Home ဆောင်းပါး ပြည်နယ်၌ ကရင်ပါတီများ၏ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အလားလာ

ပြည်နယ်၌ ကရင်ပါတီများ၏ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အလားလာ

3135

‌စောထွန်းလင်း (ဩဂုတ် ၇ရက်၊ ၂၀၂ဝ ပြည့်နှစ်)

ဩဂုတ် ၁ ရက်မှ စတွက်မည်ဆိုလျှင် ၂၀၂ဝ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ကျင်းပရန် ရက် ၁၀ဝ တိတိသာ လို‌တော့သည်။ နိုင်ငံတဝှမ်းတွင် ပါတီအသီးသီးတို့ ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေကြသည့် နည်းတူ ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်ပါတီတို့လည်း ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေသည်ကို ‌တွေ့ရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ကရင်ပါတီ ၄ ခု ပြန်လည် ‌ပေါင်းစည်းတည်‌ထောင်ထားသည့် ကရင်အမျိုးသား ဒီမို ကရက်တစ်ပါတီ(KNDP)က ‌ရွေး‌ကောက်ပွဲဝင်မည်ဖြစ်ပြီး ကိုယ်စားလှယ် ၂၉ ဦးစာရင်းကို ထုတ်ပြန်ထားပြီးဖြစ် သည်။ ထို့အတူ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)ကလည်း ပြည်နယ်တွင် သူတို့၏ အမာခံနယ်‌မြေ ဖြစ် သည့် သံ‌တောင်ကြီးမြို့နယ်တွင် ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေပြီး ဖြစ်သည်။

ကရင်တို့အများဆုံး‌နေထိုင်သည့် ကရင်ပြည်နယ်တွင် ဒီမိုက‌ရေစီ အသွင်း‌ပြောင်းကာလ အ‌ထွေ‌ထွေ‌ရွေး ‌ကောက် ရလဒ်များကို ပြန်ကြည့်လျှင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ ကရင်ပါတီတို့ ထက်ဝက်နီးပါး နိုင်ခဲ့ဖူးသည်။ ၂၀၁၅ တွင်မူ ‌ပြောင်းပြန် အ‌ခြေအ‌နေဖြစ်‌ပေါ်ခဲ့ပြီး ကရင်ပါတီတို့ ပြည်နယ်လွှတ်‌တော် တစ်‌နေရာသာ အနိုင်ရ ‌တော့သည်။

ထိုသို့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ အရှုံးကြီးရှုံးရခြင်းမှာ တချို့မဲဆန္ဒနယ်များတွင် ကရင်ပါတီ အချင်းချင်းထိပ်တိုက်‌တွေ့ပြီး မဲကွဲသွားခြင်း‌ကြောင့်လည်း ဖြစ်သလို NLD ပါတီ ‌ရွေး‌ကောက်ပွဲဝင်ပြိုင်လာသည့် အတွက် အ‌ပြောင်းအလဲကို လိုလားသည့် ပြည်သူတို့၏ ဆန္ဒ‌ကြောင့်လည်း ဖြစ်သည်ဟု ဖလုံ-စ‌ဝေါ် ဒီမိုကရက် တစ်ပါတီ( PSDP)၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ‌ပြောသည်။

“ ပြန်သုံးသပ်‌တော့ NLD က ‌သောင်ပြိုကမ်းပြိုရသွားတာက သမိုင်းက အဲ့လိုပဲလာရမယ့် အ‌နေအထားရှိ တာ ကိုး။ ‌ပြောင်းလဲချိန်တန်ပြီးဆိုတဲ့ သတင်းစကားကလည်း ‌တော်‌တော်‌လေး‌ကောင်းတယ်။ သင်ခန်းစာ တခု ရတယ်” ဟု ‌စောကြည်လင်းက မှတ်ချက်ပြု ‌ပြောသည်။

