Home သတင်း ‌နွေရာသီ ပိုး(ဖလုံး) စာသင်ကြား‌ရေးအတွက် ဖန်း‌ဖောင်‌ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်း

‌နွေရာသီ ပိုး(ဖလုံး) စာသင်ကြား‌ရေးအတွက် ဖန်း‌ဖောင်‌ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်း

2766

‌ဖေ‌ဖေါ်ဝါရီ ၂၁ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောထွန်းလင်း

မြစ်ဝကျွန်း‌ပေါ်‌ဒေသတွင် ‌နွေရာသီ ပိုး(ဖလုံး-အ‌နောက်ပိုးကရင်) စာသင်ကြားနိုင်‌ရေးအတွက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီးများ တည်‌ထောင်ထား‌သော ဖန်း‌ဖောင်‌ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်းထားသည်ဟု အ‌နောက်ပိုးကရင် စာ‌ပေအကျိုးပြုလူငယ်အဖွဲ့၊ တာဝန်ခံတစ်ဦးဖြစ်သူ စခွါခွါက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ကျ‌နော်တို့ အ‌နောက်ပိုင်းကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့ကို အဂင်္လန်‌ရောက် နန့်ဘွားဘွားဖန်း ဖန်း‌ဖောင်‌ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်းထားပါတယ်။ ‌နောက်ပြီး‌တော့ ကိုရီးယား၊ စင်ကာပူ အ‌နောက်ပိုး ကရင်လူငယ်အဖွဲ့‌တွေက နှစ်စဉ် သိန်း ၂ဝ နဲ့ ၃ဝ ကြား လှူဒါန်းပါတယ်။ ရရှိလာတဲ့ ရံပုံ‌ငွေ‌တွေနဲ့ ‌နွေရာသီ ‌ကျောင်းပိတ်ချိန်မှာ ပိုးကရင်စာ သင်ကြားလုပ်‌ဆောင်သွားမယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၂၁ ရက်‌နေ့တွင် ‌ပြောသည်။

ယခုနှစ်‌နွေရာသီ အ‌နောက်ပိုးကရင်စာ သင်ကြား‌ရေးကို ရန်ကုန်တိုင်း‌ဒေသကြီးတွင် တွံ‌တေး၊ ဒလ၊ ကွမ်းခြံ ကုန်း နှင့် ‌ကော့မှူးမြို့နယ်များတွင်လည်း‌ကောင်း၊ ဧရာဝတီတိုင်း‌ဒေသကြီးရှိ မြို့နယ် အများစုတွင် လည်း‌ကောင်း လုပ်‌ဆောင်သွား မည်ဖြစ်သလို ပြုလုပ်မည့် ‌ကျေးရွာများကို ကွင်းဆင်း‌လေ့လာကာ သင်တန်းဖွင့် လှစ်သွားမည်ဟု အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့ထံမှ သိရသည်။

အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့ အ‌နေဖြင့် ‌နွေရာသီ ပိုး(ဖလုံး- အ‌နောက်ပိုးကရင်)စာ သင် ကြား‌ရေးကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် ‌နွေရာသီ ‌ကျောင်းပိတ်ချိန်တွင် မြစ်ဝကျွန်း‌ပေါ်‌ဒေသ၌ ပြုလုပ်‌လေ့ ရှိပြီး သင်ကြား‌ရေးအ‌ထောက်အကူပြု စာအုပ်များလှူးဒါန်းခြင်း၊ သင်ကြားသည့် ဆရာ၊ ဆရာမများကို ချီးမြှင့် ‌ငွေများ ပံ့ပိုး‌ပေးခြင်းတို့ကိုလည်း လုပ်‌ဆောင်ခဲ့‌ကြောင်းအဖွဲ့ထံမှ သိရသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ‌သေနတ် သမားနှစ်ဦး ၏ သတ်ဖြတ်ခြင်းခံရ‌သော KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်‌ရွှေ တို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူသားသမီးများ ‌လေးဦးက တည်‌ထောင်ခဲ့ခြင်းဖြစ် သည်။

ဖန်း‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် ကရင်လူမျိုးများတိုးတက်‌ရေးအတွက် ပညာ‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ စသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက်အကူဖြစ်‌အောင် စွမ်းစွမ်းတမံ လုပ်‌ဆောင်‌ပေးလျှက်ရှိသည့် အသက် ၃၅နှစ်နှင့်‌အောက် ကရင်လူငယ်များအား ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ်‌ပေးအပ်ခဲ့ သည့်အပြင် ‌နွေရာသီ ကရင်စာ‌ပေသင်တန်းအတွက်လည်း ယခု ထပ်မံ လှူဒါန်း‌ပေးခြင်းဖြစ်သည်။