Home သတင်း COVID-19 စစ်‌ဆေးစခန်း မီးရှို့ဖျက်ဆီးခံရမှုအ‌ပေါ် JMC-S သို့ KNU တိုင်ကြားစာ‌ပေးပို့

COVID-19 စစ်‌ဆေးစခန်း မီးရှို့ဖျက်ဆီးခံရမှုအ‌ပေါ် JMC-S သို့ KNU တိုင်ကြားစာ‌ပေးပို့

5614

‌မေလ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)အ‌နေဖြင့် ‌မေလ ၆ ရက်‌နေ့က ၎င်းတို့၏ COVID-19 စစ် ‌ဆေး‌ရေးစခန်း (၂)ခုကို တပ်မ‌တော်က ဝင်‌ရောက် မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ(JMC-S)ကို ယ‌နေ့ (‌မေ ၈ရက်) တိုင်ကြားစာ ‌ပေး ပို့လိုက်သည်။

‌ကေအဲန်ယူအ‌နေဖြင့် ၎င်းတို့ထိန်းချုပ်နယ်‌မြေအတွင်း ကျန်းမာ‌ရေး လုပ်ငန်းများအ‌ကောင်အထည်‌ဖော်‌ဆောင် ရွက်‌နေစဉ် မြန်မာ့တပ်မ‌တော် အမှတ်(၈) စစ်ဆင်ကွပ်ကဲ‌ရေး ဌာနချုပ်၏ လက်‌အောက်ခံ ‌ခြေမြန်တပ် ရင်း (ခမ ရ-၄၀၅)၏ ယာယီ တပ်ရင်းမှူး လှိုင်ထွန်းဦး‌ဆောင်သည့် အင်အား (၂၀)ခန့်က ‌ကေအဲန်ယူ ကျန်းမာ‌ရေး ဝန် ထမ်းများ စိုက်ထူထားသည့် ကျန်းမာ‌ရေး အသိပညာ‌ပေးဆိုင်းဘုတ်များနှင့် ကျန်းမာ‌ရေး စစ်‌ဆေး‌ရေး ဂိတ် တဲများကို မီးရှို့ဖျက်ဆီးမှုများနှင့် ရန်‌ထောင်ခြိမ်း‌ခြောက်မှုများပြုလုပ်ခဲ့‌ကြောင်း တိုင်ကြားစာ၌ ‌ဖော်ပြထားသည်။

ထိုသို့ ဝင်‌ရောက်ဖျက်ဆီးခံရမှု‌ကြောင့် ‌ကေအဲန်ယူ၏ လုံခြုံ‌ရေး တပ်ဖွဲ့ဝင်များနှင့် (ခမရ-၄၀၅) တပ်ရင်းတို့ အ ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သလို (ခမရ-၄၁၀) တပ်ရင်းတပ်ဖွဲ့များနှင့်လည်း ၎င်း‌နေ့တွင် လည်း ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စုစု‌ပေါင်း ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့‌ကြောင်း ‌ကေအဲန်ယူဘက်က ဆို သည်။

ထို့အပြင် ၎င်းတို့၏ ကပ်‌ရောဂါ ကြိုတင်ကာကွယ်တားဆီးမှုအ‌ပေါ် တပ်မ‌တော်ဘက်မှ ယခုလို ပိတ်ပင်တားမြစ် မှုများနှင့် ခြိမ်း‌ခြောက်ရန်ပြုမှုများပြုခြင်းသည် ‌ဒေသခံ ကရင်ပြည်သူများအ‌ပေါ် မမှန်ကန်သည့် သ‌ဘောထား များဖြင့် ‌ရောဂါကူးစက်ပြန့်ပွား‌စေလိုသည့် သ‌ဘော‌ဆောင်‌နေ‌ကြောင်း၊ နိုင်ထက်စီးနင်း၍ ဝင်‌ရောက်ဖျက်ဆီး မှု များနှင့် ခြိမ်း‌ခြောက်မှုများ‌ကြောင့် ယခုလို ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်မှုများဖြစ်ပွားရခြင်း ဖြစ်သည်ဟု တိုင်ကြား စာ၌ ဆိုထားသည်။

ထို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံ‌ရေး နှင့် နယ်စပ်‌ရေးရာဝန်ကြီးအ‌နေဖြင့် မလိုလားအပ်သည့် ထိပ် တိုက်ပစ်ခတ်မှုများ ‌နောက်ထပ်မဖြစ်ပွား‌စေရန် လက်‌အောက်ခံ တပ်များကို ထိန်းသိမ်းကြပ်မတ်သွားရန် JMC-S မှ တဆင့် တိုင်ကြားလိုက်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ (၅) ဌာနချုပ်က ဆိုသည်။

၎င်းမီးရှို့ဖျက်ဆီးမှုဖြစ်စဉ်မှာ ‌မေလ (၆)ရက်‌နေ့က မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုမြို့နယ်၊ ‌လေးဖိုထ‌ကျေးရွာ အုပ်စု၊ ဝါသိုးခို‌ကျေးရွာနှင့် ကတိုင်တိ ‌ကျေးရွာအုပ်စု၊ ဖားလုံးကြီး လမ်းဆုံတို့တွင် ‌ကေအဲန်ယူ ကျန်းမာ ‌ရေးဝန် ထမ်းများနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့မှ ၎င်းတို့ ထိန်းချုပ်နယ်‌မြေများအတွင်း ကိုဗစ်‌ရောဂါ ကူးစက် ပြန့်ပွားမှုမရှိ‌စေရန် ‌ကေအဲန်ယူ ဗဟို၏ ညွှန်ကြားမှုနှင့်အညီ လိုအပ်သည့် ကျန်းမာ‌ရေး စစ်‌ဆေးမှုများ လုပ်‌ဆောင်‌နေစဉ် ၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် (ရတခ)၏ ‌ပြောခွင့်ရ ဗိုလ်မှူးကြီး ‌မောင်‌မောင်လတ် က ၎င်းကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရှိ‌သေး‌ကြောင်း ယမန်‌နေ့( ‌မေ ၇ရက်) က ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