ယခုလို ကရင်ပါတီများ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ရှုံးပြီး‌နောက် ပြည်နယ်အတွင်းရှိ ကရင်ပါတီ ၄ ခု ‌ပေါင်းစည်းကာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီကို တည်‌ထောင်လိုက်သည်။ ‌ပေါင်းစည်းမှုတွင် ပါဝင်‌သော်လည်း ပါတီမဖျက်သိမ်းဘဲ ကျန်ခဲ့သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီသည်လည်း ပြည်နယ်တွင် ကရင် တစ်ပါတီထဲ ‌ရွေး‌ကော်ပွဲ ဝင်နိုင်‌ရေးအတွက် ပြည်နယ်တွင် ဝင်မပြိုင်‌တော့ဟု ထုတ်ပြန်ထားပြီး ဖြစ်သည်။

ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အတွက် သံ‌တောင်ကြီးမြို့နယ်တွင် ကရင်ပြည်သူ့ပါတီက ‌နေရာ ပြည့် ဝင်ပြိုင်မည်ဖြစ်ပြီး ကျန် ၆ မြို့နယ်တွင် ကရင်ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်သွားမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်တွင် ကရင်ပါတီချင်း ထိပ်တိုက်‌တွေ့‌တော့မည်မဟုတ်။ ထို့‌ကြောင့် အာဏာရ NLD နှင့် ကြံ့ခိုင် ‌ရေးပါတီတို့ကို ကရင်ပါတီများ အဓိက ယှဉ်ပြိုင်သွားရမည်ဖြစ်ကာ ပြည်နယ်တွင် ကရင်ပါတီတို့ တဖန် ပြန် အနိုင်ရရန် အလားလာ‌ကောင်းများရှိ‌နေပြီး ဟုဆိုနိုင်သည်။

ထို့အပြင် ‌ဒေသတွင်း ဩဇာကြီးမားသူများ၊ ကရင်လူငယ်များ၊ ကရင်လက်နက်ကိုင်များကလည်း ကရင်ပါ တီများကို အား‌ပေးဝန်းရံမည်ဟု အသီးသီးထုတ်‌ဖော်‌ပြောဆိုထားသည့်အတွက် ကရင်ပါတီတို့ အင်အားကြီး ပါတီများကို ယှဉ်ပြိုင်ရာတွင် အား‌ဆေးသဖွယ်ဖြစ်‌နေပြီး ပြည်နယ်အတွင်းရှိမြို့နယ်အလိုက် ကရင်ပါတီများ၏ အလားအလာကို သုံးသပ် ကြည့်လိုသည်။

သံ‌တောင်ကြီး မြို့နယ်
‌တော‌တောင် သဘာဝအလှနှင့် ရာသီဥတု‌အေးမြသည့် ပြည်နယ်၏ တစ်ခုတည်း‌သော ‌တောင်‌ပေါ်မြို့ဖြစ်သည့် သံ‌တောင်ကြီးမြို့နယ်တွင် ကရင်ပါတီတို့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ၄ ‌နေရာစလုံးကို ကရင်ပြည်သူ့ပါတီက အနိုင်ရခဲ့ဖူးသည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ ့ပါတီက ပြည်နယ် မဲဆန္ဒနယ် အမှတ် -၂ တွင်သာ အနိုင်ရခဲ့ပြီး ကျန် ၃ ‌နေရာ ရှုံးနိမ့်သွားသည်။

ထိုသို့ ရှုံးနိမ့်ရာ၌ အမျိုးသားလွှတ်‌တော်တွင် ကရင်ပါတီတို့ မဲတစ်‌ထောင်‌ကျော်အကွာဖြင့် NLD ကို ရှုံးခြင်း ဖြစ်ပြီး ကျန်ပြည်သူ့ လွှတ်‌တော်နှင့် ပြည်နယ် လွှတ်‌တော်အမှတ် ၁ တို့တွင် ကရင်ပြည်သူ့ ပါတီ၊ ကရင်အမျိုး သားပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီတို့ မဲကွဲသွားသည့်အတွက် ရှုံးနိမ့်ရခြင်းဖြစ်ကာ ကရင်ပါတီများ တစ်ခုတည်းဖြစ်ပါက နိုင်ရန် အလားလာရှိသည်ကို ‌တွေ့ရသည်။

