Home သတင်း မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ “ဆာသူး‌လေ”အထက်တန်း‌ကျောင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်ကျင်းပ

မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ “ဆာသူး‌လေ”အထက်တန်း‌ကျောင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်ကျင်းပ

2303
“ဆာသူး‌လေ”အထက်တန်း‌ကျောင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အခမ်းအနား (photo-Nay Naw )

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ ဟိုဖိုင်ရပ်ကွက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးများ အား ထားရာ “ဆာသူး‌လေ” မြန်မာ‌ရွှေ့‌ပြောင်းအထက်တန်း‌ကျောင်း တည်‌ထောင်ခြင်း နှစ်(၂ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်(ယ‌နေ့) ‌ကျောင်း၏ ခန်းမ‌ဆောင်၌ ကျင်းပပြုလုပ်ခဲ့ သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်၊ ဖုတ်ဖရတ်နှင့် မယ်လမတ်မြို့နယ် ၃မြို့ထဲတွင် အလုပ်လုပ် ကိုင် ‌နေကြ‌သော မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးငယ်များ ပညာသင်ကြားနိုင်ရန် ၁၉၉၉ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့သည့် ဆာသူး‌လေ‌ရွှေ့‌ပြောင်း‌ကျောင်းသည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာအစိုးရ ပညာ‌ရေး ဋ္ဌာနနှင့်ချိတ်ဆက်ကာ အစိုးရ၏ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုခဲ့သည့် ‌ရွှေ့‌ပြောင်း‌ကျောင်းတစ်‌ကျောင်းဖြစ်သည်။

အခက်အခဲကြားက တည်‌ထောက်ခဲ့‌သော ဆာသူး‌လေ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသည် လက်ရှိ အချိန်တွင် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်းများစွာကို ‌မွေးထုတ်နိုင်ခဲ့ပြီဟု ‌ကျောင်းအား တည် ‌ထောင်ခဲ့သူ ‌ကျောင်း၏ဒါရိုက်တာဖြစ်သည့် ဆရာမကြီး ‌နော်‌ဖော‌ရေက အခမ်းအနား အဖွင့်စ ကား‌ပြောကြားရာတွင် ယခုလို ထည့်သွင်း‌ပြောကြားခဲ့သည်။

၎င်းက “၂ဝ၁၂ ခုနှစ်မှာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦး‌ဇော်မင်းနဲ့ ‌တွေ့ဆုံညှိနှိုင်းခဲ့တဲ့အတွက် ထိုင်းနိုင်ငံ အတွင်းမြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေက တက္ကသိုလ်ဝင်တန်းတက်‌နေတဲ့‌ကျောင်းသား‌တွေကို မြန်မာ နိုင်ငံ မြဝတီမြို့က စာစစ်ဋ္ဌာန‌တွေမှာ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌ဖြေဆိုခွင့်ရရှိခဲ့ပြီး တက္ကသိုလ် ဝင် တန်းကို ၉၄ ဦး‌အောင်မြင်ခဲ့လို့ အခုဆိုရင်မြန်မာနိုင်ငံတက္ကသိုလ်နဲ့ ‌ကောလိပ်‌တွေမှာ ဂုဏ်ထူး တန်း မဟာနဲ့ဘွဲ့ကြိုသင်တန်း‌တွေကို တက်‌ရောက်‌နေကြပါတယ်။ တစ်ချို့က‌လေး‌တွေဆိုရင် သက်ဆိုင် ရာအစိုးရဋ္ဌာန‌တွေမှာ တာဝန်ထမ်း‌ဆောင်‌နေကြပြီဖြစ်ပါတယ်”ဟု ထည့်သွင်း‌ပြောကြားခဲ့သည်။

