားထုကြီးများ၏ သွားလာနေ ထိုင်မှုသည် ယခင်ပုံစံမျိုးကဲ့သို့ မဟုတ်တော့ပေ။ တစ်ကမ္ဘာလုံး လူထုကြီးများ၏ မျက်နှာပေါ်တွင် နှာခေါင်းစည်း (Mask) ကို တပ်ထားရသည်။ Mask မတပ်ပါက မမြင်ရသော ဗိုင်းရပ်စ်ရောဂါပိုးများမှာ မျက်လုံးပါးစပ်နှင့် နှာခေါင်းပေါက်မှ ဝင်ရောက်နိုင် ပါသည်။ မျက်စိထဲမဝင်အောင် မျက်လုံးမျက်နှာကို ဖလင်ကော်ပြားဖြင့် ကာကွယ်တပ်ဆင်ထားရ သည်။
တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆေးကြောကြရ သည်။ တစ်ဦးနှင့်တစ်ဦး ၅ ပေ၊ ၆ ပေအကွာတွင် နေထိုင်ကြရသည်။ စကားပြောလျှင် ထွက်လာသော အခိုးအငွေသည် ၃ ပေတွင် ကျရောက်လာသည်။ ချောင်းဆိုးလျှင် ၆ ပေလောက်တွင် ရောက်သွားသည်။ နှာချေလျှင်ပေ ၂ဝ အထိ နှာခေါင်းပါးစပ်ထဲက ထွက်လာသော အငွေ့အမှုန်များ ရောက်ရှိနိုင်လေ သည်။ အမေရိကန်နိုင်ငံ သမားတော် မြန်မာနိုင်ငံသား ကျော်ဇောဟိန်းက ပုံနှင့်တကွ တင်ပြထားသည်ကို တွေ့ရလေသည်။
သို့တွက်ကြောင့် အစည်းအဝေး အခမ်းအနားများ တွင်လည်း လူများများဖြင့် စည်းဝေးခြင်းကို မလုပ် ကြရဘဲ လူစုလူဝေးများကို ရှောင်ကြည်ကြရပါသည်။ အစည်းအဝေးလုပ်လျှင်လည်း လူပေါင်း ၅ဝ နှင့်သာ လုပ်နိုင်ပါသည်။ ထို့ထက် လူပို၍ စည်းဝေးခြင်းကို မလုပ်ရေပေ။ ဗွီဒီယိုကွန်ဖရင့်ဖြင့်လည်း အစည်း အဝေး လုပ်ဆောင် လာကြသည်။ တစ်ဦးနှင့်တစ်ဦး စကားပြောကြရာတွင်လည်း သူ့ဆီက ကိုဗစ်-၁၉ ပါလာပြီး ငါ့ကိုများကူးစက်လေ မလားစသည့် အတွေး သံသယများဖြင့်လည်း လူများ၏စိတ်တွင် ပေါ်လာလို့နေပြန်သည်။
နေ့စဉ်စားသောက်နေကြ စားသောက်ဆိုင်များ လည်း အချို့ ပိတ်ထားကြရသည်။ ဈေးဆိုင်များလည်း ပိတ်ထားကြရသည်။ ယင်းစားသောက်စရာများနှင့် လိုအပ်သော ပစ္စည်းများကို အွန်လိုင်းရှော့ပင်က ရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုအဖြစ် လုပ်ဆောင်လာ သည်။ ထိုအခါအွန်လိုင်းရှော့ပင် ဈေးရောင်းမှုသည် ခေတ်စားလာသဖြင့် မှတ်ပုံတင်ခြင်းကိုပင် သက်ဆိုင် ရာက ပြုလုပ်လာသည်။ တချို့မှာ ကားဖြင့်လည်း ကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း အိမ်အထိလာ ရောက် ဈေးရောင်းပေးသည်ကို တွေ့ရလေသည်။ ပါဆယ်ထုပ်များလည်း ခေတ်စားလာသည်။ ပြောင်း လဲလာသော လူသားတို့၏ နေထိုင်မှု လူ့အဖွဲ့အစည်း ကြီး (Society) ပင် ဖြစ်သည်။