ထို့အပြင် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်အထိ ပြုစုထားသည့် အချက်အလက်များအရ သံ‌တောင်ကြီး မြို့နယ်တွင် စုစု‌ပေါင်းလူဦး‌ရေ ၉၁,၄၉၈ ဦးရှိပြီး ကရင်လူဦး‌ရေမှာ ၉၄ ရာခိုင်နှုန်း‌ကျော် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သံ‌တောင်ကြီးတွင်၂၀၁၅ ‌ရွေး‌ကောက်ပွဲ မဲ‌ပေးမှု ရာခှိုင်နှုန်းမှာ အမျိုးသားလွှတ်‌တော်နှင့် ပြည်သူ ့လွှတ်‌တော် တွင် ၇ဝ ရာခိုင်နှုန်း ‌ကျော်ဖြစ်ပြီး၊ ပြည်နယ်လွှတ်‌တော်-၁ တွင် ၆၂ ရာခိုင်နှုန်းနှင့် အမှတ်-၂ တွင် ၇၉ ရာခိုင်နှုန်း ‌ကျော်ရှိသည့်အတွက် မဲ‌ပေးမှုရာခိုင်နှုန်းမှာ ပြည်နယ်တခုလုံးတွင် အ‌ကောင်းဆုံးဟု ဆိုနိုင်သည်။
ထို့အတွက် သံ‌တောင်ကြီးတွင် ကရင်လူဦး‌ရေများခြင်း၊ ကရင်ပါတီတစ်ခုတည်းသာ ပြိုင်မည်ဆိုက ကရင်ပါတီ ကိုသာ အား‌ပေးလိုသည့် ‌ဒေသခံ ကရင်မဲများ ပိုရနိုင်ခြင်း၊ ယခင်‌ရွေး‌ကောက်ပွဲများတွင်လည်း အနိုင်ရဖူးခြင်း စသည့် အ‌ခြေအ‌နေများ‌ကြောင့် ကရင်ပြည်သူ့ပါတီ အ‌နေဖြင့် စည်းရုံး‌ရေးအား‌ကောင်းပါက လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များထက်အနိုင်ရရန်အလားလာ အ‌ကောင်းဆုံး အ‌ခြေ အ‌နေ ရှိသည်ဟု ဆိုနိုင်သည်။

လှိုင်းဘွဲမြို့နယ်
လှိုင်းဘွဲမြို့နယ်၏ ‌ရွေး‌ကောက်ပွဲရလဒ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမျိုသား လွှတ်‌တော် ၂ ‌နေရာ၊ ပြည်သူ့လွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော် ၂ ‌နေရာ စုစု‌ပေါင်း ၅ ‌နေရာ စလုံးကို ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီက အနိုင်ရခဲ့သည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ အဆိုပါ ၅ ‌နေရာ စလုံး NLD က အနိုင်ရသွားသည်။
၂၀၁၅ ‌ရွေး‌ကောက်ပွဲ ကရင်ပါတီများ၏ ရလဒ်များကို ပြန်ကြည့်မည်ဆိုပါက လှိုင်းဘွဲအမျိုးသားလွှတ်‌တော် အမှတ် ၃ တွင် မဲလက်မှတ်‌ပေါင်း ၄,၁၇၂၂ ရှိသည့်အနက် NLD အမတ် ‌စောချစ်ဦးက ၂၀,၉၃၅ မဲ (၅၄.၁၂ ရာခိုင် နှုန်း) ဖြင့် အနိုင်ရခဲ့ပြီး၊ ကရင်ပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ ‌စောဘလွင်က ၄,၂၂၆ မဲ (၁၀.၉၂ ရာခိုင်နှုန်း)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီမှ နန်းနှင်းနှင်း‌ဝေက ၁,၆၅၃ မဲ (၄.၂၇ ရာခိုင်နှုန်း) သာရပြီး ကျန်မဲများကို ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်‌ရေးပါတီ၊ အမျိုးသားတိုးတက်‌ရေးပါတီတို့က ရရှိခဲ့သည်။

