Home သတင်း Covid-19 ကာကွယ်‌ရေးအတွက် BGF တပ်ဖွဲ့မှ ကျပ်သိန်း ၈၅ဝ ‌ကျော် အကုန်ကျခံ ‌ဆေးဖျန်းမည်

Covid-19 ကာကွယ်‌ရေးအတွက် BGF တပ်ဖွဲ့မှ ကျပ်သိန်း ၈၅ဝ ‌ကျော် အကုန်ကျခံ ‌ဆေးဖျန်းမည်

2503
Photo: Nay Naw

ဧပြီ ၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်။

ကရင်ပြည်နယ်အတွင်း Covid-19 ထိန်းချုပ်ကာကွယ်နိုင်‌ရေးအတွက် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် -BGF တပ်ဖွဲ့မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မှာယူထားသည့် ကျပ်သိန်း‌ပေါင်း ၈၅ဝ ‌ကျော် တန်ဘိုးရှိ ပိုးသတ်‌ဆေး ဖျန်းအ‌ငွေ့စက်များဖြင့် ‌ဆေးဖြန်းခြင်းလုပ်ငန်းများကို ‌ဆောင်ရွက်သွားမည်ဟု သိရသည်။

“လက်ရှိမှာ‌တော့ ပိုးသတ်‌ဆေးဖြန်းအ‌ငွေ့စက် ၁ လုံးလျှင် ၁၅ သိန်းကျပ်တန်ဘိုးရှိ (စက်အလုံး ၃၀) ကျပ်သိန်း ၄၅ဝ ဖိုး ဝယ်ထားပြီးပါပြီး။ ‌နောက်ထပ်မှာထားတဲ့ စက်‌တွေနဲ့ဆိုရင် အားလုံး စုစု‌ပေါင်း ‌ငွေကျပ် သိန်း ၈၅ဝ ခန့်ှ ကုန်ကျမှုရှိပါတယ်။ ကရင်ပြည်နယ်ထဲ Covid-19 ကူးစက်ပြန့်ပွားမှု ကာကွယ်‌ရေးအတွက် ‌ဆေးဖျန်းခြင်းလုပ် ငန်း‌တွေကို ‌ဆောင်ရွက်သွားမယ်”ဟု BGF စည်းကမ်းထိန်းသိမ်း‌ရေးမှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ပြောသည်။

အဆိုပါ ကုန်ကျ‌ငွေများကို ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF)တပ်ဖွဲ့မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူး ကြီး‌စောချစ်သူနှင့် ဇနီး နန်းခင်လှသူမှ ကျပ်သိန်း ၄၀ဝ မတည်ပြီး နယ်ခြား‌စောင့်တပ်(၁၀၁၇) မှ တပ်ရင်းမှူး ဗိုလ်မှူး ‌စောဒီးဒီးနှင့် ဇနီးနန်းမုကြာ‌ဖောက ကျပ်သိန်း၁၀ဝ နှင့် လိုအပ်သည်များကို နယ်ခြား‌စောင့်တပ် ဗဟို ကွပ်ကဲ‌ရေးနှင့် စည်းကမ်းထိန်းသိမ်း‌ရေးမှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်နှင့် ဇနီး‌ဒေါ်‌အေး‌အေးမြင့်တို့၏ ထည့်ဝင်‌ငွေ များဖြင့် ပိုးသတ်‌ဆေးဖျန်းအ‌ငွေ့စက်များကို မှာယူခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ဆက်‌ပြောသည်။

Photo: Nay Naw

ယခုလို ၎င်းတို့တပ်ဖွဲ့မှ ဝယ်ယူထား‌သော Covid-19 ကာကွယ်‌ရေး ပိုးသတ်‌ဆေးဖျန်း အ‌ငွေ့စက်များကို ကရင် ပြည်နယ်အတွင်းရှိ ‌ဆေးရုံ‌ဆေးခန်းများ၊ ဌာနဆိုင်ရာအ‌ဆောက်အဦးများနှင့် တပ်မ‌တော်တပ်တွင်းနှင့် အခြား အ‌ရေး‌ပေါ် အ‌ခြေအ‌နေဖြစ်‌ပေါ်သည့် ‌နေရာများတွင် အသုံးပြုရန် လှူဒါန်းသွားမည်ဟု BGF က ‌ပြောသည်။

ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့အ‌နေုဖြင့် မြဝတီမြို့‌ပေါ်နှင့်ရပ်ကွက်များအတွင်း Covid-19 ကာ ကွယ်‌ရေး ပိုသတ်‌ဆေးဖြန်းခြင်း လုပ်ငန်းများကို‌ဆောင်ရွက်‌နေသလို ဖားအံမြို့ရှိ အစိုးရအဖွဲ့ရုံးများ ဌာနဆိုင်ရာ အ‌ဆောက်အဦးများနှင့် မြို့‌ပေါ် ရပ်ကွက်များအတွင်း ‌ဆေးဖျန်းခြင်းများကို ‌ဆောင်ရွက်ခဲ့ပြီး ဖြစ်‌ကြောင်း BGF တာဝန်ရှိသူများက ‌ပြောသည်။