Home သတင်း ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်း စတင်ဖွင့်လှစ်

ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်း စတင်ဖွင့်လှစ်

2365

ဩဂုတ် ၁၉ ရက်၊ ၂၀၁၉ခုနှစ်။ ‌စောရှား

စတုတ္ထအကြိမ်‌မြောက် ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်းကို ဖားအံမြို့နယ်၊ ဗုဒ္ဓဂယာရှိ ခ‌လောက်‌ထောင်‌ကျေးရွာ၌ ဩဂုတ်လ ၁၉ ရက်(ယ‌နေ့)မှ ၃ဝ ရက်အထိ ပြုလုပ်လျက်ရှိ သည်ဟု သိရသည်။

ကရင်လူငယ်အစည်းအရုံး -KYOနှင့် ကရင်လူငယ်ကွန်ရက်-KYNတို့မှ ဦး‌ဆောင် ပြုလုပ်သည့် အဆိုပါ သင်တန်း ကို ကရင်လူငယ်များ ကရင်တစ်မျိုးသားလုံး၏ ‌မျှော်မှန်းချက်၊ ရည်မှန်းချက်များ ဖြစ်‌မြောက်ရန်အတွက် စည်း လုံးညီညွတ်စွာဖြင့် ပါဝင်ကူညီပံ့ပိုးရန်နှင့် သမိုင်း‌ပေးတာဝန်များကို ထမ်း‌ဆောင်ရာတွင် စိတ်အားထက်သန်မှု ရှိ လာ‌စေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု သင်တန်း‌ကော်မတီဥက္ကဌ ‌စောလယ်နယ်က
‌ပြောသည်။

၎င်းက“‌ဒေသ‌ပေါင်းစုံမှာရှိတဲ့ ကရင်လူငယ်‌တွေ ပြန်စုပြီး ‌ရှေ့အနာဂတ်အတွက် လက်တွဲလုပ်‌ဆောင်နိုင်ဖို့ အ တွက်‌ပေါ့။ လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေ သိရှိဖို့အတွက်လည်း ဒီကဘာသာရပ်‌တွေမှာ ပို့ချသွားမယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

၁၂ ရက်တာ ကြာမြင့်မည့် အဆိုပါ သင်တန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU၏ ခရိုင်အလိုက် KYO လူငယ်များ၊ KYN၏ ‌ဒေသ (၁၁)ခုမှ ကရင်လူငယ်များ စုစု‌ပေါင်း ၄၅ ဦးတက်‌ရောက်‌နေ‌ကြောင်း တာဝန်ရှိ သူများထံမှ သိရသည်။

အဆိုပါ ဆရာဖြစ်သင်တန်းတွင် အ‌ခြေခံနိုင်ငံ‌ရေး၊ နိုင်ငံ‌ရေးသိပ္ပံ၊ ကရင်အမျိုးသားလှုပ်ရှားမှုသမိုင်း၊ ငြိမ်းချမ်း ‌ရေးဖြစ်စဉ်နှင့် Federalism အစရှိသည့် ဘာသာရပ်များကို ‌ကေအဲန်ယူမှ ‌ခေါင်း‌ဆောင်အချို့၊ ပြည်တွင်းရှိ သက်ဆိုင်ရာ တတ်သိကျွမ်းကျင်‌သော သင်တန်းဆရာများက သင်ကြားပို့‌ပေးသွားမည်ဟု သိရသည်။

ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း (Nation Building and Political Empow erment Program) ဆရာဖြစ်သင်တန်း အစီအစဉ်ကို ၂၀၁၉ ခုနှစ်အတွင်း (၄)ကြိမ်ပြုလုပ်သွားခြင်း ဖြစ်ကာ ယခု ‌နောက်ဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
ပထမဦးဆုံးအကြိမ်သင်တန်းကို ဧပြီလ၌ ‌ကော့ကရိတ်မြို့နယ်၊ ကြာကွာ‌ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ‌မေလ၌ KNU/KNLA-PC ဌာနချုပ်တည်ရှိရာ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာနှင့် တတိယ အကြိမ်အဖြစ် ဇွန်လတွင် KNU ဒူးပလာယာခရိုင်၊ ထီးဝါဖလိုး‌ကျေးရွာတို့၌ အသီးသီးပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ် သည်။