Home သတင်း ‌ရေကြီးမှုဖြစ်ပွား၍ ကရင်ပြည်နယ်အတွင်း စာသင်‌ကျောင်း ၅ဝ ခန့် ပိတ်ထားရ

‌ရေကြီးမှုဖြစ်ပွား၍ ကရင်ပြည်နယ်အတွင်း စာသင်‌ကျောင်း ၅ဝ ခန့် ပိတ်ထားရ

3651

ဩဂုတ် ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများရှိ‌နေသည့်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ၅ မြို့နယ်၌ ‌ရေကြီးမှုစတင်ဖြစ်ပွားပြီး စာသင်‌ကျောင်း ၅ဝ ‌ကျော် ပိတ်ထားရ‌ကြောင်း သိရသည်။
မြဝတီ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ ဖားအံ စသည့် မြို့နယ် ၅ မြို့နယ်တွင် မိုးဆက်တိုက် ရွာ သွန်းမှု‌ကြောင့် ‌ရေကြီး‌ရေဝင်မှုများဖြစ်ပွား‌နေခြင်းလည်းဖြစ်‌ကြောင်း ကရင်ပြည်နယ် လူမှု‌ရေးရာဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်က ဩဂုတ် ၆ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “‌ရေက‌တော့ တက်လာတယ်။ ဥပမာ လှိုင်းဘွဲတို့၊ ကြာအင်းဆိပ်ကြီးတို့မှာ ‌တောင်ကျ‌ချောင်း‌ရေနဲ့ ပတ် သက်ပြီး အတက်အကျလည်း မြန်နိုင်တယ်။ သံလွင်မြစ်‌ဘေးက‌တော့ အတက်အကျ‌နှေးတယ်။ ဒါ‌ပေမယ့် မနှစ် ကလို အရမ်းစိုးရိမ်ရမယ့်အတိုင်းအတာ‌တော့ မရှိ‌သေးဘူး”ဟု ‌ပြောသည်။

ထို့အပြင် ယမန်နှစ်အ‌တွေ့အကြုံများအရ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယခုနှစ် ‌ရေ‌ဘေးအတွက် ကြိုတင် ကာ ကွယ်ပြင်ဆင်မှုလုပ်ငန်းများ၊ ရိက္ခာဝယ်ယူစု‌ဆောင်းမှုများလည်း ပြုလုပ်ထားခြင်း၊ ကုန်‌ဈေးနှုန်း မြင့်တက်သည့် အ‌ခြေအ‌နေမျိုးမရှိနိုင်ခြင်း‌ကြောင့် ပြည်သူများ အစိုးရိမ်မလွန်ကြပါရန် ဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်က ထပ်‌လောင်း‌ပြောဆိုသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာသင်‌ကျောင်း၂၅ ‌ကျောင်းခန့်၊ လှိုင်းဘွဲတွင် ၁ဝ ‌ကျောင်း၊ ‌ကော့ကရိတ် တွင် ၅ ‌ကျောင်း၊ မြဝတီနှင့် ဖားအံ စသည့်မြို့နယ်များတွင်လည်း စာသင်‌ကျောင်းအချို့ပိတ်ထားရပြီး ‌ကျောင်း ‌ပေါင်း ၅ဝ ခန့် ပိတ်ထားရ‌ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှု ဆက်လက်တည်ရှိမည်ဖြစ်ပြီး ဖားအံ၊ သံလွင်မြစ်၏ စိုးရိမ်‌ရေအမှတ် ၇၅ဝ စင်တီမီတာသို့‌ကျော်လွန်ကာ ယ‌နေ့တွင် ၈၂၇ စင်တီမီတာသို့ ‌ရောက်ရှိ‌နေပြီဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ မိုး‌လေဝသနှင့် ဇလ‌ဗေဒ ဦးစီးဌာန၏ တိုင်းထွာချက်အရ သိရသည်။