Home ဆောင်းပါး ကရင်အမျိုးသား‌နေ့

ကရင်အမျိုးသား‌နေ့

3099

ကရင်အမျိုးသား‌နေ့

‌ဖေ‌ဖော်ဝါရီ (၁၁)ရက်‌နေ့။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အချိန်မှစ၍ ကရင်တစ်မျိုးသားလုံးသည် ကရင်ပြည်အတွက် ‌တောင်းဆို တိုက်ပွဲဝင်ခဲ့ကြ သည်။ သို့‌သော် အာဏာရ အုပ်စိုးသူ ဖဆပလအစိုးရက-ကရင်ပြည်‌တောင်းဆိုတာ လက်တဆုပ်စာ ကရင်သာဖြစ်‌ကြောင်း၊ အဂင်္လိပ်နယ်ချဲ့များက အား‌ပေးအား‌မြှောက်‌ကြောင်း၊ အဂင်္လိပ်ကျွန်ဖြစ်လိုသူ ကရင်များဖြစ်‌ကြောင်း စသည်များဖြင့် မဟုတ် မမှန် သွားပုပ်‌လေလွှင့် စွပ်စွဲ‌ပြောဆိုခဲ့သည်။

၁၉၄၈ခုနှစ် ‌ဖေ‌ဖော်ဝါရီလ (၃)ရက်‌နေ့တွင် ‌ကေအဲန်ယူက ဖဆပလ အစိုးရထံ ကရင်ပြည်‌ပေးဘို့ စာ‌ရေး‌တောင်းဆိုသည်။ စာကို တစ်လအတွင်း ၁၉၄၈ခုနှစ် မတ်လ (၃)ရက်‌နေ့ ‌နောက်ဆုံးထားပြီး အ‌ကြောင်းပြန်ရန်-ပြန်စာမရရှိက သို့တည်းမဟုတ် ကရင် ပြည်‌ပေးဘို့ ငြင်းဆိုက ကရင်အမျိုးသားများ ‌ခြေတစ်လှမ်းတက်လှမ်းမည်ဟု ပါရှိသည်။

ယင်းကရင်ပြည် ‌တောင်းဆိုသည့်စာ ပိုမို‌လေးနက်‌စေရန် ‌ဖေ‌ဖေါ်ဝါရီလ (၁၁)ရက်‌နေ့၌ မြန်မာပြည်တစ်ပြည်လုံးရှိ ကရင်အမျိုး သားများအားလုံး ကရင်ပြည်လိုလား‌ကြောင်း မြို့‌ပေါ်သို့တက်၍ ကရင်လူထုဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ် ချက်အတိုင်း ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့တွင် မြန်မာပြည်တစ်ပြည်လုံးရှိ ကရင်အမျိုးသားများ မြို့‌ပေါ်တက်၍ ကရင်ပြည်လိုလား‌ကြောင်း ကရင်လူထုဆန္ဒပြပွဲ ကျင်းပ‌လေသည်။

‌အောက်ဗမာပြည် ကရင်များ ‌နေထိုင်ရာ‌ဒေသတွင်သာမက ‌မြောက်ဖက် မြစ်ကြီးနားမှ ‌တောင်ဖက် မြိတ်မြို့အထိ ရှမ်းပြည်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ ‌တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ‌ချောက်၊ ‌ရေနံ‌ချောင်း စသည်ဖြင့် တစ် ပြည်လုံးတွင် ဆန္ဒပြကြသည်။

ဖဆပလဘက်ကလည်း ခြိမ်း‌ခြောက်ခြင်း၊ ‌နှောက်ယှက်ခြင်းများ ပြုလုပ်‌သေးသည်။ သို့‌သော် ကရင်တစ်မျိုးသားလုံး နှစ်ရက်၊ သုံးရက် ခရီးများနှင်၍ ချီတက်ဆန္ဒပြကြရာ ကရင်အမျိုးသား၊ အမျိုးသမီး‌ပေါင်း (၄)သိန်း‌ကျော် ဆန္ဒပြကြ၍ ထို‌နေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့သည်။

