Home သတင်း ငြိမ်းချမ်း‌ရေး ဖြစ်စဉ် သုံးသတ်ပြီး‌နောက် ဆက်သွားရန် KNU အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ဆုံးဖြတ်

ငြိမ်းချမ်း‌ရေး ဖြစ်စဉ် သုံးသတ်ပြီး‌နောက် ဆက်သွားရန် KNU အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ဆုံးဖြတ်

1870

ဇူလိုင်၂၄ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို ‌ဆွေး‌နွေးသုံးသတ်ပြီး‌နောက် ဆက်သွားရန် ဇူလိုင် ၂၁ မှ ၂၃ ရက်ထိ ‌လောခီးလာ၌ ကျင်းပသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၆ ကြိမ်‌မြောက် ကွန်ဂရက်အပြီး ၇ ကြိမ်‌မြောက် အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်ဟု ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းက ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါအ‌ရေး‌ပေါ် အစည်းအ‌ဝေးသို့ အမြဲတမ်း ဗဟို‌ကော်မတီဝင် ၃၉ ဦးနှင့် အထူဖိတ်ကြားသူ ၇ ဦး တက် ‌ရောက်ခဲ့သည်။ အစည်းအ‌ဝေးတွင် လတ်တ‌လောအ‌ကောင် အထည်‌ဖော် လုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံအတွက် ‌ဆွေး‌နွေး ‌ဆောင်ရွက်ခဲ့သည် များကို ပြန်လည် တင်ပြလာမှုအ‌ပေါ် ဝိုင်းဝန်း‌ဆွေး‌နွေးသုံးသပ်ပြီး‌နောက် ဆက်သွားရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

” လက်ရှိ ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့ ‌နေရာမှာ နိုင်ငံ‌ရေး အ‌ခြေအ‌နေ ရင်ဆိုင်‌နေရတဲ့ အခက်အခဲ ‌တွေကို ဒါ‌တွေကိုတင်ပြတယ်။ ဒါ‌တွေကို သုံးသပ်ပြီး (EC)က ဆုံးဖြတ်ပြီး‌တော့ ဗဟို‌ကော်မတီက ‌မေးမြန်းပြီး‌တော့ ကျ‌နော်တို့ အတည်ပြုခဲ့တယ်” ဟု ‌ကေအဲန်ယူ၊ ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဩဂုတ်လအတွင်း ကျင်းပမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ (၂၁ရာစု ပင်လုံ)စတုတ္ထအကြိမ် ‌မြောက် အစည်းအ‌ဝေးပွဲအတွက် ဦး‌ဆောင်‌ကော်မတီများ၏ ‌ဆွေး‌နွေးခဲ့သည့် ပြည်‌ထောင်စု သ‌ဘောတူညီချက် ဆိုင်ရာအချက်များနှင့်ပတ်သက်ပြီး ယခု အစည်းအ‌ဝေးတွင် ပြန်လည်း စုစည်းတင်ပြ ‌ဆွေး‌နွေးပြီး ‌ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခဲ့‌ကြောင်း ‌ကေအဲန်ယူထံမှ သိရသည်။

ညီလာခံတွင် ပြည်‌ထောင်စု သ‌ဘောတူညီချက် အစိတ်အပိုင်-၃ ကို ချုပ်ဆိုနိုင်‌ရေး လက်ရှိတွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ NCA အ‌ကောင်အထည် ‌ဖော်မှုဆိုင်ရာညှိနှိုင်း‌ရေး အဖွဲ့နှင့် အစိုးရတို့ အကြား ‌ဆွေး‌နွေးမှုများ ဆက်လုပ်ဆဲ ဖြစ်သည်။

ပြည်‌ထောင်စု သ‌ဘောတူညီချက် အစိတ်အပိုင်း-၃ တွင် အပိုင်း (၃)ပိုင်း ပါဝင်သွားမည်ဖြစ်ပြီး NCA အ‌ကောင် အထည်‌ဖော်မှုဆိုင်ရာ မူ‌ဘောင်ချမှတ်ခြင်း၊ ၂၀၂ဝ အလွန် ဒီမိုက‌ရေစီဖက်ဒရယ် တည်‌ဆောက်‌ရေး အစဉ်လိုက် လမ်းစဉ်နှင့် အဆင့်လိုက် အ‌ကောင်အထည်‌ဖော်မှုအပိုင်းအပြင် ဖက်ဒရယ်အ‌ခြေခံမှု လမ်းညွန်ကို ညှိနှိုင်း သ‌ဘော တူချက်ရယူပြီး ညီလာခံ၌ အတည်ပြုမှုကာ ‌နောင်တက်လာမည့် အစိုးရကဆက် အ‌ကောင်အထည် ‌ဖော်သွားနိုင်‌ရေး စသည့် အပိုင်းများ ပါဝင်သည်။

အလားတူ EAO အဖွဲ့များ၏ NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မူ‌ဘောင်ညှိနှိုင်း‌ရေးအဖွဲ့ မျက်နှာစုံညီအစည်း အ‌ဝေးပွဲကို ဇူလိုင်၂၃မှ ၂၄ ရက်ထိ ရန်ကုန်တွင်ကျင်းပခဲ့သည်။ ထို့‌နောက် ဇူလိုင် ၂၅ မှ ၂၇ ရက်ထိ အစိုးရ ညှိနှိုင်း‌ရေး အဖွဲ့နှင့် NCA –S EAO ညှိနှိုင်း‌ရေးအဖွဲ့တို့ ထပ်မံ ‌ေ‌ဆွေး‌နွေးညှိနှိုင်းကြမည်ဖြစ်သည်။ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံကို ဩဂုတ် ၁၃ ရက် တွင် ကိုယ်စားလှယ် ၂၃ဝဦးဖြင့် ကျင်းပသွားရန် ယ‌နေ့ မျက်နှာစုံလင် အစည်းအ‌ဝေးအပြီး လျာထား ခဲ့သည်။

သုံးရက်ကြာ ပြုလုပ်ခဲ့သည့် KNU အ‌ရေး‌ပေါ် အစည်းအ‌ဝေးပွဲ၌ လက်ရှိငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်နှင့် ပြည် ‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ကိစ္စရပ်များအ‌ပေါ် အားနည်းချက် ၊အားသာချက်များနှင့် စိန်‌ခေါ်မှုများကို ‌ဆွေး‌နွေးခဲ့ကြသလို အဖွဲ့အစည်းအတွင်း ‌ဆွေး‌နွေးရမည့် ကိစ္စရပ်များကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်။

ထို့အပြင် KNU အ‌နေဖြင့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းဆိုင်ရာ၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးခြင်းဆိုင်ရာ ဆက်လက် အ‌ကောင်အထည် ‌ဖော်မှုများပြုလုပ်သွားရာတွင် မိမိ၏ ကရင်ပြည်သူများနှင့်အတူ အခြား‌သော တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ နိုင်ငံ‌ရေး အင်အားစုများနှင့် လူမှုအဖွဲ့အစည်း များနှင့်ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း KNU၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။