Home ဆောင်းပါး အမျိုးသား‌ရေး ပန်းချီဆရာ

အမျိုးသား‌ရေး ပန်းချီဆရာ

4726

အမျိုးသား‌ရေး ပန်းချီဆရာ

‌စောထွန်းလင်း ( မတ်လ ၉ ရက်၊ ၂၀၂ဝ ခုနှစ်)

မဂင်္လာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရပ်ကွက်တစ်ခု အတွင်းရှိ လမ်းမ‌ပေါ်မှ ကွန်ကရစ်ခင်း လမ်းသွယ်ထဲသို့ ချိုးဝင် လိုက်ပြီး သံပန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် စိတ်ငြိမ်၊ သပ်ရပ်သည့် ခြံဝန်းအတွင်း ‌အေးချမ်းသည့် အုတ်ခံ အိမ်‌လေးကို ‌တွေ့ရသည်။

အိမ်‌လေး အတွင်း၌ အ‌ရောင်စုံ ‌ဆေးဗူးများ၊ စုတ်တံများ၊ ပန်းချီဆွဲသည့် Stand ‌ထောင့်နှင့် ပန်းချီကားများ အ ထပ်လိုက် ဟိုတစ်စု ဒီတစ်စု၊ အိမ်နံရံတွင်လည်း အ‌ရောင်အ‌သွေးစုံ ပန်းချီများကို ချိတ်ဆွဲထား‌သေးသည်။ ထို့ အတွက် ပန်းချီဖြင့်သာ ‌ပျော်‌မွေ့၊ အသက်‌မွေးသူဟု အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မည်သူမဆို အလိုလို သိမြင် သွားမည်သာ ဖြစ်သည်။

“ထိုင်ပါ။ တခုခု ‌သောက်ဖို့‌ဖျော်‌ပေးမယ်” ဟု အ‌နေ‌အေးသည့် ပန်းချီဆရာ မန်းမြင့်‌ဆွေလှိုင်က ဧည့်ဝတ်ပြု သည်။ သူသည် ကရင်ပန်းချီဆရာများထဲမှ တစ်ဦးသာဖြစ်‌သော်လည်း သူ့လက်ရာများကိုမူ ကရင့်အမျိုး သား‌ရေး စိတ်အားသန်သူများအ‌နေဖြင့် သတိပြုမိမည်ဆိုက တစ်ခု မဟုတ်တစ်ခု ခံစားကြည့်ရှုဖူးမည်ဟု ဆိုနိုင်သည်။

အဘယ့်‌ကြောင့်ဆို‌သော် အထင်ကရ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် နှစ်သစ်ကူးပွဲ‌တော် စင်မြင့်‌နောက်ခံ ပန်းချီကားများကို သူ‌ရေးဆွဲ‌ပေးခဲ့သည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်သည်။ နှစ်သစ်ကူးနီးလာလျှင် ‌သော်လည်း ‌ကောင်း၊ ‌နေ့သစ်ကူး‌နေ့တွင် ‌သော်လည်း‌ကောင်း အာလိန်ငါးဆင့်သို့ လာ‌ရောက်သူ လူငယ်၊ လူရွယ် များသည့် နှစ်သစ်ကူးစင်မြင့် ‌နောက်ခံ ပန်းချီကားဖြင့် ဓာတ်ပုံရိုက်ကာ အင်တာနက်လူမှုကွန်ရက်များတွင် မှတ်တမ်းတင် ဖြန့်‌ဝေ‌လေ့ ရှိသည်။

