Home သတင်း ဂျပန်၏ အကူအညီဖြင့် ‌လေး‌ကေ‌ကော်မြို့သစ်တွင် လူထုအရင်းအမြစ်ဗဟိုဌာန (CRC)ကို ဖွင့်လှစ်‌ပေး

ဂျပန်၏ အကူအညီဖြင့် ‌လေး‌ကေ‌ကော်မြို့သစ်တွင် လူထုအရင်းအမြစ်ဗဟိုဌာန (CRC)ကို ဖွင့်လှစ်‌ပေး

1856
လူထုအရင်းအမြစ်ဗဟိုဌာန(CRC)ဖွင့်လှစ်ခြင်းအခမ်းအနား (photo-kic)

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

စစ်‌ဘေး‌ရှောင်ဒုက္ခသည်များအတွက် ရည်ရွယ်‌ဆောက်လုပ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ဂျပန်အစိုးရ၏ အကူအညီဖြင့် လူထုအရင်းအမြစ်ဗဟိုဌာန(CRC) ဟု‌ခေါ်သည့် စာကြည့်တိုက်‌ဆောင်ကို ယ‌နေ့ ဖွင့်လှစ်‌ပေးခဲ့သည်။

ဂျပန်အစိုးရနှင့်ပြည်သူများ၊ ရှန်တီ‌စေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှတစ်ဆင့် နိပွန်‌ဖောင်‌ဒေးရှင်းတို့ပူး‌ပေါင်း၍ ‌လေး‌ကေ‌ကော်မြို့သစ်အတွင်းရှိ အလွှာစုံလူထုအ‌နေဖြင့် တန်းတူ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ရည်ရွယ်ပြီး ယခုလို ‌ဆောက်လုပ်လှူဒါန်း ဖွင့်လှစ်‌ပေးခြင်းဖြစ်သည်ဟု SVA၏ မန်‌နေဂျင်းဒါရိုက်တာ ‌နော်‌စေးလာက ‌ပြောသည်။

၎င်းက “ဒီမှာ‌နေတဲ့ ‌ဒေသခံ လူထု‌တွေအ‌နေနဲ့ဖြစ်‌စေ တခြား‌နေရာ IDP(စစ်‌ဘေး‌ရှောင်ပြည်သူ)ကဖြစ်‌စေ ဒုက္ခသည် စခန်းက ပြန်လာတဲ့ ‌ဒေသခံ‌တွေအ‌နေနဲ့ သူတို့ရဲ့ဘဝကို အသစ်ပြန်လည်တည်‌ထောင်ရမှာဖြစ်တဲ့အခါ သူတို့အ‌နေနဲ့ အထင်‌သေး အမြင်‌သေးခံရမှု‌တွေ အခက်အခဲ‌တွေက‌နေ လွတ်‌မြောက်ပြီး အတူတကွ တိုးတက် ဖွံ့ဖြိုး‌စေဖို့ကို ကျမတို့ ယုံကြည်တာက ဒီအရင်းအမြစ်စင်တာက‌နေ ‌နောက်ခံဘက်ဂ‌ရောင်းမတူညီတဲ့ လူတိုင်းတန်းတူရည်တူ ဖွံ့ဖြိုးတိုး တက်‌စေဖို့အတွက်ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူထုအရင်းအမြစ်စင်တာမှတစ်ဆင့် အစိုးရဗဟိုဌာနအသီးသီးအပြင် လွတ်လပ်သည့် လူမှုအဖွဲ့အစည်းများနှင့် ‌ကျေးရွာလူထုစသည့် အရင်းအမြစ်အားလုံးနှင့် အတူတကွ သင်ယူ‌လေ့လာမှုများပြုရင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတကွ အ‌ထောက်အကူပြုရန်လည်း ရည်ရွယ်‌ကြောင်း ‌နော်‌စေးလာ ကဆက် ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အဆိုပါ လူထုအရင်းအမြစ်ဗဟိုဌာန(CRC)ဖွင့်လှစ်ခြင်းအခမ်းအနားကို အဓိက ကူညီပံ့ပိုး‌ပေး ခဲ့သည့် SVA(Shanti Volunteer Association)၏ ဥက္ကဌ ဘုန်း‌တော်ကြီး (Rev.Kyoel Wakabayashi)နှင့် SVA ဝန်ထမ်းများ၊ နိပွန်‌ဖောင်‌ဒေးရှင်းမှ ကိုယ်စားလှယ် (Mr.Ogiue)၊ ‌လေ‌ကေ‌ကော်မြို့သစ် တာဝန်ရှိသူများ၊ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင်မှ တာဝန်ရှိသူများ၊ ‌ဒေသခံ ရပ်မိရပ်ဖနှင့် ‌ကျောင်းဆရာ ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများစုစု‌ပေါင်း ၃၀ဝနီးပါး တက်‌ရောက်ခဲ့သည်။ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မိန့်ခွန်းစကားများ ‌ကျေးဇူးတင်စကားများ ‌ပြောဆိုခဲ့ကြပြီး CRC အ‌ဆောက်အအုံအတွင်း လိုက်လံကြည့်ရှုပြီး‌နောက် CRCနှင့်ပတ်သက်၍ ‌ဒေသခံ လူထုများကို ရှင်းလင်း ‌ပြောဆိုသည့်အစီအစဉ်များပါဝင်ခဲ့သည်။