အလားတူ လှိုင်းဘွဲအမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် အမှတ် ၄ တွင် မဲလက်မှတ်‌ပေါင်း ၃၂,၂၆၉ ရှိပြီး NLD အမတ်နန်းမိုးမိုး‌ထွေးက ၁၁,၄၁၄ မဲ(၃၉.၀၇ ရာခိုင်နှုန်း) ဖြင့်အနိုင်ရခဲ့သည်။ ကရင်ပါတီများမှာ ကရင်ဒီမိုကရက် တစ်ပါတီမှ ‌စောရဲဝင်းနိုင်က ၃,၃၀၁ မဲ(၁၁.၃ဝ ရာခိုင်နှုန်း)၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ ‌စောအုန်းသင်က ၄,၂၀၂ မဲ (၁၄.၃၈ ရာခိုင်နှုန်း)၊ ကျန်မဲများကို ကြံ့ခိုင်‌ရေး၊ အမျိုးသားတိုးတက်‌ရေးနှင့် အမျိုးသားဒီမိုက‌ရေစီ အင်အားစု ပါတီတို့က အသီးသီးရရှိခဲ့သည်။

လှိုင်းဘွဲ့မြို့နယ်၏ ပြည်နယ်လွှတ်‌တော် -၁ တွင် ကရင်ပါတီ နှစ်ခု‌ပေါင်းမဲမှာ ၁၄ ရာခိုင်နှုန်း‌ကျော်နှင့် အမှတ်-၂ တွင် ၂၆ ရာခိုင်နှုန်း‌ကျော်ရှိသည်ကို ‌တွေ့ရပြီး ပြည်သူ့ လွှတ်‌တော် မဲဆန္ဒနယ်တွင်လည်း ကရင်ပါတီများ ၁၈ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့သည်ကို ‌တွေ့ရသည်။

ထို့အပြင် အ‌ထွေ/အုပ် ၂၀၁၉ စာရင်းများအရ လှိုင်းဘွဲမြို့နယ်တွင် စုစု‌ပေါင်း လူဦး‌ရေ ၂၈၁,၅၃၃ ဦး ရှိသည့် အနက် ကရင် ၂၃၅,၂၄၃ ဦးရှိကာ ၈၃.၅၆ ရာခိုင်နှုန်း ဖြစ်သည်။ ထို့အပြင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် မဲ‌ပေးမှု ရာခိုင်နှုန်းမှာ ၄ဝ ခန့်သာရှိသည်ကို‌တွေ့ရသည်။ လှိုင်းဘွဲတွင် ကရင်မဲဆန္ဒရှင်များပြားမည် ဖြစ်‌သော်လည်း မဲ‌ပေးမှု ရာခိုင်နှုန်းများ‌အောင်လုပ်ရမည့် သ‌ဘောရှိသည်။ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ အ‌နေဖြင့် အနိုင်ရရန် အလားလာ‌ကောင်းများရှိ‌သော်လည်း ကရင်တို့၏ မဲရရန် စည်းရုံး ရမည့်သ‌ဘောရှိသည်။

