Home သတင်း ထိုင်းနိုင်ငံရှိ ဘက်အိတ်ချုပ်စက်ရုံ ပိတ်သိမ်း၍ မြန်မာလုပ်သား ၈ဝ ‌ကျော် ‌နေရပ်ပြန်လာ

ထိုင်းနိုင်ငံရှိ ဘက်အိတ်ချုပ်စက်ရုံ ပိတ်သိမ်း၍ မြန်မာလုပ်သား ၈ဝ ‌ကျော် ‌နေရပ်ပြန်လာ

2390
ယခုလပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်ရုံ ၆ ရုံ ထက်မနည်း ပိတ်သိမ်းခဲ့ရပြီး မြန်မာအလုပ်သမား သုံး‌ထောင် ဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည် (photo-Nay Naw)

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလချားမြို့နယ်၊ လန်းချဘန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် High Trend ဘက် အိတ်(ခရီး‌ဆောင်အိတ်)ချုပ်စက်ရုံ ပိတ်သိမ်းခြင်း‌ကြောင့် စက်ရုံ၌ လုပ်ကိုင်‌နေသည့် မြန်မာနိုင်ငံသား ၆၂ဝ ဦး‌ကျော်ထဲမှ ၈ဝ ဦး‌ကျော် ပထမအသုတ်အဖြစ် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် မြဝတီသို့ ပြန်‌ရောက်ရှိ လာခဲ့သည်။

အလုပ်သမားများ ပြန်လာရခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လ‌ယောင်းမြို့အ‌ခြေစိုက် FAR အဖွဲ့မှ အလုပ်သမား ‌ရေးရာ၊ ဥပ‌ဒေအကြံ‌ပေးဖြစ်သူ မသန္တာထွန်းက “သူ‌ဌေးက ဘဏ်မှာ‌ငွေ‌ချေးပြီး လုပ်ငန်းလည် ပတ်‌နေရ‌တော့ အ‌ကြွေးများပြီး ‌ငွေမလည်လို့ စက်ရုံပိတ်သိမ်းလိုက်တာ ဖြစ်တယ်။ သူ‌ဌေးက တိမ်း‌ရှောင်‌နေပြီး၊ ထိုင်း ‌လေးဦးက ဒီပြဿနာ‌တွေကို လိုက်ရှင်း‌ပေး‌နေပါတယ်။ သူ့ပိုင်ဆိုင်မှုကို ထိုင်းအစိုးရက ထိန်းသိမ်းထားတယ်”ဟု ‌ပြောသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမား ၁,၀၀ဝ ‌ကျော်ရှိကာ မြန်မာအလုပ်သမား ၆၂ဝ ဦးခန့်၊ က‌မ္ဘောဒီးယား အလုပ်သမား ၃၉၈ ဦးနှင့် ထိုင်းနိုင်ငံသား ရာချီ အလုပ်လုပ်‌နေရာမှ ‌အောက်တိုဘာ ၃ဝ ရက်‌နေ့ စက်ရုံ စတင်ပိတ်သိမ်းခဲ့ရာ မြန်မာအလုပ် သမားများ အကူအညီ‌တောင်းမှု‌ကြောင့် FAR အဖွဲ့နှင့် ထိုင်းရှိ မြန်မာအလုပ်သမား သံအရာရှိတို့ ဥပ‌ဒေအရ နစ်နာ‌ကြေးခံစားခွင့် ရရှိ‌အောင်ပူး‌ပေါင်းလုပ်‌ဆောင်လျက်ရှိ‌ကြောင်း သိရသည်။

“တချို့ မြန်မာအလုပ်သမား‌တွေက သူတို့‌အေးဂျင့်‌တွေနဲ့ ချိတ်ဆက်ပြီး ‌နေရပ်မပြန်ဘဲ တခြားလုပ်ငန်းခွင် ‌ပြောင်း ‌ရွှေ့ လုပ်ကိုင်ဖို့ ပြင်ဆင်‌နေတယ်။ ပြန်လာတဲ့ သူ‌တွေအများစုက အဲ့ဒီစက်ရုံမှာ ၃ နှစ်နီးပါး အလုပ်လုပ်ကိုင်ခဲ့သူ ‌တွေပါ။ နစ်နာ‌ကြေးရရှိဖို့အတွက် မဲ‌ဆောက်အလုပ်သမားရုံးမှာ တိုင်ကြားထားပြီး လိုအပ်တာ‌တွေကို ကူညီ‌ဆောင်ရွက်‌ပေး‌နေပါတယ်”ဟု မဲ‌ဆောက်အ‌ခြေစိုက် အလုပ်သမား သံအရာရှိ ဦး‌ဝေလင်း‌မောင်က ‌ပြောသည်။