“နှစ်သစ်ကူး ဗဟို‌ကော်တီရဲ့ ‌နောက်ခံစင်မြင့်ကို ပန်းချီစဆွဲ ဖြစ်တာက ခဝဲခြံမှာလုပ်တုန်းကပါ။ အဲ့တုန်းက အာလိန်ငါးဆင့်ကို ‌ပြောင်းပြီးမကျင်းပ‌သေးဘူး။ စလှမြိုင်က ဆွဲတယ်။ ကျ‌နော်က ကူရတယ်။ အာလိန်ငါးဆင့် ကိုနှစ်သစ်ကူး‌ပြောင်းလုပ်‌တော့ ‌တောက်‌လျှောက်ဆွဲတယ်။ အရင်က ‌နေထွက်တဲ့ပုံစံမျိုးကို ခွဲထွက်လိုက်တယ်။ ကရင့်ရိုးရာ၊ ဓ‌လေ့ ဟန်‌ပေါ်တဲ့ ရှုခင်း‌တွေကို ဆွဲတယ်။ နှစ်တိုင်း ပုံမထပ်ဘူး။ ကြာခဲ့ပြီးဆို‌တော့ ခုနှစ်‌တွေ ‌တော့ မမှတ်မိ‌တော့ဘူး” ဟု ပန်းချီဆရာ မန်းမြင့်‌ဆွေလှိုင်က ‌ပြောပြသည်။

ပန်းချီဆရာ မန်းမြင့်‌ဆွေလှိုင်သည် ဧရာဝတီတိုင်း‌ဒေသကြီး၊ အိမ်မဲမြို့နယ်၊ အိမ်မဲ-‌မြောင်းမြ ကားလမ်းမ‌ဘေး ရှိ ကမန်း‌တောင်ရွာ ဇာတိဖြစ်သည်။ သူသည် အသက် ၁၆ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ‌ရောက်ရှိလာပြီး ဗဟန်း မြို့နယ်ရှိ ပန်းချီ၊ ပန်းပု၊ အနုပညာ‌ကျောင်းတွင် ပန်းချီပညာကို သုံးနှစ်ကြာသင်ယူခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ‌ကျောင်းဆင်းသည်။ ‌ကျောင်းဆင်း ပြီး‌နောက် ကရင်ပန်းချီဆရာ ‌စောနှင်းလှိုင် (တကွာအွာ)က သူ့ကို ကရင် အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီတွင် ပန်းချီကူဆွဲရန် လက်တွဲ‌ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုမျှမက ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီက ထုတ်‌ဝေသည့် ကရင့်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံး သရုပ်‌ဖော်ပုံများကိုလည်း သူနှစ်တိုင်းဆွဲ‌ပေးခဲ့‌သေးသည်။ ကရင့်‌ကြေးမုံမျက်နှာဖုံးတွင် ရိုးရာ၊ ဓ‌လေ့ ပုံများအပြင် ကရင်အမျိုးသား‌ခေါင်‌ဆောင်များကို ဂုဏ်ပြုသည့် အ‌နေဖြင့် မျက်နှာဖုံးတွင် ‌ဖော်ပြခဲ့ရာ ‌ဒေါက်တာ တီသံပြာ၊ ‌စောဘဦးကြီး၊ မန်းဘဇန်၊ ဗိုလ်ချုပ်ကြီး‌စောဘိုမြ၊ ပဒိုမန်းရှာ၊ ပထမဦးဆုံး ကရင်နှစ်သစ်ကူးမိန့်ခွန်း‌ပြောခဲ့သူ ဆာစံစီဖိုး စသည်ဖြင့်သူသရုပ်‌ဖော်ပန်းချီများ ဆွဲ‌ပေးခဲ့သည်။

ထို့အပြင် ကရင်စာနယ်ဇင်း‌လောကတွင်လည်း သူ့လက်ရာမကင်း။ ‌ကောက်သစ်ဦး မဂ္ဂဇင်း၊ ‌ကေအိုင်စီ- ကရင် သတင်းဌာနက ထုတ်‌ဝေသည့် ဗိုလ်ချုပ်‌ကျော်‌သောင်း စာအုပ်၊ ကရင်တို့ ‌ရေးသည့်ကဗျာ စာအုပ် စသည်ဖြင့် သူ့လက်ရာများကို ‌တွေ့မြင်နိုင်သည်။ ထို့အပြင် ကရင်စာ‌ပေ‌လောကတွင် ထွက်ရှိသည့် ပဒိုမန်းရှာ ‌အောက်‌မေ့ ဖွယ် အမှတ်တရစာအုပ် စသည်ဖြင့် များစွာ‌သော စာအုပ်မျက်နှာဖုံးများတွင် သူ့ပန်းချီများကို‌တွေ့ ရသည်။