ယ‌နေ့ အခမ်းအနားသို့ KNU- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ‌စောမူတူး‌ဆေးဖိုးနှင့် KNU‌ခေါင်း ‌ဆောင်အချို့၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (B.G.F) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ၊ မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌရဲ‌ဘော်သံခဲ၊ NLD ပါတီ ပညာ‌ရေးကွန်ယက် ဗဟို‌ကော်မတီဝင်များနှင့် ဖိတ်ကြားထား‌သော ဧည့်သည်များ၊ ‌ကျောင်းဆရာ ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ‌ကျောင်းသားမိဘများ အပါအဝင် စုစု‌ပေါင်း ၃၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

“ဆာသူး‌လေ”အထက်တန်း‌ကျောင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အခမ်းအနား (photo-Nay Naw )

အခမ်းအနားကို ‌တေးဂီအစီအစဉ်ဖြင့် နံနက် ၉ နာရီအချိန်တွင်ဖွင့်လှစ်ပြီး‌နောက် ‌ကျောင်း၏ ဒါရိုက်တာ ဆရာမကြီး ‌နော်‌ဖော‌ဂေ အဖွင့်စကား‌ပြောကြားခြင်း၊ တက်‌ရောက်လာ‌သော အထူးဧည့်သည်များမှ ဂုဏ်ပြုစကား ‌ပြောကြားခြင်း၊ ဆာသူး‌လေအထက်တန်း‌ကျောင်းအတွက် သက်တမ်းအလိုက် တာဝန် ထမ်း ‌ဆောင်‌နေကြသည့် ‌ကျောင်းဆရာ၊ ဆရာများနှင့် ‌ကျောင်း၏ လိုအပ်ချက်ကို အဖက်ဖက်မှ ကူညီ ‌ဆောင်ရွက်‌ပေးကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုလွှာများ‌ပေးအပ်ခြင်းအစီအစဉ်များ ပါဝင်သည်။

“ဒီလို ‌ကျောင်း‌တွေရှိတာ ကျ‌နော်တို့ သားသမီး‌တွေ အတွက် တကယ့်ကို‌ကောင်းမွန်ပါတယ်။ အ ကယ်၍သာ ဒီစာသင်‌ကျောင်း‌တွေ မရှိရင် ကျ‌နော်တို့ရဲ့ သားသမီး‌တွေဟာ စာမတတ်‌ပေမ တတ်ဖြစ်ပြီး အမှားအမှန် အ‌ကောင်းအဆိုးကို ခွဲခြားမသိဘဲ မျက်ကန်းသဖွယ် ဘဝရပ်တည်ဖို့ များစွာ ခက်ခဲ လှပါတယ်။ ဒါ‌ကြောင့် ဒီလို‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေ များစွာရှိဖို့လိုအပ်သလို၊ ဖွင့်လှစ်ထားပြီး ‌ကျောင်းများလည်း ပြည့်ပြည့်စုံစုံနဲ့ ရှင်သန်နိုင်ပါ‌စေလို့ ဆု‌တောင်းပါတယ်”ဟု ‌ကျောင်းသား မိဘတစ်ဦးဖြစ်သူ မန်းမျိုးမြင့်က ‌ပြောသည်။

ဆာသူ‌လေး‌ရွှေ့‌ပြောင်းအထက်တန်း‌ကျောင်း၏ ၂၀၁၉ -၂ဝ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုမည့် ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် မူကြို‌ကျောင်းမှ ၁၂ တန်းအထိ ပညာသင်ကြား ‌နေသည့် ‌ကျောင်းသူ၊ ‌ကျောင်းသားစုစု‌ပေါင်း ၇၀ဝ ‌ကျော်ရှိသည်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်၊ ဖုတ်ဖရတ်နှင့် မယ်လမတ်မြို့နယ် ၃ ခုတွင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇ဝ‌ကျော်တွင် ‌ရွှေ့ ‌ပြောင်း ‌ကျောင်းသားဦး‌ရေ ၁၅,ဝဝဝ ခန့် တက်‌ရောက် ပညာသင်ကြား‌နေ‌ကြောင်း သိရသည်။