Home သတင်း ရန်ကုန်နှင့် မွန်ကရင်ဝန်ကြီးနှစ်ဦး ‌ရေးရာ‌နေရာအတွက် ပြန်‌လျှောက်ထားခြင်းမရှိ

ရန်ကုန်နှင့် မွန်ကရင်ဝန်ကြီးနှစ်ဦး ‌ရေးရာ‌နေရာအတွက် ပြန်‌လျှောက်ထားခြင်းမရှိ

4084

ဇွန်လ ၁၅ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့၏ လက်ရှိ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးများဖြစ်သည့် ‌စော‌အောင်မြင့်ခိုင်နှင့် ‌နော်ပန်းသဉ်ဇာမျိုးတို့သည့် အဆိုပါ ‌နေရာများအတွက် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပြန်အ‌ရွေးခံ‌တော့မည့် မဟုတ်‌ကြောင်း ‌ကေအိုင်စီသို့ ဇွန် ၁၅ ရက်‌နေ့တွင် အတည်ပြု‌ပြောကြားသည်။

“ ကျမ ရန်ကုန်တိုင်းရဲ့ ကရင်‌ရေးရာဝန်ကြီး‌နေရာအတွက် ‌လျှောက်လွှာပြန်မတင် ဖြစ်ဘူး”ဟု ဝန်ကြီး ‌နော် ပန်းသဉ်ဇာမျိုးက ‌ပြောသည်။ သူမသည် လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့တွင် ကရင့်‌ရေးရာအပြင် ဟိုတယ်နှင့် ခရီး နှင့် ပြန်ကြား‌ရေးဌာနတို့ကိုလည်း တာဝန်ယူထားသူတစ်ဦးဖြစ်‌ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်သည်လည်း မွန်ပြည်နယ် ကရင်‌ရေးရာဝန်ကြီး ‌နေရာကို ပြန်အ‌ရွေးခံ‌တော့မည်မဟုတ်‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ အဓိက က‌တော့ ကိုယ်ဘာလုပ်‌ပေးနိုင်လဲ၊ ကိုယ်ဘာလုပ်ချင်လဲ၊ ကိုယ်ဘယ်‌နေရာနဲ့ သင့်‌တော်လဲဆိုတဲ့ အ‌ပေါ်မှာပဲ ဆုံးဖြတ်လိုက်တာပါ။ ပါတီက တာဝန်‌ပေးမယ်ဆိုရင်‌တော့ အခြား‌နေရာမှာ ပြန်တာဝန်ထမ်း‌ဆောင် သွားဖို့‌တော့ ရှိပါတယ်” ဟု ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ပြောသည်။

ယခုလို ဝန်ကြီး ‌စော‌အောင်မြင့်ခိုင် ‌ရေးရာ‌နေရာ ပြန်မဝင်‌တော့သည့်အတွက် မွန်ပြည်နယ် ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး‌နေရာကို ‌ပေါင်မြို့နယ်သား ‌ဒေါက်တာ ‌စောသာစိန်က အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ်အတွင်းရှိ ကရင်အသိုင်းအဝိုင်းက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး ‌နေရာကို ရန်ကုန်တိုင်း‌ဒေသကြီး အ မျိုးသမီး အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် တစ်ဦးဝင်ပြိုင်ဖွယ်ရှိသည်ဟု သတင်း‌ပေါ်ထွက်‌နေ‌သော်လည်း ‌ကေအိုင်စီက သီးခြား အတည်ပြုချက်မရရှိဖြစ်‌နေသည်။

ယခုလို မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့မှ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများ ပြန်အ‌ရွေးခံရန် အ ဆို မပြု‌တော့သည့်အတွက် အဆိုပါ‌နေရာများတွင် ကရင်‌ရေးရာ ဝန်ကြီးသစ်များကို လာမည့် ၂၀၂ဝ ‌ရွေး ‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသားတို့ ‌ရွေးချယ်သွားရမည်ဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ် ပြင်ပ မွန်ပြည်နယ်၊ တနသင်္ာရီ၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင် ကရင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ၅ ဦးရှိပြီး ၎င်းတို့ အားလုံးသည် NLD ပါတီဝင်များ ဖြစ်သည်။