Home သတင်း ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေး အချိန်မဆွဲရန် ‌ကေအဲန်ယူ‌ပြော

ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေး အချိန်မဆွဲရန် ‌ကေအဲန်ယူ‌ပြော

3326

‌ဖေ‌ဖေါ်ဝါရီ ၁၂ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောထွန်းလင်း

ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုကို တကယ်တည်‌ဆောက်မည်ဆိုပါက အချိန်မဆွဲရန် ‌မြောင်းမြမြို့နယ်၊ ပြင်ရွာတိုက်နယ်၊ ကဒက်ကွင်း‌ကျေးရွာ၌ ‌ဖေ‌ဖေါ်ဝါရီ ၁၁ ရက်‌နေ့တွင် ပြုလုပ်သည့် ၇၂ နှစ်‌မြောက် ကရင်အမျိုး သား‌နေ့အခမ်းအနားတွင် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော ‌တောနီးက တိုက်တွန်း‌ပြောဆို လိုက်သည်။

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ၁၉၅၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ဒီမိုက‌ရေစီ ဖက် ဒရယ် ပြည်‌ထောင်စုအဖြစ် တည်‌ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး‌နောက် နှစ် ၆ဝ ‌ကျော်ကြာ တိုက်ပွဲဝင်ကာ အသက် ‌ပေါင်းများစွာ၊ စည်းစိမ်ဥစ္စာ‌ပေါင်းများစွာ မျက်ရည်များဖြင့် ‌ပေးဆပ်လုပ်ကိုင်ခဲ့သည်ဟု ပဒို‌စော‌တောနီက အဆိုပါ အခမ်းအနားတွင် ရှင်းလင်း‌ပြောဆိုခဲ့သည်။

ထို‌နောက် ၂၀၁၄ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရ၊ တပ်မ‌တော်တို့ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ရန် သ‌ဘောတူညီခဲ့သလို ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) ထဲတွင်လည်း အထက်ပါအတိုင်း သ‌ဘောတူညီခဲ့ သည်။

ယခုလို နှစ် ၆ဝ ‌ကျော်ကြာ အသက်၊ ‌သွေး‌ချွေး များစွာရင်းနှီးပြီးမှ စကားလုံးအားဖြင့် ‌ခေါ်ဆိုခွင့်ရသည့် ဒီမိုက ‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကို လက်‌တွေ့ကျကျအသုံးချရန် ‌နောက်ထပ် နှစ် ၇ဝ ထပ်‌စောင့်ရမည်လားဟု မိမိ ‌မေး ခွန်းထုတ်လို‌ကြောင်း ပဒို‌စော‌တောနီးက ‌ပြောသည်။

“ အဲ့ဒါ‌ကြောင့်မို့လို့ ကျ‌နော်‌ပြောချင်တာက သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေ‌ရော သက်ဆိုင်ရာ အစိုးရ‌တွေ‌ရော ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုကို တကယ်တည်‌ဆောက်မယ်ဆိုရင် အချိန်မဆွဲကြပါနဲ့ ‌တော့လို့ ဒီ‌နေရာက‌နေ ‌ပြောချင်ပါတယ်” ဟု ပဒို‌စော‌တောနီးက ‌ပြောသည်။

ထို့အပြင် ‌ဖေ‌ဖေါ်ဝါရီ ၁၂ ရက်‌နေ့ (ယ‌နေ့)တွင် ကျ‌ရောက်သည့် ၇၃ နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့သို့ နိုင်ငံ ‌တော်သမ္မတ ဦးဝင်းမြင့် ‌ပေးပို့သည့် သဝဏ်လွှာတွင် တိုင်းရင်းသား ညီအစ်ကို ‌မောင်နှမများအကြား သံသယ စိတ်ကင်းစင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည် သင့်မြတ်မှုတို့ကို ခိုင်မာသည် ထက်ခိုင် မာ‌အောင်တည်‌ဆောက်နိုင်သည်နှင့်အမျှ စစ်မှန်သည့် ဒီမိုက‌ရေစီ ပြည်‌ထောင်စုကြီးကို မလွဲမ‌သွေ စု‌ပေါင်း တည်‌ဆောက်နိုင်မည်ဟု ခြွင်းချက်မရှိ ယုံကြည်ပါသည်ဟု ‌ဖော်ပြထားသည်။

သို့‌သော် ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက အာဏာရ NLD ၏ ဖွဲ့စည်းပုံပြင်ဆင်‌ရေးတွင် ဖက်ဒရယ်နှင့် သက် ဆိုင်သည့် အချက်များပါဝင်ခြင်းမရှိဟု တိုင်းရင်းသားများက ‌ထောက်ပြ‌ပြောဆိုခဲ့သည်။ အထူးသဖြင့် ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်းထက် ဆိုင်ရာပြည်နယ်အနိုင်ရပါတီမှ ဝန်ကြီးချုပ်အဖြစ် လုပ်‌ဆောင်နိုင်မည့် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပုဒ်မ ၂၆၁ ပါ အချက်များပြင်ဆင်‌ရေး မပါဝင်သလို ယခုလို ဖက်ဒရယ်ဆိုင်ရာ အချက်များ မပါသည့်အတွက် ‌ဝေဖန်မှုများဖြစ်‌ပေါ်ခဲ့သည်။

‌မြောင်းမြမြို့နယ်လုံးဆိုင်ရာ ၇၂ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားသို့ ကရင်ဘုန်း‌တော်ကြီးများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ‌ကေအဲန်ယူ တာဝန်ရှိသူများ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု ‌ကော်မတီဝင်များ ‌ဒေသခံများ အပါအဝင် လူ ၁,၀၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ‌ရှေ့ကရင်‌ခေါင်း‌ဆောင်ကြီးများ ‌ဆောင်ရွက်ခဲ့သည့် ကရင်အမျိုးသား‌နေ့ကို ပြန်လည် အမှတ်ရ‌စေရန်၊ ကရင်လူမျိုးများ အသိအမြင်နိုးကြား‌စေရန်နှင့် ကရင်လူမျိုးများ၏ အနာဂတ်အတွက် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး စသည်တို့တွင် နိုးကြားတက်ကြွလာ‌စေရန် ဦးတည်‌ဆောင်ရွက်ခြင်းဖြစ်သည်။ အခမ်းအနားတွက် စုစု‌ပေါင်း ကျပ်သိန်း ၇ဝ ခန့်ကို ကရင်ပြည်သူများ၏ စု‌ပေါင်းထည့်ဝင်မှုဖြင့် အကုန်အကျခံ ကျင်းပခြင်းဖြစ်သည်ဟု ‌မြောင်းမြမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဥက္ကဋ္ဌ မန်းသိန်း‌ကျော်က ‌ပြော သည်။

‌မြောင်းမြမြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသား‌နေ့ အခမ်းအနားကို သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး လာမည့်နှစ်တွင် ‌မြောင်းမြမြို့နယ်၊ ကန်ကြီးတိုက်မြို့နယ် အတွင်းရှိ ‌ကျေးရွာတစ်ခုတွင် ဆက်ပြုလုပ်သွားရန် လျာထားသည်ဟု ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။