ဆရာမန်းမြင့်‌ဆွေလှိုင် အ‌နေဖြင့် ပန်းချီ ပညာတစ်ခုတည်းဖြင့် ဘဝရပ်တည်‌ရေးကို ကြိုးစားရုန်းကန်ခဲ့ရသည်။ သူ့အ‌နေဖြင့် ပန်းချီဆွဲခြင်းအပြင် ရုပ်ပြစာအုပ်များ‌ခေတ်တွင် ရုပ်ပြဆွဲ‌ပေးခြင်း စသည်ဖြင့် ‌ရေစီး‌ကြောင်းအလိုက် လုပ်ကိုင်ခဲ့ရသည်။ လက်ရှိတွင်လည်း ပန်းချီ‌ဈေးကွက်က ‌အေးစက်စက်ဖြစ်‌နေသည်။ သူနှင့် ပန်းချီ‌ကျောင်း ဆင်းသူငယ်ချင်း များထဲတွင် သုံး‌လေးဦးသာ ပန်းချီ‌လောကတွင် ကျန်ရစ်‌တော့သည်။

“အိမ်မှာ ဆွဲထားတဲ့ ပန်းချီကား‌တွေ များလာ‌တော့ ထိန်းသိမ်းရတာလည်းမလွယ်‌တော့ တ‌လောက ပန်းချီကား ‌တွေကို ဗိုလ်ချုပ်‌ဈေးမှာ သွား‌ရောင်းလိုက်တယ်။ ‌အောက်‌ဈေးနဲ့‌ပေါ့။ အခုက တစ်နှစ်လုံး ပန်းချီကား သုံး‌လေးခု ‌ရောင်းရဖို့က မလွယ်ဘူး၊ ‌ဈေးကွက် ဘယ်‌တော့ ‌ကောင်းမလဲ မသိဘူး။ ဒီတစ်ခုတည်းနဲ့က ရပ်တည်ဖို့ မလွယ် ဘူး”ဟု မန်းမြင့်‌ဆွေလှိုင်က ဆိုသည်။

ဖြတ်သန်းမှုအရ ၁၉၉ဝ ပြည့်နှစ်လွန် နှစ်များတွင် ပန်းချီ‌ဈေးကွက်‌ကောင်းခဲ့ဖူး‌ကြောင်း၊ လက်ရှိ ကရင့်ဒိုင်ယာရီ ပန်းချီပြပွဲများ ပြုလုပ်‌သော်လည်း ပန်းချီကား တစ်ကားနှစ်ကားသာ‌ရောင်းရသလို ပန်းချီ‌ဈေးကွက်မှာ နိုင်ငံ တ ကာသို့ ပြပွဲများသွား‌ရောက်ပြုလုပ်နိုင်မှသာ အ‌ခြေအ‌နေ‌ကောင်းသည့်သ‌ဘောရှိ‌နေသည်ဟု သူက ‌ပြောသည်။

အားလပ်ချိန် စိတ်အပန်း‌ဖြေရန်အတွက်‌သော်လည်း‌ကောင်း၊ အနုပညာ တစ်ခုခုကို ဖန်တီးလို၍ ‌သော်လည်း ‌ကောင်း ပန်းချီစဆွဲလိုသည့် သူများအတွက် အ‌ခြေခံလိုအပ်ချက်များမှာ ပန်းချီဆွဲရာတွင် အသုံးပြုရသည့် ပစ္စည်းများမှာ ပန်းချီဆွဲသည့် Stand ‌ထောင့်၊ ကွင်းပတ်‌ခေါ်ပန်းချီဆွဲပိတ်စ၊ အပြင်‌ဘောင်‌ခေါ် ပိတ်ကပ်‌ဘောင် စသည့် ကုန်ကြမ်းပစ္စည်းများ အ‌ခြေခံလိုအပ်သည်။