ဖားအံမြို့နယ်
ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အတွင်း ကိုယ်စားလှယ် အများဆုံးဝင်ပြိုင်ခဲ့သည့် မြို့နယ်မှာ ဖားအံ မြို့နယ် ဖြစ်သည်။ အမျိုးသားလွှတ်‌တော် အမှတ်-၁ တွင် ၁ဝဦး၊ အမှတ်-၂ တွင် ၇ ဦး၊ ပြည်သူ့ လွှတ် ‌တော်တွင် ၉ ဦး၊ ပြည်နယ်အမှတ်- ၁ တွင် ၁၁ ဦး၊ အမှတ် -၂ တွင် ၈ ဦးတို့ ဖြစ်သည်။ သို့‌သော် မဲပြန့် သွားခြင်းမရှိဘဲ NLD ပါတီကသာ ဖားအံတွင် ၄၀-၅ဝ ရာခိုင်နှုန်းကြား မဲရသွားသည်ကို ‌တွေ့ရသည်။
ကရင်ပါတီများအ‌နေဖြင့် ၂၀၁၅ တွင် ဖားအံ၌ မဲဆန္ဒနယ် တစ်ခုလျှင် အနည်းဆုံး ၂ ဦးခန့်ဝင်ပြိုင်‌သော် ပြည် နယ် ၁ တွင် ၁၃ ရာခိုင်နှုန်းခန့်၊ ပြည်နယ် ၂ တွင် ၁၉ ရာခိုင်နှုန်း‌ကျော်၊ ပြည်သူ့လွှတ်‌တော်တွင် ၁၃ ရာခိုင် နှုန်းနှင့် အမျိုးသားလွှတ်‌တော် ၁ တွင် ၁၁ ရာခိုင်နှုန်း‌ကျော်၊ အမျိုးသားလွှတ်‌တော် အမှတ် ၂ ၌ ၁၈ ရာခိုင်နှုန်း ခန့်သာ မဲရသည်ကို‌တွေ့ရသည်။

ဖားအံ၌ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ၅ ‌နေရာတွင် အမျိုးသားလွှတ်‌တော် အမှတ်-၂ တွင်သာရှုံးပြီး ၄ ‌နေရာအနိုင် ရဖူးသည့်အတွက် ကရင်ပါတီတို့ အားနည်းသည်ဟု မဆိုသာ။ သို့‌သော် ၂၀၁၅ ရလဒ်များက အားရဖွယ်မရှိ သလို မဲ‌ပေးမှုရာခိုင်နှုန်းမှာ ၅ဝ ရာခိုင်နှုန်း‌အောက်သာ ဖြစ်သည့်အတွက် မဲ‌ပေးမှုနည်းသည်ကို‌တွေ့ရသည်။
ဖားအံမြို့၏ လူဦး‌ရေမှာ၂၀၁၉ ‌ထွေ/အုပ် စာရင်းအရ ၄၀၉,၂၂ ဦး ရှိပြီး၊ ကရင်လူဦး‌ရေမှာ ၅၆ ရာခိုင်နှုန်းဖြစ် သည်။ ထို့အပြင် ဖားအံသည် ပြည်နယ်မြို့‌တော်ဖြစ်သည့်အတွက် ‌ရွှေ့‌ပြောင်း အလုပ်သမားများလည်းများရှိပြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ရက် ၉ဝ ကြာ‌နေထိုင်ပါက မဲ‌ပေးခွင့်ပြုခြင်းကလည်း ကရင်ပါတီများအတွက် အထိ နာနိုင်သည့် သ‌ဘောဖြစ်‌နေသည်။ ထို့အတွက် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဖားအံ၌ ကရင်ပါတီများ နိုင်‌ခြေရှိ ‌သော်လည်း ကရင်တို့၏မဲ တခဲနက်ရရန်လိုအပ်သည်။

‌ကော့ကရိတ်မြို့နယ်
‌ကော့ကရိတ်မြို့နယ်တွင် ကရင်လူဦး‌ရေ အများအပြားရှိ‌သော်လည်း ‌ရွေး‌ကောက်ပွဲများတွင် ကရင်ပါတီများ အနိုင်မရဖူး‌သေးသည်မှာ ထူးခြားသည်။ ထိုသို့ ကရင်ပါတီများ အနိုင်မရခြင်းမှာ ‌ဒေသတွင်း ကရင်လက်နက် ကိုင်တို့ ကြီးစိုးထားခြင်း၊ ‌ဒေသခံများသည်လည်း ‌ရွေး‌ကောက်ပွဲ ယဉ်‌ကျေးမှုနှင့် မနီးစပ်ခြင်း၊ စသည့် အ‌ထွေ ‌ထွေ‌သော အ‌ကြောင်းအရင်းများ‌ကြောင့်ဟု ဆိုနိုင်သည်။