ဆန္ဒပြရာတွင်…..
(၁) ကရင်ပြည်ချက်ချင်း‌ပေး (လွတ်လပ်မှု)
(၂) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ (တန်းတူ‌ရေးနှင့် ဒီမိုက‌ရေစီ‌ရေး)
(၃) လူမျိုး‌ရေး အဓိကရုဏ်း အလိုမရှိ၊ (လူမျိုးစုံချစ်ကြည်‌ရေး)
(၄) ပြည်တွင်းစစ် အလိုမရှိ (ငြိမ်းချမ်း‌ရေး)
ဟူသည့် ‌ကြွေး‌ကြော်သံများကို ကိုင်စွဲ၍ မြို့တွင်းများတွင် လှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်းကမ်းအရှိဆုံး ဆန္ဒပြပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။

ထိုဆန္ဒပြပွဲ‌နေ့တွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင်များတွင် ကရင်ပြည်လိုလားပြီး ကရင်ပြည်ကို အရယူမည် စသည်ဖြင့် ရဲရဲ ‌တောက် မိန့်ခွန်းများ ‌ပြောသည့်နည်းတူ ကရင်တစ်မျိုးသားလုံးလည်း ဇာတိ‌မွေး၊ ဇာတိမာန်များဖြင့် တက်ကြွစွာ၊ ညီညွတ်စွာ ပါဝင်ကြသည်။

ကရင်အမျိုးသား‌နေ့ ကရင်လူထုဆန္ဒပြပွဲ- ‌ဖေ‌ဖော်ဝါရီလ (၁၁) ရက်-‌ဖေ‌ဖော်ဝါရီလ အ‌ရေး‌တော်ပုံ၏ နိုင်ငံ‌ရေးအဓိပ္ပါယ်
(၁) ကရင်တစ်မျိုးသားလုံးရဲ့နိုင်ငံ‌ရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓာတ်ကို ‌မွေးထုတ်ပြသသည့်‌နေ့
(၂) ကရင်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်‌ရေးကို ထုတ်‌ဖော်ပြသသည့်‌နေ့
(၃) ကရင်အမျိုးသားများရဲ့ ဇာတိ‌သွေး၊ ဇာတိမာန်ကို ရဲရဲ‌တောက် ထုတ်‌ဖော်ပြသသည့်‌နေ့
(၄) နိုင်ငံ‌ရေးလက်ဦးမှုကို ကရင်များ ရယူသည့်‌နေ့
(၅) ကရင်ကို ကမ္ဘာက ပိုသိ‌စေတဲ့‌နေ့

အထက်ပါအ‌ကြောင်းရပ်များ‌ကြောင့် ၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ ၂၃-၂၅ရက်‌နေ့များတွင် ဖာပွန်မြို့၌ ကျင်းပ‌သော ‌ကော် သူး‌လေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီ (၁၁)ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့ဟု သတ်မှတ်ကျင်းပရန် မြစ်ဝကျွန်း ‌ပေါ် အမှတ်(၁)ခရိုင်ဥက္ကဌ ‌စော‌ကျော်‌အေးက အဆိုပြုပြီး မြစ်ဝကျွန်း‌ပေါ်အမှတ်(၁) တပ်မမှူး ဗိုလ်ချုပ်‌ကော်ထူးက ‌ထောက်ခံ ရာ ကွန်ဂရက်ကိုယ်စားလှယ်များက ကန့်ကွက်သူ လုံးဝ မရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထုဆန္ဒပြပွဲ ဖြစ်သည့် ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့သည် ကရင်အမျိုးသား‌နေ့ ဖြစ်လာ‌လေသည်။

# ဖူးစ‌ကောလယ်‌တော၏ ကရင်အမျိုးသား ‌နေ့ထူး‌နေ့မြတ်များ စာအုပ်မှ ကူးယူ‌ဖော်ပြသည်။