Home သတင်း ဖားအံ‌တောင်ဝိုင်းကိုည‌နေ ၅ နာရီမှစ၍ တက်‌ရောက်ခွင့် ပိတ်ပင်

ဖားအံ‌တောင်ဝိုင်းကိုည‌နေ ၅ နာရီမှစ၍ တက်‌ရောက်ခွင့် ပိတ်ပင်

3398

ဇွန်လ၂၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

လူအများ‌ဘေးကင်းလုံခြုံ‌ရေးကို‌ရှေးရှု၍ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိအထင်ကရ‌နေရာတစ်ခုဖြစ်သည့် ‌တောင်ဝိုင်း‌တောင်ကိုည‌နေ ၅ နာရီမှစ၍ ညအချိန် တက်‌ရောက်ခွင့်အားဇွန်လ ၁၆ ရက်‌နေ့ကပိတ်ပင်လိုက်ပြီဖြစ်‌ကြောင်းတာဝန်ရှိသူများထံမှ သိရသည်။

‌တောင်ဝိုင်း‌တောင်တွင် ‌လှေကားမ‌ကောင်းမွန်‌သေးခြင်း၊ မီးမရှိ‌သေးခြင်းများ‌ကြောင့် ညအချိန် မ‌ပေးတက်ခြင်းဖြစ်‌ကြောင်း‌တောင်ဝိုင်းကြည့်ရှု‌စောင့်‌ရှောက်‌ရေးလူငယ်အဖွဲ့‌ခေါင်း‌ဆောင် ‌စောသာဆိန့်‌ဖောင်ကယခုလို‌ပြောသည်။

၎င်းက “‌တောင်ဝိုင်းနဲ့ ဇွဲကပင်ကမတူပါဘူး။ ဇွဲကပင်က‌လှေကားထစ်‌တွေကျယ်ပြီး‌ကောင်းမွန်တယ်။ ‌တောင် ဝိုင်းက‌ကျောက်‌တွေနဲ့ပဲစီထားတဲ့အတွက် မီးမပါရင်‌သေချာမမြင်ရပါဘူး။ ‌ချောတဲ့အပိုင်းလည်းရှိ‌တော့ ညပိုင်းတက်ရင် အန္တရာယ်ရှိလို့ ည‌နေ ၅ နာရီ‌နောက်ပိုင်းမတက်တာ‌ကောင်းပါတယ်။မနက်၊ ‌နေ့လည်ကကြိုက်တဲ့ အချိန် တက်လို့ရပါတယ်။” ဟုယ‌နေ့(ဇွန် ၂၂ ရက်)တွင် ‌ကေအိုင်စီသို့‌ပြောသည်။

‌မေလ ၂၇ ရက်၊ မွန်းလွဲပိုင်းအချိန်ကအမျိုးသမီးတစ်ဦး‌တောင်ဝိုင်းသို့တက်ရင်းမူး‌မေ့လှဲကျခြင်း‌ကြောင့် လူမှုကယ်ဆယ်‌ရေးအဖွဲ့များကထမ်းစင်ဖြင့် သွား‌ရောက်ကူညီခဲ့ဖူးသလိုလွန်ခဲ့‌သော ၂ လခန့်က နိုင်ငံခြားသူတစ်ဦးလည်း‌ချော်လဲပြီး‌ခြေ‌ထောက်ကျိုးခဲ့ဖူးသည့် ဖြစ်စဉ်များရှိခဲ့‌ကြောင်း‌စောသာဆိန့်‌ဖောင်ကဆက်‌ပြောသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုများမှ လည်ပတ်မှုများပြား‌နေ‌သောအဆိုပါ‌တောင်ဝိုင်း‌တောင်သို့ တက်သည့်အခါ အမှိုက်များကိုစနစ်တကျစွန့်ပစ်‌ပေးပါရန်၊ သက်သတ်လွတ်နယ်‌မြေဖြစ်သည့်အတွက် အသားငါးများ‌တောင်ထိပ်သို့ယူငင်သွားခြင်းမပြုပါရန် စသည့်စည်းကမ်းချက်များလိုက်နာ‌ပေး‌စေလို‌ကြောင်းတာဝန်ရှိသူများက ‌ပြောသည်။

၂၀၁၆ ခုနှစ်မှ စတင်၍ လူသိများလာ‌သောအဆိုပါ‌တောင်ဝိုင်း‌တောင်ကို နှစ်စဉ် ပွင့်လင်းရာသီမှစ၍ မိုးဦးကျအထိလာ‌ရောက်လည်ပတ်သူများပြားပြီးမိုးတွင်း၌ နည်း‌ကြောင်း‌တောင်ဝိုင်း‌တောင်တာဝန်ရှိသူများထံမှ သိရသည်။