‌ထွေ/အုပ် ၏ ၂၀၁၉ စာရင်းများအရ ‌ကော့ကရိတ်မြို့နယ်၏ စုစု‌ပေါင်းလူဦး‌ရေ၂၉၂,၉၄၂ ဦးရှိပြီး ကရင်လူဦး‌ရေ မှာ ၅၃ ရာခိုင်နှုန်း‌ကျော်ဖြစ်သည်။ မွန်လူဦး‌ရေသည် ၂၂ ရာခိုင်နှုန်း‌ကျော်နှင့် ဗမာလူဦး‌ရေ ၁၂ ရာခိုင်နှုန်းတို့ ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ‌ကော့ကရိတ်၌ ပြည်နယ်လွှတ်‌တော် အမှတ် -၂ နှင့် အမျိုးသားလွှတ်‌တော် အမှတ်- ၉ တွင် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီကအနိုင်ရပြီး ကျန် ၃ ‌နေရာကို ကြံ့ခိုင်‌ရေးက အနိုင်ရသွားသည်။
‌ကော့ကရိတ်၌ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ NLD က ၅ ‌နေရာစလုံးအနိုင်ရခဲ့‌သော်လည်း ပြည်နယ်လွှတ်‌တော် အမှတ် -၂ တွင် မွန်အမျိုးသားပါတီနှင့် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီတို့ မဲကွဲခြင်း‌ကြောင့်သာ NLD က အနိုင်ရခြင်းဖြစ်ပြီး မွန်နှစ်ပါတီ‌ပေါင်း မဲအ‌ရေအတွက်သည် NLD ထက်ပိုများသည်ကို ‌တွေ့ရသည်။ ၂၀၁၅ မဲ‌ပေး မှုရာခိုင်နှုန်းမှာ ‌ကော့ကရိတ် ပြည်သူ့လွှတ်‌တော်အတွက် ၄၁ ရာခိုင်နှုန်းသာရှိသည်။

‌ကော့ကရိတ်မြို့နယ်အတွင်း ကရင်များ‌နေထိုင်သည့် ‌ဒေသများ၌ ကရင့်လက်နက်ကိုင်များ ကြီးစိုးခြင်း၊ မဲရုံဖွင့် နိုင်မည့် အ‌ခြေအ‌နေ တိတိပပ မသိရခြင်းနှင့် မဲရုံဖွင့်ပါကလည်း မဲဆန္ဒရှင်များ၏ ‌ရွေး‌ကောက်ပွဲအ‌ပေါ် အားသန် မှု နည်းပါးနိုင်ခြင်း၊ ‌ရွေး‌ကောက်ပွဲများတွင် ကရင်ပါတီများမနိုင်ဖူးသည့် အ‌ခြေအ‌နေများ‌ကြောင့် ‌ကော့ကရိတ်၌် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီ အနိုင်ရရန် ရုန်းကန်ရမည့် သ‌ဘောရှိသည်။

ကြာအင်းဆိပ်ကြီး
ပြည်နယ် ‌တောင်ဘက်စွန်းတွင်ရှိသည့် ကြားအင်းဆိပ်ကြီး မြို့နယ်သည် မြို့‌ပေါ်အနီးတဝိုက်နှင့် ‌နေရာအချို့ တွင် အစိုးရအုပ်ချုပ်‌ရေးယန္တရားလည်ပတ်နိုင်‌သော်လည်း နယ်‌မြေအ‌ခြေအ‌နေအရ အချို့‌ဒေသများတွင် အစိုးရ နှင့်‌ကေအဲန်ယူတို့ ‌ရော‌နှောအုပ်ချုပ်သလို အချို့‌နေရာများတွင်မူ ‌ကေအဲန်ယူကထိန်းချုပ်ထားသည်ကို ‌တွေ့ရ သည်။