နဂိုကမှ တည်ငြိမ်စွာနေလို့မရ သွားလာလှုပ်ရှား နေရသော လူနေမှုဘဝသည် ကိုဗစ်-၁၉ ကပ်ဘေး ကြီးကြောင့် လွတ်လွတ်လပ်လပ် လှုပ်လှုပ်ရှားရှား သွားလာလို့ မရတော့ပေ။ စက်ရုံအလုပ်ရုံများလည်း ပိတ်ထားသဖြင့် အလုပ်လက်မဲ့တွေ ပေါ်လာသည်။ ကူးစက်မှုအဖြစ်များသော မြို့ကြီးမြို့ငယ် ရပ်ကွက် များ၌ (Lock down) ချထားရသည်အထိ ဖြစ်လာ သည်။ ထိုအခါ လူမှုဒုက္ခလည်း တစ်နေ့ထက်တစ်နေ့ များပြားလာသည်။ စားရေးသောက်လည်း ခက်ခဲလာ နိုင်သည်။ ဆင်ဆင်ခြင်ခြင် သွားလာနေထိုင်ရသဖြင့် တဖြည်းဖြည်း ကြပ်တည်း ကျည်းမြောင်းလာသည်ဟု ခံစားရလေသည်။
တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေး စကားပြော နေထိုင်လာကြရသည်။ လူမှုအဖွဲ့ အစည်းကြီးသည်လည်း နေ့ခြင်းညခြင်း ပုံစံ ပြောင်း လဲခဲ့သည်။ ကိုဗစ်-၁၉ ကပ်ဘေးသည် မူလဗီဇ ပြောင်းလဲမှုကြောင့် ဗိုင်းရပ်စ်ပိုးမှာလည်း ပြန့်ပွားမှု မြန်ပြီး ကူးစက်မှုမှာလည်း မြန်ဆန်လာသည်ဟု ဆို ပါသည်။ သို့သော် ဆယ့်တစ်ရက်လောက်ဆို ပိုးက မကူးစက်နိုင်တော့ဟု ဆိုပါသည်။
ယခုကပ်ဘေးကြီးသည် မည်သည့်အချိန်အထိ ပြန့်ပွားမွှေနှောက်ပြီး မည်သည့်အချိန်ကျမှ ပျောက်ကွယ် ပြီးဆုံးမည်ကို မည်သူမှ တတ်အပ် သေချာ မပြောနိုင်ကြချေ။ ယခုအခါ ကိုဗစ်-၁၉ ကပ်ဘေးသည် ယုတ်လျော့သွားခြင်း မရှိသည့်အပြင် ကူးစက်မှုမှာ တိုးပွားလို့လာသည်။ ကာကွယ်ရန် ဆေးဝါးများလည်း နိုင်ငံအသီးသီးက သုတေသနပြု ကြိုးစားနေကြတုန်းပင်ရှိသေးသည်။ စင်စစ် ကိုဗစ်-၁၉ ကပ်ဘေးကြီးသည် မြန်မာနိုင်ငံတွင် စတင်ဖြစ် ပွားသည့် ရောဂါတော့မဟုတ်ပေ။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်သူများ ပြန်လာရာမှ ပါလာခြင်းပင်ဖြစ်သည်။
သို့သော် ဝူဟန်မြို့၌ စတင်ဖြစ်ပွားစဉ် ဝူဟန် မြို့တွင် သွားရောက်ပညာသင်ယူကြသော မြန်မာ နိုင်ငံသား ကျောင်းသား ၆ဝ လောက်သည် အမြန် ပြန်လာနိုင်ခဲ့သဖြင့် တစ်ယောက်မှ ရောဂါကူးစက်မှု မခံရသဖြင့် ရောဂါပါလာခဲ့ခြင်း မရှိချေ။
လွန်ခဲ့သော လများက အစိုးရစာသင်ကျောင်းများ ကို ဖွင့်လှစ်ပြီးမှ ကိုဗစ်-၁၉ ကပ်ဘေး ခေါင်းထောင် လာသဖြင့် ပြန်ပိတ်ထားလိုက်ရသည်။ ယင်းသို့ ကျောင်းပိတ်လိုက်သည်နှင့် ကိုဗစ်-၁၉ ကပ်ဘေးကြီး သည် ရခိုင်ပြည်နယ်တွင် အဆက်မပြတ် ကူးစက်မှု ဖြစ်ပွားလာခဲ့ပြန်သည်။ ယခုဒုတိယအကြိမ် ခေါင်း ပြန်ထောင်လာသည့် ကိုဗစ်-၁၉ ကို ဒုတိယလှိုင်း အဖြစ် ခေါ်ဆိုလာကြသည်။ ယနေ့အထိပင် အစိုးရ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ပိတ်ထားရဆဲပင်ဖြစ်သည်။ ထိုအခါ ပညာရေးသည်လည်း တိုးတက်မလာဘဲ ရပ်တန့်လို့ နေပြန်သည်။ ကျောင်းသားများသည် တဖြည်းဖြည်း အသက်တွေ ကြီးလာကုန်သည်။ ဤသို့ကျောင်းများ ပြန်ပိတ်ထားစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကပ်ဘေးသည် နေ့စဉ်နှင့်အမျှ အဆက် မပြတ် ကူးစက်ပြန့်ပွားလာသလို နယ်မြို့များမှာ လည်း ကူးစက်မှုပြန့်ပွားလာသည်။