ထို‌နောက် ‌ဈေးအမျိုးမျိုးရှိသည့် စုတ်တံနှင့် ‌ဆေးများကို ဝယ်ယူအသုံးပြုနိုင်သည်။ လက်ရှိ ပန်းချီဆရာများ အ‌နေဖြင့် အခရိုင်းလစ် (Acrylic Colour ) ‌ဆေးကို သုံးစွဲမှုများသလို ‌ရေ‌ဆေး၊ ဆီ‌ဆေးများဖြင့်လည်း စိတ်တိုင်းကျ ‌ရွေးချယ်နိုင်သည်ဟု မန်းမြင့်‌ဆွေလှိုင်က အကြံပြုသည်။

ယခုလို နှစ်‌ပေါင်း ၄၅ နှစ်‌ကျော် ပန်းချီဆွဲခဲ့သည့် ဆရာမန်းမြင့်‌ဆွေလှိုင်ကို ကရင်စာ‌ပေ၊ အနုပညာ အသိုင်း အဝိုင်းက အမျိုးသား‌ရေးပန်းချီဆရာဟု မှတ်ချက်ပြုသည်။

“ ဆရာမန်းမြင့်‌ဆွေလှိုင်က ကရင့်ဟန်ပန်၊ ဓ‌လေ့ကို သိတယ်။ သူ့ပန်းချီ‌တွေမှာ ‌တွေ့နိုင်တယ်။ သူ့က ‌ငွေ‌ကြေး ကို မကြည့်ဘူး။ အမျိုးသား‌ရေးအတွက် ပန်းချီအားဖြင့် ‌တောက်‌လျှောက်ပါဝင်ခဲ့တယ်။ သူက အမျိုးသား‌ရေး ပန်းချီဆရာတစ်ဦးဖြစ်တယ်လို့ ကျ‌နော် မှတ်ချက်ပြုလိုတယ်” ဟု ကရင်စာအုပ်၊ စာ‌ပေများ ‌ရေးသား ထုတ်‌ဝေ ‌နေသည့် ဆရာ‌စော‌ယောင့်သာအဲဆန်က ‌ပြောသည်။

ဆရာမန်းမြင့်‌ဆွေလှိုင်နှင့် စကားစမြည်‌ပြောပြီး‌နောက် သူ့လက်ရာ ပန်းချီကားများကို လိုက်ကြည့်မိသည်။ နှစ်သစ်ကူးကို ပုံ‌ဖော်ထားသည့် ‌ရောင်နီလာရာဆီသို့ ကရင်တိုု့ စု‌ဝေးသွား ‌ရောက်‌နေသည့်ပုံကို ခံစားကြည့် မိသည်။ အလင်းအ‌မှောင်၊ ‌ဆေး‌ရောင် ‌ရွေးချယ်ထားပုံ၊ ‌ရေးဆွဲပုံများက ကိုယ်ပိုင်ဟန်တစ်ခုကို ခံစား‌တွေ့မြင် ရသည်။ ပုံ တစ်ပုံတွင်မူ ကရင်အမျိုးသမီးငယ်‌လေးတစ်ဦး ရိုးရာ ‌စောင်းတီး‌နေမှုကို တည်တည်ငြိမ်ငြိမ် ရိုးရိုးရှင်းရှင်း ပုံ‌ဖော်ထားသည်။ ကြည့်မိသူတိုင်း စွဲမက်ဖွယ်ရာ ပန်းချီကားဟု ဆိုရ‌ပေမည်သာ။