Home သတင်း တပ်မ‌တော်၏ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

တပ်မ‌တော်၏ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

4334

ဇွန် ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖာပွန်‌ဒေသတွင် မြန်မာ့တပ်မ‌တော် လက်‌အောက်ခံတပ်ရင်းမှ ‌ဒေသခံ‌ကျေးရွာများထဲသို့ လက် နက်ကြီး ပစ်ခတ်မှု‌ကြောင့် ယမန်‌နေ့ ဇွန်လ ၂ရက်‌နေ့က ‌ဒေသခံရွာသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီး စပ်ရာ ‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့ရ‌ကြောင်း ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

မူတ‌ရော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ‌မော‌လော်ကလိုး‌ကျေးရွာအနီးတွင် ယမန်‌နေ့က တပ်မ‌တော်နှင့် KNLA တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားရာတွင် ‌မော‌လော်ကလိုး ‌ကျေးရွာအ‌နောက်ဘက်ရှိ ဝါးကလိုး ထ‌ကျေးရွာသို့ တပ်မ‌တော် အမှတ်(၈) စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ် လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၄၁၀) စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု‌ကြောင့် ဝါးကလိုးထ‌ကျေးရွာ ‌ဒေသခံ သားအဖနှစ်ဦးကို ထိမှန်ခဲ့‌ကြောင်း အမည်မ ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို‌ပြောသည်။

“မ‌နေ့က ၂ နာရီ‌ကျော်‌လောက်မှာ KNLA နဲ့ ပစ်ကြတာ။ အဲ့ဒါ သူတို့ (စစ်တပ်) ဘက်က လက်နက်ကြီး ၂လုံး ပစ်လိုက်တာ ရွာထဲကို ကျပြီး ရွာထဲက သားအဖနှစ်ဦးကို သွားထိတာပဲ။ သူတို့ကို ကမ‌မောင်း‌ဆေးရုံကို ပို့လိုက်တယ်” ဟု ၎င်း‌ဒေသခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လက်နက်ကြီးထိမှန်သူ သားအဖနှစ်ဦးမှာ အသက် (၅၂) နှစ်အရွယ် ‌စောဖားပို‌ကေးနှင့် ၎င်း၏ သမီး ဖြစ်သူ အသက် (၁၆)နှစ်အရွယ် ‌နော်‌မေရီတို့ ဖြစ်ကြသည်ဟုလည်း အဆိုပါ ‌ဒေသခံက ဆက်‌ပြောသည်။

ယင်း ‌ဒေသခံ ‌ကျေးရွာသားနှစ်ဦး လက်နက်ကြီးထိမှန်ပြီး ကမ‌မောင်း ‌ဆေးရုံသို့ လာ‌ရောက်ပို့‌ဆောင်ကုသခဲ့ ‌ကြောင်း ကမ‌မောင်း‌ဆေးရုံတွင် တာဝန်ကျ‌နေသည့် အမည်မ‌ဖော်လိုသူ ကျန်းမာ‌ရေး ဝန်ထမ်းတစ်ဦးကလည်း ‌ကေအိုင်စီသို့ အတည် ပြု‌ပြောဆိုသည်။

၎င်းက “မိုင်း အစထိတာ။ ရွာသားပဲ၊ သူ့အ‌ဖေနဲ့ သမီးနဲ့။ သူ့အ‌ဖေက ‌ခြေ‌ထောက်မှာထိတာ၊ သူ့သမီးက လက်မှာထိတာ။ သိပ်‌တော့ ဆိုးဆိုးဝါးဝါးမဖြစ်ဘူး။ ဒီ‌နေ့မနက် ‌ဆေးရုံက‌တောင် ဆင်းသွားပြီး။ ‌ရေပူရွာက လို့‌တော့ ‌ပြောတယ်။ က‌လေးမ‌လေးက ၁၃ နှစ်ပဲရှိ‌သေးတယ်”ဟု ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ‌ဒေသခံ ထိခိုက်ခံရမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)၊ မူတ‌ရော်(ဖာပွန်) ခရိုင်မှ ‌မြေပြင်သတင်းမတက်လာ‌သေး‌သော‌ကြောင့် တစုံတရာ မသိရှိရ‌သေး‌ကြောင်း ‌ပြောဆိုသလို တပ်မ‌တော် တာဝန်ရှိသူဘက်ကိုလည်း ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။

လတ်တ‌လောကာလတွင်လည်း KNU တပ်မဟာ (၅) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာ တပ်မ ‌တော် လက်‌အောက်ခံတပ်ရင်းတို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဆက်လက်ဖြစ်ပွား‌နေပြီး ပြီးခဲ့သည့် လတွင်လည်း အရပ်သားထိခိုက်မှု ထွက်‌ပြေးတိမ်း‌ရှောင်ရမှုရှိခဲ့‌ကြောင်း ‌ဒေသတွင်း သတင်းအရင်း အမြစ်များ ထံမှ သိရသည်။

အလားတူ KNU ၏ တပ်မဟာ ၅ နှင့် တပ်မဟာ ၇ ထိစပ်နယ်‌မြေများတွင် ပြီးခဲ့သည့် ဧပြီလ နှင့် ‌မေလအတွင်း တပ်မ‌တော်မှ တပ်အင်အားသစ်များ ထပ်မံတိုးချဲ့ထားမှု လုပ်‌ဆောင်လာသလို စစ်‌ရေးလှုပ်ရှားမှုများ လုပ် ‌ဆောင်ခြင်း‌ကြောင့် ‌ဒေသခံ‌ကျေးရွာသား ၁၃ဝ ‌ကျော် တိမ်း‌ရှောင်မှုများပြုလုပ်ခဲ့ရ‌ကြောင်း KNLA-ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်က ‌မေလ ၂၉ရက်‌နေ့က သတင်း ထုတ်ပြန်ခဲ့‌သေးသည်။