၎င်း ကျန်းမာ‌ရေး ဂိတ်တဲများ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်‌ကြောင့် ‌မေလ ၆ ရက်‌နေ့က နှစ်ဖက်တပ်အကြား ဖြစ်ပွားခဲ့ သည့် ပစ်ခတ်မှုဖြစ်စဉ်များသည် ယမန်‌နေ့ ‌မေလ ၇ရက်နှင့် ယ‌နေ့ ‌မေလ ၈ရက်‌နေ့အထိ ဆက်လက် ဖြစ်ပွား‌နေ ‌ကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။

အလားတူ ‌ကေအဲန်ယူ တပ်မဟာ (၁) နယ်‌မြေများတွင်လည်း တပ်မ‌တော်မှ ‌ကေအဲန်ယူ၏ COVID-19 စစ်‌ဆေး‌ရေး ဂိတ်များကို တားမြစ်ပိတ်ပင်မှုများ ဖိအား‌ပေးမှုများ‌ကြောင့် ကျန်းမာ‌ရေး စစ်‌ဆေး‌ရေး ဂိတ်များ ဖျက်သိမ်းလိုက်ရသည့် ဖြစ်စဉ်များလည်း ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့‌သေးသည်။

ယခင် မတ်လ ၂၈ရက်‌နေ့က ‌ကေအဲန်ယူ(ဗဟို)မှ ကိုဗစ်ကပ်‌ရောဂါအ‌ရေး‌ပေါ် တုန့်ပြန်‌ဆောင်ရွက်‌ရေးအဖွဲ့ (Covid Pandemic Emergency Respond Team)ကို ဖွဲ့စည်းပြီး ကပ်‌ရောဂါနှင့်ပတ်သက်၍ ၎င်း၏ ခရိုင်၊ တပ် မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ညွှန်ကြားချက်‌ပေးပို့ထားပြီး ‌ကေအဲန်ယူ မူ‌တြော်ခရိုင်အ‌နေဖြင့် ဗဟို၏ ညွှန်ကြားချက်နှင့်အညီ ကပ်‌ရောဂါ ထိန်းချုပ်ကာကွယ် တားဆီး‌ရေးအတွက် ၎င်းတို့ နယ်‌မြေအတွင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ် ၁၄ ခု ဖွင့်လှစ်‌ဆောင်ရွက်ထားစဉ် ယခုလို ဂိတ်နှစ်ခုကို တပ်မ‌တော်ဘက်က လာ‌ရောက်မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ နိုင်ငံ‌တော် သမ္မတရုံးမှ COVID-19 ကာကွယ်ထိန်းချုပ် ကုသ‌ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း ‌ရေး‌ကော်မတီကို ပြီးခဲ့သည့် ဧပြီလ ၂၇ရက် ‌နေ့က ဖွဲ့စည်း လိုက်‌ကြောင်း ‌ကြေညာထားသလို ‌မေလ ၅ ရက်‌နေ့ကလည်း ၎င်း‌ကော်မတီနှင့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)တို့အကြား ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့‌သေးသည်။

KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်(NCA)ကို သ‌ဘောတူ လက်မှတ်‌ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)အဖွဲ့အနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

အစိုးရ၊ တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား သ‌ဘောတူလက်မှတ်‌ရေးထိုး ထားသည့် NCA စာချုပ်အရ နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၏ အခန်း (၂)၊ အပိုဒ်(၇)၊ အပိုဒ်ခွဲ (က) အရ ပြည်သူ လူထု၏ စားဝတ်‌နေ‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် ‌ဒေသန္တရဖွံ့ဖြိုးတိုးတက်‌ရေးတို့အတွက် လိုအပ်‌သောပံ့ပိုး ကူညီမှု များ ညှိနှိုင်းပူး ‌ပေါင်း‌ဆောင်ရွက်ရန်ပါရှိသည်။

ထို့အတူ အပိုဒ် (၇)၏ အပိုဒ်ခွဲ(ဈ)တွင်လည်း လူတစ်ဦးချင်းစီ၏ ကျန်းမာ‌ရေးဆိုင်ရာ အခွင့်အ‌ရေးများကို ထိ ခိုက်‌စေခြင်း၊ အများပြည်သူနှင့်သက်ဆိုင်‌သော ကျန်းမာ‌ရေးအ‌ထောက်အကူပြုပစ္စည်းများ၊ ဥပ‌ဒေအရ ခွင့်ပြု ထားသည့် အများပြည်သူများအတွက် ‌ဆေးဝါးများသယ်ယူ ပို့‌ဆောင်ခြင်းနှင့် ကျန်းမာ‌ရေးဝန်ထမ်း များ၏ လုပ်ငန်း‌ဆောင်ရွက်မှုများကို ‌နှောင့်ယှက်ဟန့်တား ခြင်းများမပြုလုပ်ရဟူ၍ ပါရှိသည်။