Home သတင်း တနသင်္ာရီတိုင်းအတွင်း ကရင်အမှတ်အသားပါသည့် ရွာဆိုင်းဘုတ်စိုက်ထူမှု ကရင်ဝန်ကြီး ကွင်းဆင်းပြီး တိုင်ပင်မည်

တနသင်္ာရီတိုင်းအတွင်း ကရင်အမှတ်အသားပါသည့် ရွာဆိုင်းဘုတ်စိုက်ထူမှု ကရင်ဝန်ကြီး ကွင်းဆင်းပြီး တိုင်ပင်မည်

3701
Photo: Ploh soe FB

‌ဖေ‌ဖော်ဝါရီ ၁၃ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ‌ရေဖြူမြို့နယ်ရှိ ကရင်‌ကျေးရွာအချို့တွင် ကရင်အမှတ်သ‌ကေင်္တပါရှိသည့် ရွာ ဆိုင်း ဘုတ်များ စိုက်ထူထားခြင်းအ‌ပေါ် လူပုဂ္ဂိုလ်အချို့က မလိုလားမှုများရှိ‌နေသည့်အတွက် ကရင်တိုင်းရင်း သားလူမျိုးများ‌ရေးရာဝန်ကြီးက ကွင်းဆင်းတိုင်ပင်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ဖားစည်၊ ကျွဲချို၊ အနီအဖြူအပြာ၊ ‌နေ‌ရောင်ဖြာထွက်သည့်ပုံ၊ ကရင်စာများဖြင့် ရွာဆိုင်းဘုတ်များ စိုက်ထူထား ခြင်းနှင့်ပတ်သက်၍ ယခု‌ဖေ‌ဖော်ဝါရီလအတွင်း ကွင်းဆင်းပြီး ရွာသားများနှင့်‌တွေ့ဆုံတိုင်ပင်မှုများပြုလုပ်သွား မည်ဟု တနသင်္ာရီတိုင်း ‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး ‌စောလုကာက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“လွန်ခဲ့တဲ့ ၁ ပတ်‌ကျော်က လမ်းသွားလမ်းလာ‌တွေက ‌ပြောလို့ သတင်းကြားတဲ့အ‌ပေါ် ကျ‌နော်က ရွာသား‌တွေ နဲ့ သွား‌ရောက်တိုင်ပင်ပြီး ဘယ်လိုလုပ်ရသလဲဆိုတာမျိုး‌ပေါ့။ လုံးဝမလုပ်ရဘူး‌တော့ မဟုတ်ပါဘူး။ ခုက ကွင်းမ ဆင်းရ‌သေး‌တော့ ဘာဆက်လုပ်သွားမလဲဆိုတာ အတိအကျ‌တော့ ‌ပြောလို့မရ‌သေးဘူး။” ဟု ယ‌နေ့ (‌ဖေ‌ဖော် ဝါရီ ၁၃ ရက်)တွင် ‌ပြောသည်။

‌ရေဖြူမြို့နယ်အတွင်း ကရင်‌ကျေးရွာ ၁၃ ရွာရှိသည့်အနက် ယခုကဲ့သို့ ကရင်အမှတ်အသားသ‌ကေင်္တကို ‌ဖော် ကျူးထားသည့် ရွာဆိုင်းဘုတ်ရှိ‌သောရွာမှာ ‌ကျေးဇူး‌တော်ရွာ၊ ‌ရေပုံးရွာနှင့် ‌လော့သိုင်းရွာတို့ ဖြစ်သည်ဟု ‌ရေပုံးရွာမှ ‌စောအာကာလင်းက ‌ပြောသည်။

၎င်းက “တနသင်္ာရီတိုင်းမှာလည်း တိုင်းရင်းသားလူမျိုးအများကြီးရှိပါတယ်။ ကရင်ရွာမှာ ကရင်ရဲ့ အမှတ်သ‌ကေင်္ တတစ်ခုအ‌နေနဲ့ ဒီလို ဆိုင်းဘုတ်‌လေး‌တောင် ‌ထောင်ခွင့်မရှိရင် တိုင်းရင်းသားတန်းတူ အခွင့်အ‌ရေးတို့ ဖက်ဒ ရယ်တို့ဆိုတာက အိပ်မက်ထဲမှာပဲ ရှိ‌နေမှာ‌ပေါ့။ ငြိမ်းချမ်း‌ရေးကိစ္စဆိုတာလည်း ယုံကြည်လို့ မရ‌တော့ပါဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်မဟုတ်သည့်အတွက် ကရင်ရွာများတွင် ကရင်အမှတ်သ‌ကေင်္တများပါသည့် ဆိုင်း ဘုတ်များကို ဖြုတ်ခိုင်း‌စေချင်သည်ဟူ‌သော စကားသည် တိုင်းရင်းသားအခွင့်အ‌ရေးကို ချိုးနှိမ်ရာ‌ရောက်ပြီး ယခုကဲ့သို့ ‌ပြောဆိုတိုင်ကြားမှုရှိ‌နေခြင်းမှာ မဖြစ်သင့်‌ကြောင်းလည်း ‌စောအာကာလင်းက သုံးသပ်‌ပြောဆိုသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးမှ ထားဝယ်ဆက်ဆံ‌ရေးတာဝန်ခံ ပဒို‌စောဝင်းခိုင်က“ဒီ(တနသင်္ာရီတိုင်း)မှာ (တချို့က)ဖွ လိုက်တာလို့ ကျ‌နော်မြင်တယ်။ ဒီလိုဆိုင်းဘုတ်မျိုးက ဧရာဝတီတိုင်း၊ ကရင်နဲ့ မွန်ပြည် နယ်မှာ လည်းရှိတယ်။ ဟိုး ‌နေပြည်‌တော်လမ်းမမှာလည်း ရှိတယ်။ ဒီကိစ္စကို ညှိညှိနှိုင်းနှိုင်းတိုင်ပင်ပြီး ‌ရေးရာ ဝန်ကြီး အ‌နေနဲ့ သူ့ရဲ့ ဌာနဆိုင်ရာကို ဆက်လက်တင်ပြနိုင်မယ်လို့‌တော့ ယူဆပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ ကရင်ရွာများသည် ရှိပြီးသားမူရင်းဌာ‌နေ ရွာများသာဖြစ်ပြီး ယခုလိုဖြစ်စဉ်မျိုး ‌ရှေးယခင် မဖြစ်ခဲ့ဖူး ‌ကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။