Home သတင်း နှစ် ၇ဝရှိ တက္ကသိုလ် စာ/ယဉ် တည်တံ့‌ရေး ဂျူနီယာကရင်‌ကျောင်းများ ဆက်လုပ်သွားရန် တိုက်တွန်း

နှစ် ၇ဝရှိ တက္ကသိုလ် စာ/ယဉ် တည်တံ့‌ရေး ဂျူနီယာကရင်‌ကျောင်းများ ဆက်လုပ်သွားရန် တိုက်တွန်း

2993

ဇူလိုင် ၂၈ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း

နှစ်‌ပေါင်း ၇ဝ သက်တမ်းရှိပြီး ဖြစ်သည့် ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) ဆက်တည်တံ့နိုင်‌ရေးအတွက် မျိုးဆက်သစ် ဂျူနီယာ ကရင်‌ကျောင်းသူ၊ ‌ကျောင်းသားများ ဆက်လက် လုပ်‌ဆောင်သွားရန် တိုက်တွန်းလိုသည်ဟု စီနီယာ တက္ကသိုလ်ကရင်‌ကျောင်းသားများက ‌ပြောသည်။

ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ ရန်ကုန်)က ဦး‌ဆောင်ကာ တက္ကသိုလ် ကရင်‌ကျောင်း သူ‌ကျောင်းသားများ ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ‌နောက်ဆုံးနှစ် ‌ကျောင်းသူ‌ကျောင်းသားများ နှုတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၈ရက်‌နေ့တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ယခုလို တိုက်တွန်း‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စီးပွား‌ရေးတက္ကသိုလ် ‌နောက်ဆုံးနှစ်‌ကျောင်းသူ နန်းဝါဝါဝင်းက “ကျမတို့ တက္ကသိုလ်စာယဉ်မှာ ပါဝင်ဖို့ ‌ပြောချင်တယ်။ အခု စီနီယာ‌တွေ‌နောက်ကို ဂျူနီယာ‌တွေ လိုက်ပါဝင်ခြင်းက အရမ်းအားနည်းတယ်။ ဒါ‌ကြောင့် ‌မောင်မယ်သစ်လွင်‌တွေ အများ ကြီးရှိ‌နေတဲ့အချိန်မှာ ဖိတ်‌ခေါ်ပါတယ်။ တက္ကသိုလ်စာယဉ်ဟာ နှစ် ၇ဝ ရပ်တည်ခဲ့ပါပြီ၊ ဒီအသင်းဟာ လွတ်လပ်‌ရေးရပြီးက တည်းက ‌ပေါ်‌ပေါက်လာတာပါ။ ‌မောင်မယ်သစ်လွင်‌တွေသာ မရှိ‌တော့ရင် နှစ်ဘယ်‌လောက်ပဲ ရှိခဲ့ရှိခဲ့ ‌ပျောက်ကွယ်သွားမှာ ဖြစ် ပါတယ်။”ဟု ‌ပြောသည်။

ကရင်‌ကျောင်းသူ၊ ‌ကျောင်းသား ‌မောင်မယ်သစ်လွင်များကို တက္ကသိုလ်စာ/ယဉ်က ကြိုဆိုပါ‌ကြောင်း၊ ‌မောင်မယ်တို့၏လူငယ် ဘဝကို အကျိုးရှိရှိ၊ ရည်မှန်းချက်ရှိရှိ ရပ်တည်ကြိုးစားကြရန်နှင့် ပညာ‌ရေးသည် မိမိလူမျိုး၊ မိမိနိုင်ငံအတွက် အ‌ရေးကြီးသလို တစ်ဖက်တစ်လမ်းမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုများကို ‌လေ့လာဆည်းပူးကာ မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းကြရန် တိုက် တွန်းလိုသည်ဟု ‌ကော်မတီဥက္ကဌ ‌ဒေါက်တာ‌နော်သီတာထူး (ပါ‌မောက္ခ – ရုက္ခ‌ဗေဒ၊ ရန်ကုန်အ‌နောက်ပိုင်းတက္ကသိုလ်)က ‌ပြောသည်။

ရန်ကုန် အ‌နောက်ပိုင်းတက္ကသိုလ်မှ ပထမနှစ်‌ကျောင်းသူ ‌နော်မင်းမဉ်ဇူက “ကျမတို့ကလည်း ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော် မတီမှာ တက်တက်ကြွကြွ ပါဝင်‌ဆောင်ရွက်မယ်လို့ ဆန္ဒပြုပါတယ်။ တက္ကသိုလ်စ‌ရောက်တုန်းက အသိအကျွမ်းမရှိလို့ အားငယ် ‌ပေမဲ့ အခုလို ကရင်အသိုက်အဝန်းက ကြိုဆိုတဲ့အတွက် အားငယ်စိတ်‌တွေ မရှိ‌တော့ဘူးလို့ ‌ပြောချင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ (ဇူလိုင် ၂၈)ရက်‌နေ့တွင် ပြုလုပ်သည့် တက္ကသိုလ်စာယဉ် ‌မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ ‌ကော်မတီ နာယကနှင့် ‌ကော်မ တီဝင်များ၊ ရန်ကုန်မြို့‌ပေါ်ရှိ တက္ကသိုလ် အသီးသီးမှ ကရင်ဆရာဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ ‌ကျောင်းသား ‌ဟောင်းများ၊ မအူပင်၊ ဟသင်္ာတတက္ကသိုလ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီဝင်များ အပါအဝင် စုစု‌ပေါင်း လူ ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်‌ရေး ရရှိပြီးချိန်မှစ၍ ကရင်တက္ကသိုလ် ‌ကျောင်းသူ‌ကျောင်းသားများက တက္ကသိုလ် ကရင်စာ‌ပေနှင့်ယဉ် ‌ကျေးမှု‌ကော်မတီကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှ နှစ် ၇ဝ သက်တမ်းအတွင်း ရန်ကုန်တက္ကသိုလ် ‌ကျောင်းသားများအဖွဲ့၊ ရန်ကုန်တက္ကသိုလ်များ ကရင်တိုင်းရင်းသား စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ၊ ကရင်တိုင်းရင်းသား စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆပ် ‌ကော်မတီ တက္ကသိုလ်များရန်ကုန်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ တက္ကသိုလ်များရန်ကုန်၊ ကရင်တိုင်းရင်းသား စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) စသဖြင့် အမည်အမျိုးမျိုး ဖြစ်ရပ်တည်လာခဲ့‌ကြောင်း ‌ကော်မတီထံမှ သိရ သည်။