Home သတင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို နယ်သာလန်က လူ့အခွင့်အ‌ရေးဆု ချီးမြှင့်

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို နယ်သာလန်က လူ့အခွင့်အ‌ရေးဆု ချီးမြှင့်

2204
Photo_WLB

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို နယ်သာလန်နိုင်ငံက လူအခွင့်အ‌ရေး ဆိုင်ရာလှုပ်ရှား‌ဆောင်ရွက်မှုဆု (Human Rights Tulip Myanmar Award 2019) အား ဒီဇင်ဘာ ၁၂ ရက်‌နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ၊ ပြင်သစ်ယဉ်‌ကျေးမှုဌာန၌ ချီးမြှင့်ခဲ့သည်။

ဆုရရှိမှုအ‌ပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး ‌နော်ဆဲဆဲက “ ကျမတို့ အဖွဲ့ကို နှစ် ၂ဝ အတွင်းမှာ လူ့အခွင့်အ‌ရေးနဲ့ ပတ်သက်ပြီး ရပ်တည် လုပ်‌ဆောင်ခဲ့တဲ့ အ‌ပေါ်‌ပေးတာပါ။ အထူး သဖြင့် တရားမျှတမှုရယ်၊ တန်းတူ‌ရေးရယ်၊ ခွဲခြားဆက်ဆံမှု‌တွေ အ‌ပေါ်မှာ တစိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ အ‌ပေါ် သူတို့ ဂုဏ်ပြုချင်လို့ ဆု‌ပေးတာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နယ်သာလန် အစိုးရက ချီးမြှင့်သည့် လူအခွင့်အ‌ရေး ဆိုင်ရာလှုပ်ရှား‌ဆောင်ရွက်မှုဆု (Human Rights tulip Myanmar Award 2019)ကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)အပြင် ပြည်တွင်း၌ လူ့အခွင့်အ‌ရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသက်‌ဆွေဝင်းကိုလည်း ပူးတွဲချီးမြှင့်ခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံကို) ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဘဂင်္လား‌ဒေ့ရှ်၊ အိနိ္ဒယနှင့် ထိုင်းနယ်‌ဒေသများမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့တို့ အဖွဲ့ဝင်အဖြစ် ပါဝင် ဖွဲ့စည်းထားသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် ဒီမိုက‌ရေစီအ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာ‌အောင်လုပ်‌ဆောင်‌နေသည့် အဖွဲ့ဖြစ်သလို၊ အမျိုးသမီးများအ‌ပေါ် အကြမ်း ဖက်မှုပ‌ပျောက်‌ရေး၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်‌ပေး‌ရေး စသည်တို့ကိုလည်း လုပ်‌ဆောင်‌နေသည့် အဖွဲ့ ဖြစ်သည်။