Home သတင်း မွန်၊ ကရင် JMC-S အရပ်သားကိုယ်စားလှယ်တွင် အမျိုးသမီးပါဝင်ခွင့် အား‌ကောင်း

မွန်၊ ကရင် JMC-S အရပ်သားကိုယ်စားလှယ်တွင် အမျိုးသမီးပါဝင်ခွင့် အား‌ကောင်း

1984

စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် JMC-S (ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ) အရပ်သားကိုယ်စားလှယ်တွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ အားရ ‌ကျေနပ်ဖွယ်ရာ‌ကောင်းသည်ဟု JMC-S တွင် ပါဝင်သည့်အမျိုးသမီး အရပ်သား ကိုယ်စားလှယ်များ က ‌ပြောသည်။

JMC-S ကရင် အရပ်သားကိုယ်စားလှယ်အဆင့်တွင် ၈ဦးရှိရာ အမျိုးသမီး ၄ဦးပါဝင်ပြီး JMC-S မွန် တွင် အရပ်သားကိုယ်စားလှယ် ၄ဦးရှိသည့်အနက် အမျိုးသမီး၂ဦးပါဝင် ခွင့်ရသဖြင့် အချိုးကျညီမျှစွာ ပါဝင်ခွင့်ရ‌နေ‌ကြောင်း အဆိုပါ အမျိုးသမီးကိုယ်စားလှယ်များက ‌ပြောသည်။

“ ကရင်မှာ‌တော့ ၅ဝ ရာခိုင်နှုန်းပါဝင်ခွင့်ရလို့ ‌ကျေနပ်တယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ တစ်စိတ်တစ် ‌ဒေသ ကျမတို့ရဲ့အသံထည့်‌ပေးနိုင်တယ်။ လွှတ်‌တော်မှာ အမျိုးသမီးပါဝင်ခွင့်ရှိသလို ကျမတို့ရဲ့ JMCမှာ ပါလိုက်ခြင်းအားဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ဖြစ်‌ပေါ်လာတဲ့ ပဋိပက္ခအပြုမူလိုမျိုး ငြိမ်းချမ်း ‌ရေးဖြစ်စဉ်မှာထိခိုက်လာမယ့် အပြုအမူလိုလုပ်လာလို့ရှိရင် ကျမတို့က ‌ပြောခွင့်ရတယ်။
ကျမတို့ အမျိုးသမီးပါဝင်ခြင်းအားဖြင့် ရန်လိုမှု ပဋိပက္ခဖြစ်‌စေနိုင်တာကို ‌လျှော့ချ‌စေတယ်” ဟု JMC-S ကရင်အရပ်သားကိုယ်စားလှယ် နန်း‌စေးအွာက ‌ပြောသည်။

ထို့အပြင် အမျိုးသမီးများအ‌နေဖြင့် အဆိုပါအခန်းကဏ္ဍများတွင် ပါဝင်ခွင့်ရလာသည့်အတွက် ညှိနှိုင်း ‌ဖြေရှင်းမှုများလုပ်‌ဆောင်ရာတွင် ပြဿနာများ ကြီးမထွားလာ‌စေရန် ထိန်းချုပ်ညှိနှှိုင်း‌ပေးနိုင်သည်သာ မက အမျိုးသမီးများရင်ဆိုင်‌နေရသည့်ပြဿနာများကိုပါ အလွတ်သ‌ဘော ‌ဖြေရှင်း‌ပေးနိုင်သည့် အ‌ခြေ အ‌နေများရှိခဲ့‌ကြောင်း အမျိုးသမီးကိုယ်စားလှယ်များ၏ ‌ပြောပြချက်များအရ သိရသည်။

