Home သတင်း မြဝတီတွင် အမျိုးသားတစ်ဦးထံမှ ကျပ် ၁ ‌သောင်းတန်‌ငွေစက္ကူအတု ၁၄ဝ ရွက်‌ကျော် ဖမ်းမိ

မြဝတီတွင် အမျိုးသားတစ်ဦးထံမှ ကျပ် ၁ ‌သောင်းတန်‌ငွေစက္ကူအတု ၁၄ဝ ရွက်‌ကျော် ဖမ်းမိ

2728

စက်တင်ဘာ ၈ ရက်၊ ၂ဝ၁၉ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် စက်တင်ဘာလ ၆ ရက်‌နေ့က အမျိုးသား တစ်ဦးထံမှ ကျပ် ၁ ‌သောင်းတန် ‌ငွေစက္ကူအတု ၁၄ဝ ရွက်‌ကျော် ဖမ်းဆီးရမိသည်ဟု မြဝတီ ခရိုင် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုမှ သိရသည်။

မြဝတီမြို့ အမှတ်(၁)ရပ်ကွက် သဇင်လမ်း‌ပေါ်တွင် စက်တင်ဘာလ ၆ ရက်၊ နံနက် ၁၁ နာရီအ ချိန်ခန့် က ခရိုင်မှုခင်းနှိမ်နင်း‌ရေးအရာရှိ ရဲအုပ်သန်း‌ဇော်ဝင်း ဦးစီး‌သောတပ်ဖွဲ့ဝင်များနှင့်သက်‌သေများက သတင်းအရ ‌စောင့်ဆိုင်း‌နေစဉ် လမ်း‌လျှောက်လာသူ အမျိုးသားတစ်ဦးအား စစ်‌ဆေးရာ ၎င်း၏‌ဘေးလွယ်အိတ်တွင် ထည့်ထားသည့် ပိုက်ဆံအိတ်အတွင်း ၁ ‌သောင်းတန်‌ငွေစက္ကူအတု အရွက်(၇၀)အား ‌တွေ့ရှိသိမ်းဆည်းခဲ့သည်။

ထို့‌နောက် ဆက်လက်စစ်‌ဆေးရာ ၎င်းမှာ လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက မြဝတီမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခို‌နေ‌ကြောင်း ‌ပြောဆိုသဖြင့် ၎င်းတည်းခိုရာအခန်းသို့ သွား‌ရောက်ရှာ‌ဖွေရာ ၁ ‌သောင်းတန်‌ငွေစက္ကူအတု အရွက်(၇၀)အားလည်း‌ကောင်း၊ ၎င်း‌ဈေးဝယ်ခဲ့‌သော ကွမ်းယာဆိုင်မှ ၁ ‌သောင်းတန်‌ငွေစက္ကူအတု ၂ ရွက်အားလည်း‌ကောင်း စုစု‌ပေါင်း ၁ ‌သောင်းတန်‌ငွေစက္ကူအတု (၁၄၂)ရွက်အား သိမ်းဆည်းရမိ‌ကြောင်း ခရိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီး‌ရေးအဖွဲ့တွင် သက်‌သေအဖြစ်ပါဝင်သူတစ်ဦး၏ ‌ပြောကြား ချက်အရ ၎င်းအမျိုးသားမှာ မြဝတီမြို့ရှိ ‌လောင်းကစားရုံတစ်ခုတွင် ၁ ‌သောင်းတန်‌ငွေစက္ကူ အတု ၂ ရွက်ဖြင့် ‌လောင်းကစားပြုလုပ်စဉ် ထို‌လောင်းကစားရုံမှ အ‌လျော်အစားပြုလုပ်သည့် အမျိုးသမီးဝန်ထမ်းတစ်ဦးမှ သိရှိကာ အ‌ကြောင်းကြားမှု‌ကြောင့် သတင်းအရ ‌စောင့်ဆိုင်းဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ‌ပြောကြားခဲ့သည်။

အဆိုပါ ‌ငွေစက္ကူအတုများ ဖမ်းဆီးရမိသည့် အမျိုးသားမှာ ရခိုင်ပြည်နယ်၊ ရ‌သေ့ ‌တောင် မြို့နယ်၊ အ‌ရှေ့‌တောင်ရပ်ကွက် ကမ်းနားလမ်း ‌နေထိုင်သူ ထွန်းခိုင် ၃၃ နှစ်ဖြစ်ပြီး လက်ရှိ တွင် ၎င်းအား မြဝတီမြို့မရဲစခန်းမှ (ပ)၁၀၁၈/၂၀၁၉ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်ဥပ‌ဒေပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။