ကြားအင်းဆိပ်ကြီး၌ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားလွှတ်‌တော် ၂ ‌နေရာ၊ ပြည်နယ် လွှတ်‌တော် အမှတ်-၂၊ အတွက် ကိုယ်စားလှယ်အပြိုင်မရှိ၍ ‌ရွေး‌ကောက်ပွဲ မကျင်းပခဲ့‌သော်လည်း ကိုယ်စားလှယ် အမည်စာရင်း တင်သည့် ကြံ့ခိုင်‌ရေးမှ ၂ ဦးနှင့် ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီမှတဦးကို ကိုယ်စားလှယ် အဖြစ် သတ်မှတ်ခဲ့သည်။ ကျန် ပြည်သူ ့လွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော် အမှတ် ၁ တွင်မူ ကြံ့ခိုင်‌ရေးက အနိုင်ရခဲ့သည်။

၂၀၁၅ ‌ရွေး‌ကောက်ပွွဲ၌ ပြည်နယ်လွှတ်‌တော် အမှတ် ၁ တွင် ကြံ့ခိုင်‌ရေးက အနိုင်ရခဲ့ပြီး ကျန် ၄ ‌နေရာကို NLD က အနိုင်ရခဲ့သည်ကို‌တွေ့ရသည်။ သို့‌သော် ထိုစဉ်က မဲ‌ပေးမှုရာခိုင်နှုန်းမှာ ပြည်နယ်လွှတ်‌တော် အမှတ် ၁ တွင် ၄၇ ရာခိုင်နှုန်း‌ကျော်သည် အများဆုံးဖြစ်သည်ကို‌တွေ့ရသည်။
ထို့အပြင် ‌ထွေ/အုပ် ၏ ၂၀၁၉ စာရင်းများအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စုစု‌ပေါင်းလူဦး‌ရေ ၂၅၈,၁၈၂ ဦး ရှိပြီး ကရင်လူဦး‌ရေမှာ ၅၂ ရာခိုင်နှုန်း‌ကျော်ရှိသည်ကို‌တွေ့ရပြီး ဗမာ ၁၈ ရာခိုင်နှုန်း‌ကျော်နှင့် မွန် ၁၇ ရာခိုင်နှုန်း ‌ကျော်ရှိသည်။

ကရင်လူဦး‌ရေများသည့်အတွက် ကရင်မဲဆန္ဒရှင်များ တခဲနက် ကရင်ပါတီကို မဲ‌ပေးမည်ဆိုပါက ၂၀၂ဝ တွင် ကရင်ပါတီအနိုင်ရရန် အလားအလာ‌ကောင်း‌သော်လည်း ‌ဒေသတွင်း ပါတီနိုင်ငံ‌ရေးစိတ်အားသန်မှုနည်းခြင်း၊ ပြိုင်ဘက်ပါတီများကလည်း အား‌ကောင်းခြင်း စသည့်အ‌ခြေအ‌နေများက ‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် သက် ‌ရောက်မှု ရှိမည်ဖြစ်သည်။

မြဝတီမြို့နယ်
မြဝတီမြို့နယ်သည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်‌ရေး ဒုတိယ အကြီးဆုံးမြို့ ဖြစ်သည်နှင့်အညီ အလွှာစုံ ‌ရွှေ့ ‌ပြောင်း အလုပ်သမားအများအပြားရှိသည်ကို‌တွေ့ နိုင်သည်။ သို့‌သော် ‌ထွေ/အုပ်၏ ၂၀၁၉ စာရင်းများအရ စုစု‌ပေါင်း လူဦး‌ရေ ၁၃၉,၅၁ဝ ဦးရှိပြီး ကရင်လူဦး‌ရေမှာ ၄၂ ရာခိုင်နှုန်း‌ကျော်နှင့် ဗမာလူဦး‌ရေမှာ ၄၁ ရာခိုင်နှုန်း ‌ကျော်ရှိသည်။
၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်လွှတ်‌တော် အမှတ် ၁ တွင် ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေး ပါတီက အနိုင်ရခဲ့ပြီး ကျန် ၃ ‌နေရာကို ကြံ့ခိုင်‌ရေးက အနိုင်ရသွားသည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ NLD က ၄ ‌နေရာစလုံးရာနှုန်းပြည့် အနိုင်ရခဲ့သည်။

လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင်လည်း NLD ပါတီမှ လက်ရှိ အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အမျိုးသားလွှတ်‌တော်မဲဆန္ဒနယ်တွင် ဝင်ပြိုင်ဦးမည်ဖြစ်သည့်အတွက် NLD ပါတီက အား‌ကောင်း‌နေသည်ကို ‌တွေ့ရသည်။ ထို့အပြင် ကရင်ပါတီအ‌နေဖြင့် ကရင်မဲကိုသာ အားကိုးရမည့် အ‌ခြေအ‌နေရှိသလို မြဝတီတွင် ‌ရွှေ့ ‌ပြောင်းလုပ်သားများပြားခြင်း ပြိုင်ဘက်ပါတီများက အား‌ကောင်းခြင်း စသည့်အ‌ခြေအ‌နေများ‌ကြောင့် ကရင်ပါ တီတို့ အနိုင်ရရန် မလွယ်ကူ‌သော်လည်း အားစိုက်စည်းရုံးရမည် ဖြစ်သည်။

ဖာပွန်
ဖာပွန်မြို့နယ်တွင် အမျိုးသားလွှတ်‌တော် ၂ ‌နေရာ၊ ပြည်သူ့လွှတ်‌တော် ၁ ‌နေရာနှင့် ပြည်နယ် လွှတ်‌တော် ၂ ‌နေရာရှိသည့်အနက် ၂၀၁ဝနှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ရာနှုန်း ပြည့် အနိုင်ရရှိထားသည်။

ထိုသို့ အနိုင်ရရန် ‌ဒေသတွင်း အ‌ခြေအ‌နေက ဖန်တီးထားသည်ဟု ဆိုနိုင်သည်။ အဘယ်‌ကြောင့် ဆို‌သော် ဖာပွန်တွင် အစိုးရ အုပ်ချုပ်‌ရေးယန္တရား အပြည့်အဝလည်ပတ်နိုင်သည်မှာ မြို့‌ပေါ်နှင့် အနီးတဝိုက်သာဖြစ်ပြီး မဲဆန္ဒရှင်များသည်လည်း အစိုးရ စစ်တပ်နှင့် ဝန်ထမ်းများသာများသည့်အတွက်‌ကြောင့်ဟု ဆိုနိုင်သည်။

သို့‌သော် ‌ထွေ/အုပ်၏ ၂၀၁၉ စာရင်းများအရ ၁၂၂,၁၇၈ ဦးရှိပြီး ကရင်လူဦး‌ရေမှာ ၇၇ ရာခိုင်နှုန်းရှိသည်ကို ‌တွေ့ရသည်။ လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဖာပွန်၌ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် တစ်‌နေရာ၊ ပြည်သူ့ လွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော် စုစု‌ပေါင်း ၄ ‌နေရာရှိသည့်အနက် ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီက ပြည်နယ် အမှတ် ၁ တွင် ဝင်ပြိုင်မည်မဟုတ်ဘဲ ကျန် ၃ ‌နေရာဝင်ပြိုင်မည်ဖြစ်သည်။ သို့‌သော် ဝန်ထမ်း မဲဆန္ဒရှင်များခြင်း၊ ကရင်တို့ရှိသည်‌နေရာများတွင် မဲရုံဖွင့်နိုင်မည့် အ‌ခြေအ‌နေနည်း‌နေ‌သေးခြင်း စသည့်အတွက် အနိုင်ရရန်မှာ စည်းရုံး‌ရေး အားကုန်စိုက်ရမည့် အ‌ခြေအ‌နေဖြစ်သည်။

မှီငြိမ်း-https://www.uec.gov.mm/
http://www.gad.gov.mm