“JMC-Sတွင် အမျိုးသမီးပါဝင်ခြင်းအားဖြင့် လူထုအတွင်း သွားတဲ့အခါမှာ အဲဒီကအမျိုးသမီးတချို့ရဲ့ အသံ‌တွေ ပိုထွက်လာ‌တွေ့ရတယ်။ စစ်ရဲ့ဒဏ်ကလည်း အမျိုးသမီး‌တွေလည်း ခံစားရတယ်ဆို‌တော့ ဒီ‌ကော်မတီထဲမှာ အမျိုးသမီး‌တွေလည်းရှိတယ်ဆိုတဲ့အခါကျ‌တော့ ပဋိပက္ခမှာ သူတို့ရင်ဆိုင်ကြုံ ‌တွေ့ရ တာ‌တွေကိုလည်း ပွင့်ပွင့်လင်းလင်း‌ပြောရဲ၊ ဆိုရဲလာတာကို‌တွေ့ရတယ်”ဟု JMC-S မွန်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ် ‌ဒေါက်တာ မိယဉ်ချမ်းက ‌ပြောသည်။

JMC-S ပြည်နယ်အဆင့် အရပ်သားကိုယ်စားလှယ်‌နေရာတွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းအား ‌ကောင်း‌သော်လည်း အစိုးရကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ EAO ကိုယ်စား လှယ်‌နေရာများတွင် အမျိုသမီးကိုယ်စားလှယ်များပါဝင်မှု အားနည်း‌နေ‌သေး‌ကြောင်းလည်း သိရသည်။

JMC -S အဆင့်ရှိ အစိုးရနှင့် EAO ကိုယ်စားလှယ်တွင် အမျိုးသမီးများ ပါဝင်မှုခက်ခဲသည့် အ‌ခြေအ‌နေ နှင့်ပတ်သက်၍ ငြိမ်းချမ်း‌ရေးနှင့် လုံခြုံ‌ရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS ) Executive Director ‌ဒေါက်တာမင်း‌ဇော်ဦးက ယခုလို‌ပြောသည်။

၎င်းက“JMCမှာ အစိုးရဘက် ဖွဲ့စည်းပုံနဲ့ ‌ပြောရမယ်ဆိုရင် JMCမှာ ပြည်နယ်ထဲမှာပါဖို့အတွက် ရဲမှူးကြီးဖြစ်ရမယ်။ နယ်လုံဝန်ကြီးဖြစ်ရမယ်။ ‌ထွေအုပ်မင်းကြီးဖြစ်ရမယ်။ အဲဒီရာထူး‌တွေ ယူထား တဲ့လူ‌တွေက အမျိုးသမီးမဟုတ်ဘူးဆိုရင် အမျိုးသမီး‌တွေက ပါလို့မရဘူး။ အဲဒီအခက်အခဲတစ် ခုရှိတယ်” ဟု ‌ဒေါက်တာမင်း‌ဇော်ဦးက ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးပါဝင်မှုအား‌ကောင်းလာ‌စေ‌ရေးအတွက် အစိုးရဘက် တွင်ဖြစ်‌စေ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့-EAO ဘက်တွင်ဖြစ်‌စေ အမျိုးသမီးများ အတွက် စွမ်း‌ဆောင်ရည်မြှင့်တင်‌ပေးသည့် လုပ်‌ဆောင်မှုအားနည်း‌နေသည်ကို ‌တွေ့ရှိရသည်ဟုလည်း ‌ဒေါက်တာမင်း‌ဇော်ဦးက ‌ထောက်ပြ‌ပြောဆိုသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များထဲမှ ကဏ္ဍအသီးသီးတွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်းပါဝင်ခွင့်ရရန် ‌တောင်းဆိုမှုများရှိ‌နေသလို လက်ရှိအ‌ခြေအ‌နေများအရ JMC-S အဆင့်နှင့် JMC-L အဆင့်များတွင် သာ အမျိုးသမီးပါဝင်ပြီး JMC-U အဆင့်တွင် အမျိုးသမီးပါဝင်လာမှုမရှိ‌သေး‌ကြောင်း သိရသည်။