Home သတင်း ဇွဲကပင်‌တောင်တက်သည့် လူငယ်တစ်ဦး ထပ်မံ‌ပျောက်ဆုံးသွားသည့်အတွက် စတင်ရှာ‌ဖွေ‌နေ

ဇွဲကပင်‌တောင်တက်သည့် လူငယ်တစ်ဦး ထပ်မံ‌ပျောက်ဆုံးသွားသည့်အတွက် စတင်ရှာ‌ဖွေ‌နေ

3205
Photo: မီးသတ်ဦးစီးဌာန fb

ဇူလိုင် ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် အထင်ကရ ဇွဲကပင်‌တောင်‌ပေါ်သို့ တက်သွားသည့် လူငယ်အမျိုးသားတစ်ဦး ထပ်မံ ‌ပျောက်ဆုံး‌နေသည့်အတွက် ပြည်နယ် မီးသတ်တပ်ဖွဲ့များက ယ‌နေ့ မွန်းလွဲ တစ်နာရီခန့်တွင် ဇွဲကပင် ‌တောင်‌ပေါ်သို့တက်‌ရောက်၍ ရှာ‌ဖွေ‌နေသည်ဟု ပြည်နယ် မီးသတ်ဌာနက ‌ပြောသည်။

ဇွဲကပင်‌တော်‌ပေါ်တွင် ‌ပျောက်ဆုံးသွားသည့် လူငယ်သည်၊ ဖားအံတက္ကသိုလ် ဘူမိ‌ဗေဒ၊ ပထမနှစ် ‌ကျောင်းသား ခွန်မင်း‌မော်ကွန်းဖြစ်သည်ဟု သတင်းထွက်‌ပေါ်‌နေသလို သူ့မိဘများထံ ‌ရေးသားထားသည့် စာတစ်‌စောင် ကျန်ခဲ့သည်ဟု ကနဦးသိရသည်။

ဇွဲကပင်‌တောင်‌ခြေ အ‌ရှေ့ဘက်တွင် အဆိုပါ လူငယ်အသုံးပြုသည့် အိတ်တစ်လုံး၊ ဆိုင်ကယ်တစ်စီးကျန်ရှိပြီး ယင်းပစ္စည်းများသည် ‌ပျောက်ဆုံးသွားသည့် လူငယ်၏ ပစ္စည်းဖြစ်သည်ဟု လူငယ်မိသားစုက အတည်ပြုထား ‌ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးဝင်းက ‌ပြောသည်။

“ခုန်ချတယ်လို့ မှန်းဆတာ‌ပေါ့။ ‌သေချာ‌တော့မသိ‌သေးဘူး။ ရဲအဖွဲ့ကလည်း ပတ်ဝန်းကျင်သတင်း‌တွေနဲ့ သူတို့ ရဲ့ ‌ဆွေမျိုးသားချင်းသတင်း‌တွေ‌တော့ စုထားတယ်။ သူချန်ထားတဲ့စာရယ်၊ သူ့ပစ္စည်း‌တွေအားလုံး စုထား တယ်။ အဲဒါ‌တွေအ‌ပေါ် ကြည့်ခြင်းအားဖြင့် ခုန်ချတယ်လို့ ယူဆရတဲ့အတွက် ဒီ‌နေ့ ‌နေ့လယ်မှာ စတင် ရှာ‌ဖွေ တာ”ဟု ဦးစိုးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူငယ်သည် ယ‌နေ့နံနက် ၇နာရီခန့်တွင် ဇွဲကပင်‌တောင်‌ပေါ်သို့ တက်သွားပြီး ပြန်ဆင်းလာခြင်း မရှိ သည့်အတွက် မိဘများက လာ‌ရောက်တိုင်ကြားခြင်း‌ကြောင့် ယခုလို ရှာ‌ဖွေကယ်ဆယ်‌ရေးလုပ်ငန်းများကို ဌာန ဆိုင်ရာများနှင့် ကူညီကယ်ဆယ်‌ရေးသမားများ ‌တောင်‌ပေါ်သို့ တက်‌ရောက်ရှာ‌ဖွေ‌နေပြီး သတင်း‌ရေးချိန်ထိ ‌တွေ့ရှိခြင်းမရှိ‌သေး‌ကြောင်း ကနဦး သတင်းရရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန် ၂၅ ရက်‌နေ့တွင် ဖားအံတက္ကသိုလ်‌ကျောင်းသူတစ်ဦး ဇွဲကပင်‌တောင်‌ပေါ်သို့ တစ်ဦး တည်း တက်‌ရောက်ပြီး ခုန်ချခဲ့သဖြင့် ‌သေဆုံးသွားသည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့‌သေးသည်။