Home သတင်း ကရင်နှစ် ၂၇၅၉ ခုအတွက် နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ‌ကော်မတီသစ် ဖွဲ့စည်း

ကရင်နှစ် ၂၇၅၉ ခုအတွက် နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ‌ကော်မတီသစ် ဖွဲ့စည်း

2771

စက်တင်ဘာ ၃ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားနှစ်သစ်ကူး ပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)၏ ကရင်နှစ် ၂၇၅၉ ခု၊ နှစ်သစ် ကူးပွဲ‌တော် ကျင်းပ‌ရေးအတွက် ဗဟို‌ကော်မတီသစ်ကို စက်တင်ဘာ ၂၉ ရက်‌နေ့တွင် အင်းစိန်မြို့နယ်၊ ဘူတာ ရုံလမ်း၊ အမှတ် ၇(C) ၌ ပြုလုပ်သည့် နှစ်ပတ်လည် စုံညီအစည်းအ‌ဝေးတွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက် သည်။

အဆိုပါ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီသစ်တွင် ဥက္ကဌအဖြစ် ယခင်ဥက္ကဌ ဖြစ်သူ အငြိမ်းစားပါ‌မောက္ခ မန်း ‌ရွှေပြည်‌အေးကို ဆက်လက်အဆိုပြု ‌ရွေးချယ်ခဲ့ပြီး အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် မန်းသန်းဝင်းဦးတို့ကို ပြန် လည် ‌ရွေးချယ်တာဝန် ‌ပေးခဲ့သည်။ ထို့အပြင် ‌ကော်မတီ ဒုဥက္ကဌများအဖြစ် ‌စောတာက‌ပေါ၊ နန့်ခင်‌အေးဦး (အငြိမ်းစားကထိက)၊ ‌ဒေါက်တာ ‌နော်ရီဘက်ခါထင်၊ ‌စောဦးဦးတို့ကိုတာဝန်‌ပေးခဲ့သလို တွဲဖက်အတွင်း‌ရေးမှူး များအဖြစ် မန်း‌ကျော်ညွန့်၊ ‌စော‌ဂျော့ရှည်၊ နန့်ခင်‌ရွှေဝါနှင့် ‌စောအယ်ထူးတို့ကို ‌ပြောင်းလဲ တာဝန်‌ပေးခဲ့သည်။

“ ကျ‌နော်တို့ ‌ကော်မတီက ပြာသိုလဆန်း ၁ ရက် မ‌ပျောက်ပျက်‌အောင်ထိန်းသိမ်းတဲ့ ‌ကော်မတီဖြစ်တဲ့ အတွက် ‌ကြောင့်၊ ဒုတိယ သမိုင်းမှတ်တိုင် တစ်ခုဖြစ်တယ်။ လုပ်ချင်တာ မလုပ်ချင်တာ၊ သူများဘာ‌ပြော‌ပြော ဒါ‌တွေကို စဉ်းစားဖို့ မလိုဘူး။ ကျ‌နော်တို့က သမိုင်းမှတ်တိုင်ကို ထိန်းတာ၊ ပြာသိုမှားလို့ လုပ်တာမဟုတ်ဘူး။ တပို ့တွဲမှား လို့ လုပ်တာမဟုတ်ဘူး။ ကျ‌နော်တို့က ဟိုးတုန်းက ဘိုး‌ဘေး‌တွေ ‌ပေးခဲ့တဲ့ အ‌မွေအနှစ်ကို ထိန်းတာ” ဟု ‌ကော်မတီသစ် ဥက္ကဌဖြစ်သူ အငြိမ်းစား ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက ‌ပြောသည်။

ထို့အပြင် နှစ်သစ်ကူးကျင်းပရန် နှစ်လခွဲ အချိန်ခန့်သာ လို‌တော့သည့်အတွက် ‌ကော်မတီသစ် အဖွဲ့ဝင်များ အ‌နေဖြင့် ရယူခြင်းကင်းသည့် ‌ပေးဆပ်မှုမျိုးဖြင့် နှစ်သစ်ကူးပွဲ‌တော် ‌အောင်‌အောင်မြင်မြင် ကျင်းပနိုင်ရန် ဝိုင်းဝန်းလုပ်‌ဆောင်ကြရန် တိုက်တွန်းလိုသည်ဟု မန်း‌ရွှေပြည်‌အေးက ဆက်‌ပြောသည်။

အဆိုပါ ‌ကော်မတီကို ၁၉၆၄ ခုနှစ်တွင် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့နှင့် ပတ်သက်၍ ပြာသို၊ တပို့တွဲ အငြင်း ပွားမှု ဖြစ်‌ပေါ်‌နေစဉ် နှစ်သစ်ကူးပွဲ‌တော်ကျင်းပရန် ၁၆ ရက်အလိုတွင် အ-ထ-က (၂) အလုံ (ယခင် ဘ‌ရေတန် ‌ကျောင်း)၌ လူထုအစည်းအ‌ဝေး‌ခေါ်ယူပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၅၅ နှစ်သက်တမ်းရှိပြီးဖြစ်‌ကြောင်း သိရသည်။

၂၇၅၉ ခု၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်) အလုပ်အမှု‌ဆောင် အဖွဲ့သစ်အ‌နေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် အခမ်းအနားကို အစဉ်အလာအတိုင်း ‌အောင်‌အောင်မြင်မြင် ကျင်းပနိုင်‌ရေးအတွက် လာမည့်‌အောက်တိုဘာ ၇ ရက်‌နေ့တွင် ‌ကော်မတီသစ် အစည်းအ‌ဝေးပြုလုပ်သွားမည် ဖြစ်သည်။