ထိုင်းတွင် MOU စနစ်ဖြင့် အလုပ်လုပ်မည်ဆိုပါက ၄ နှစ်ဆက်တိုက်သာ လုပ်ကိုင်နိုင်သလို အလုပ်‌ပြောင်းမည်ဆိုပါက MOU စာချုပ်သစ် ပြန်ချုပ်ဆိုရမည်ဖြစ်သည်။ အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်‌နေ‌သော မြန်မာ အလုပ်သမား ၆၂ဝ ‌ကျော်မှာ MOU စနစ်ဖြင့် သွား‌ရောက်လုပ်ကိုင်သူအများစုဖြစ်သလို CI (Certificate Of Identity) ပတ်စ်ပို့ ကိုင်သူ ၂ဝ ‌ကျော်ခန့်သာရှိ‌ကြောင်း အလုပ်သမားများထံမှ သိရသည်။

ယခုလပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်ရုံ ၆ ရုံ ထက်မနည်း ပိတ်သိမ်းခဲ့ရပြီး မြန်မာအလုပ်သမား သုံး‌ထောင် ဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည် (photo-Nay Naw)

‌နေရပ်ပြန်လာသည့် ပဲခူးတိုင်း‌ဒေသကြီး၊ ဖြူးမြို့နယ်မှ မ‌အေးမြသူက “ စက်ရုံမှာ တရက်ကို ဘတ် ၃၀ဝ ‌ကျော် ရတယ်။ အလုပ်‌ကောင်းပြီး အချိန်ပို (Over Time) ရှိတဲ့ လဆိုရင် မြန်မာ‌ငွေ ၇ သိန်း ‌လောက်ရပြီး အချိန်ပိုမရှိရင် ၃ သိန်း‌ကျော် ၄ သိန်း‌လောက်ပဲ ရတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းလို့သာ သွားလုပ် ရတာ။ ဘာသာစကား နားမလည်‌တော့ အနှိမ်ခံရတာ‌တွေ‌တော့ ရှိတာ‌ပေါ့။ ‌နောက်ထပ်ဒီလို ထပ်ဖြစ်မှာ စိုးရိမ်လို့ ထိုင်းကို‌တော့ ပြန်မသွား‌တော့ဘူး”ဟု ‌ပြောသည်။

ထိုင်းတွင် ကြိုတင် အ‌ကြောင်းမကြားဘဲ စက်ရုံပိတ်သိမ်းပါက မသိ‌ကြေး/ဒဏ်‌ကြေး‌ပေးရမည့်အပြင် အလုပ် သမား များအား လုပ်သက်အလိုက် အနည်းဆုံး ရက်‌ပေါင်း ၃ဝ နှင့် ၂၄ဝ ကြား လုပ်အားခကို နစ်နာ‌ကြေး‌ပေးရ မည်ဟု သတ်မှတ် ထားသည်။

ယခုလပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်ရုံ ၆ ရုံ ထက်မနည်း ပိတ်သိမ်းခဲ့ရပြီး မြန်မာအလုပ်သမား သုံး‌ထောင် ဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနှင့် ထိုင်းအလုပ်သမား ၂၀ဝ ‌ကျော် ရှိသည့် နကွန်ပ ထုန်ခရိုင်ရှိ နစ်ပွိုင့်ကုမ္ပဏီလီမိတက် (Knittpoint Co. Ltd) စက်ရုံ ပိတ်လိုက်သည့်အတွက် နစ်နာ‌ကြေး‌ပေးရန် အလုပ်သ မားများ ဆန္ဒပြ‌တောင်းဆိုမှုများ ဖြစ်‌ပေါ်ခဲ့သည်ဟု ထိုင်းမှလာ‌သော သတင်းများအရ သိရသည်။