ဖွင့်ပွဲအစီအစဉ်သို့တက်‌ရောက်လာသူ KNU ဒူးပလာယာခရိုင် အကြံ‌ပေး ပဒို‌စောလစ္စတန်က “ ဒီလို CRCကို လာပြီး ဖွင့်လှစ်‌ပေးတဲ့အတွက် ဒီက‌ဒေသခံလူထု၊ ‌ကျောင်းသူ ‌ကျောင်းသား‌တွေအားလုံးအတွက်က အကျိုးရှိတာ‌ပေါ့။ ဒီစာကြည့်တိုက်‌ဆောင်က‌နေတစ်ဆင့် အသိပညာနားလည်မှု‌တွေ အုပ်ချုပ်‌ရေး အသိပညာ စတဲ့ အသိပညာအ တတ်ပညာ‌တွေက ဒီစာ‌ပေ‌တွေမှာပဲရှိတာ‌ကြောင့် ဒီစာ‌ပေ‌တွေကို များများ ဖတ်ရှုမယ်ဆိုရင်‌တော့ သူတို့ရဲ့ လူမှုဘဝတိုးတက်ဖွံ့ဖြိုးဖို့ များစွာအ‌ထောက်အကူပြု‌ပေးမှာပါ” ဟု ‌ပြောသည်။

အဆိုပါ လူထုအရင်းအမြစ်ဗဟိုဌာနတွင် အ‌ထွေ‌ထွေဗဟုသုတ ရ‌စေမည့် စာအုပ်စာ‌ပေများ၊ သတင်းစာ‌စောင် များထား ရှိ‌ပေးပြီး စာဖတ်‌ဆောင်များ လိုအပ်သည့် ကိရိယာပစ္စည်းများကိုလည်း ဖြည့်ဆည်း‌ပေးထားသည်။ အလားတူ CRCဌာနကို ဆုံဆည်းမြိုင် ‌ဒေသတွင် ယခုနှစ်အတွက် ကနဦး ‌ဆောက်လုပ်ဖွင့်လှစ်‌ပေးပြီး‌နောက် စစ်‌ဘေး‌ရှောင် ဒုက္ခသည်များ အဓိက ‌ရောက်ရှိ‌နေထိုင်သည့် ‌ဒေသများတွင်လည်း ဆက်လက် ‌ဆောက်လုပ်လှူဒါန်း‌ပေးသွားရန်ရှိသည်ဟု SVAက ဆိုသည်။