ယခုအခါ ၂၀၂ဝ ပြည့် ရွေးကောက်ပွဲသည်လည်း နီးကပ်လို့လာသလို နေ့စဉ် ကိုဗစ်-၁၉ ကပ်ဘေး ကြီးလည်း ကူးစက်ပြန့်ပွားသည်။ ကိုဗစ်-၁၉ ဗိုင်း ရပ်စ်ရောဂါပိုး ကာကွယ်မှုကို နေ့စဉ်နှင့်အမျှ သက် ဆိုင်ရာက အသိပညာပေးလျက် ရှိလေသည်။ သို့ သော် အချို့မှာ လိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိသည်ကိုလည်း တွေ့ရသည်။ ပေါ့ပေါ့ဆဆ လျှော့တွက်ထားပုံရသည်။ ကွာရာ တင်း (Quarantine) မှ ထွက်ပြေးသူများ လည်း ရှိ လာသည်။ မိမိတည်းဟူသော အကြောင်းကြောင့် နိုင်ငံသားများစွာ အသက်ဆုံးရှုံးရမည်ကို မပြုလုပ် သင့်ပေ။ လူလိုနားလည်ရပါမည်။ ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများကို လူတိုင်းလိုက်နာပါက ကိုဗစ်-၁၉ ကပ်ဘေးသည် ကူးစက်မှု အားနည်းသွားမည်။ စင်ကာပူနိုင်ငံတွင် မာ့က်စ် (Mask) ကို တပ်ဆင် အသုံးပြုကြသဖြင့် ရောဂါကူးစက်မှုမှာ သိန်းနှင့်ချီပြီးကျဆင်း သွား သည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။ အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ကို လျှော့တွက် သဖြင့် လူတစ်သိန်းကျော် သေသွားပြီးဖြစ်သည်။ ယခု ၂၀၂ဝ ပြည့်နှစ် ကုန်သည်အထိ ဆိုပါလျှင် ရာသီအပြောင်းအလဲနှင့်အတူ လူ ၄ သိန်းသေလိမ့် မည်ဟု ခန့်မှန်ထားသည်ကို သတင်းက ဆိုထားပါ သည်။
ကျွန်ုပ်တို့နိုင်ငံသည်လည်း အထူးကာကွယ်ရန် လုပ်ဆောင်ရပါသည်။ ကာကွယ်ရန် လုပ်ဆောင် နည်းမှာ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ထုတ် ပြန်ထားသော ကိုဗစ်-၁၉ ကပ်ဘေးကြီး ကာကွယ် နည်းများကို လူတိုင်းက လိုက်နာကျင့်သုံးရပါမည်။ ပေါ့ပေါ့ဆဆ နေထိုင်လို့မရတော့ပေ။ ကူးစက်တတ် သော ရောဂါဖြစ်ခြင်းကြောင့် တကယ်တန်း အုံနှင့် ကျင်းနှင့် ကူးစက်မှုဖြစ်လာလျှင် ကူညီကယ်ဆယ်ရေး သည် အတော်ကိုလုပ်ကိုင် ဆောင်ရွက်ရပါမည်။ ယခုအခါ လူနာများလာသဖြင့် သုဝဏ္ဏအားကစား ကွင်းတွင် လူနာများထားရှိရန် ယာယီအဆောက်အဦး များကို တည်ဆောက်နေရပြီး ဖြစ်သည်။ နာဂစ် မုန်တိုင်းကျစဉ်က ကြိုတင်ကာကွယ်မှု အားနည်းခဲ့လို့ မိမိတို့နိုင်ငံသားများ မသေသင့်ဘဲ သိန်းနှင့်ချီပြီး သေဆုံးခဲ့ကြရသည်။ သို့သော် နာဂစ်ပြီးသွားသည်နှင့် ကူညီကယ်ဆယ်ရေးများသည် မကြောက်မရွံ့ကြဘဲ အဆက်မပြတ် ကူညီကယ်ဆယ်မှုများကို ကိုင်တွယ် ပြုလုပ်နိုင်ခဲ့ကြသည်။ ရောဂါကူးစက်ခံရသူကို ကိုင် တွယ်ရသည်မှာ လွယ်ကူသည်မဟုတ်ပေ။ မိမိကိုယ် တစ်ခုလုံးကို ကိုဗစ်-၁၉ မကူးစက်အောင် ကာကွယ် မှု အဝတ်ကို ဝတ်ဆင်ထားရပါသည်။ တချို့ ဆရာ/ မ များကိုပင် ကူးစက်မှုများရှိလာသည်ကို တွေ့ရပါ သည်။ ဆရာ/မများရောဂါ ကူးစက်လို့ ကွယ်လွန်မှု ရှိလာသည်ကိုလည်း တွေ့လာရသည်။
အိမ်နီးနားခြင်းရှိ အိနိ္ဒယနိုင်ငံသည် တစ်နေ့လျှင် လူထောင်ချီပြီး ကိုဗစ်-၁၉ ကပ်ဘေးကြီး ကူးစက်ခံ နေရသည်ကို သတင်းများ၌ ကြားနေရသည်။ မိမိ နိုင်ငံသည်လည်း မြို့နယ်တိုင်းတွင် လူဝင်လူထွက် ကြပ်မတ်လာသည်။ အပူချိန်များကို တိုင်းတာပေး ခြင်း၊ ကွာရာတင်း ဝင်ခိုင်းခြင်း၊ လူစုလူဝေးနေရာတွင် မသွားလာစေခြင်း၊ ပညာပေးအဖြစ် မာ့က်စ်တပ်ခြင်း၊ လက်ဆေးခြင်းများကိုလည်း နယ်တိုင်းလုပ်ဆောင် လာသည်။ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ကျန်း မာရေးသတင်းကို နေ့နှင့်ညတွင် အမြဲထုတ်လွှင့် ညွှန်ကြားနေသည်။ ကျန်းမာရေး သတင်းကို နား ထောင်ကြည့်ရှုပြီး ကာကွယ်မှုကို ပြုလုပ်ရပါမည်။
ထို့အပြင် ကိုယ်ခံကျန်းမာရေးကောင်းအောင် နေထိုင်တတ်ရမည်။ အစားအသောက် အနေအ ထိုင်များကို ဆင်ခြင်ရပါမည်။ ဆီချိုသွေးချိုနှင့် ရောဂါအခံ ရှိသူများသည် အထူးဆင်ခြင်ပြီး နေထိုင် တတ်ရမည်။ ယခင်ကလို ပုံစံမျိုးကဲ့သို့ လွတ်လွတ် လပ်လပ် သွားလာနေထိုင်လို့ မဖြစ်သလို အစား အသောက်များကိုလည်း ဘုံးပေါလအော စားခြင်းမှ ရှောင်ကြဉ်ရပါမည်။ အသုံးအစွဲများကိုလည်း သုံးသင့်မှ သုံးစွဲရမည့်အပြင် ချွေတာစုဆောင်းရမည်။ အလုပ်အကိုင် အဆင်မပြေသဖြင့် ဝင်ငွေလည်း နည်းလာသည်။ အနာဂတ်တွင် မြန်မာနိုင်ငံ၏ အခြေအနေကို ပညာရှင်များက အကြောင်းအကျိုး အကောင်းအဆိုး အမျိုးမျိုးဖြင့် ဆွေးနွေးလမ်းညွှန်မှု ပေးလာသည်ကို တွေ့ရပါသည်။
ထို့ကြောင့် ကျနော်တို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ဘေးကြီးကို ကျော်လွှားနိုင်အောင် လူတိုင်း သည်တစ်ယောက်စီမှာ တာဝန်ကိုယ်စီ ရှိကြသဖြင့် လူတိုင်းစည်းကမ်း လိုက်နာရပါမည်။ ယခုလို ကပ်ရောဂါဘေးကြီး ကျရောက်နေချိန်တွင် ညီညီ ညွတ်ညွတ်ဖြင့် နိုင်ငံသူ/သားအားလုံးသည် အချင်း ချင်း တာဝန်ရှိသည်ဟု ခံယူကြပြီး မိမိနှင့်ပြည်သူများ အပေါ် ကပ်ရောဂါဘေးကြီး ကျရောက်ကူးစက်မှု မပြန့်ပွားရလေအောင် ဝိုင်းဝန်းကာကွယ်ကြလျက် ကြီးပမ်းကြပါစို့လို့ တိုက်တွန်းသတိပေးလိုက်ရပါ သည်။
စရှူခလိန် (ထီးထာကလုန်)