Home သတင်း နစ်နာသူများဘက်မှ အခမဲ့ လိုက်ပါ‌ဆောင်ရွက်‌ပေးမည်ဟု ကရင်ဥပ‌ဒေပညာရှင်များအဖွဲ့ ‌ပြောဆို

နစ်နာသူများဘက်မှ အခမဲ့ လိုက်ပါ‌ဆောင်ရွက်‌ပေးမည်ဟု ကရင်ဥပ‌ဒေပညာရှင်များအဖွဲ့ ‌ပြောဆို

3215

ဇူလိုင် ၈ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ဥပ‌ဒေပညာရှင်များ လူမှုအ‌ထောက်အကူပြု အဖွဲ့အ‌နေဖြင့် ဥပ‌ဒေပိုင်းဆိုင်ရာ နစ်နာသည့် ‌ငွေ‌ကြေး မတတ် နိုင်သူများဘက်မှ အခမဲ့လိုက်ပါ‌ဆောင်ရွက်‌ပေးသွားမည်ဟု ဇွန် ၆ ရက်တွင် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်၊ က-၄ လမ်းရှိ၊ အင်းစိန်မြို့သစ် ကရင်နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်း၌ ပြုလုပ် သည့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် အဖွဲ့ ဥက္ကဌ ဖြစ်သူ တရားလွှတ်‌တော်‌ရှေ့‌နေ ‌စောတာက‌ပေါက ‌ပြောသည်။

၎င်းက “ ကရင်လူမျိုး‌တွေအ‌နေနဲ့ ရပ်ရွာထဲမှ နစ်နာဆုံးရှုံးတာ‌တွေရှိတယ်။ ဥပမာအားဖြင့် လယ်ယာ‌မြေအသိမ်း ခံရတာတို့ ဘာတို့‌ပေါ့၊ တကယ်လည်း မရှိဆင်းရဲတယ်။ တကယ်လည်း နစ်နာတယ်ဆိုရင် ကျ‌နော်တို့ အဖွဲ့က အခမဲ့ လိုက်ပါ ‌ဆောင်ရွက်‌ပေးသွားမယ်” ဟု ‌ပြောသည်။

ထို့အပြင် မိမိတို့ အဖွဲ့အ‌နေဖြင့် ကရင်လူမျိုး ဥပ‌ဒေပညာရှင်များဖြင့် ဖွဲ့စည်းထား‌သော်လည်း မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည့်အတွက် လူမျိုးမ‌ရွေး၊ ဘာသာမ‌ရွေး၊ တိုင်းရင်းသား‌ပေါင်းစုံအတွက် ဥပ‌ဒေပိုင်း ဆိုင်ရာ အ‌ထောက်အကူပြုသွားရန် ရည်ရွယ်ထား‌ကြောင်း တရားလွှတ်‌တော်‌ရှေ့‌နေ ‌စောတာက‌ပေါက ‌ပြောသည်။

ကရင် ဥပ‌ဒေပညာရှင်များ လူူမှုအ‌ထောက်အကူပြုအဖွဲ့အား တချိန်ကျလျှင် ကရင်တစ်မျိုးသားလုံး အားကိုးအား ထားပြုရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည် ဖြစ်ပြီး လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု သိရှိ ထား‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

“ကျမတို့မှာ မဏ္ဍိုင်ကြီးသုံးရပ်ရှိတဲ့ ‌နေရာမှာ တရား‌ရေးမဏ္ဍိုင်သည် လွတ်လပ်ပြီး အမှီအခိုကင်းရပါမယ်။ ဒါ ‌ကြောင့်မို့လို့ ဒီအသင်းအဖွဲ့ကြီးက ပုံစံနဲ့ ရပ်တည်ချက်‌ရော၊ ‌နောက်ပါတီနိုင်ငံ‌ရေး ဒီဟာ‌တွေနဲ့ ပတ်သက်ပြီး လုံးဝ ကင်းရှင်းတဲ့ လွတ်လပ်၊ အမှီအခိုကင်းတဲ့ အဖွဲ့ဖြစ်တာ ‌ကောင်းပါတယ်။ ဘယ်သူရဲ့ လွှမ်းမိုးမှုကိုမခံတာ တရား‌ရေးပဲ ဖြစ်ပါတယ်” ဟု ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးက ‌ပြောသည်။

မဏ္ဍိုင်ကြီး‌လေးရပ်တွင် အဆင့်မြင့်တဲ့ မဏ္ဍိုင်ကြီး တစ်ခုမှာ‌ထောက်တိုင်အဖြစ် ပါဝင်သည့်ဥပ‌ဒေနှင့် ဆိုင်သည့် အခမ်းအနားဖြစ်ခြင်း‌ကြောင့် ကိုယ်တိုင်ကြွ‌ရောက် အား‌ပေးခြင်းဖြစ်ပြီး ရိုးသားပြီး ရုံးများကိုသွားလိုခြင်းမရှိသည့် ကရင်တိုင်းရင်းသားများအတွက် ဥပ‌ဒေပိုင်းဆိုင်ရာ အ‌ထောက်အကူပြုမည်ဟု ‌မျှော်လင့်‌ကြောင်း ‌မှော်ဘီမြို့ နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ နာယက ‌နောကုန်းဆရာ‌တော် ဦးအာစိန္နက မိန့်ကြားသည်။

ကရင်ဥပ‌ဒေ ပညာရှင်များ လူမှု အ‌ထောက်အကူပြုအဖွဲ့ကို ဥပ‌ဒေဘွဲ့ရ အဖွဲ့ဝင် ၁၇ ဦးပါ အလုပ်အမှု‌ဆောင်ကို ဖွဲ့စည်းထားသည်။ အဖွဲ့အ‌နေဖြင့် ဥပ‌ဒေ နယ်ပယ်ရှိ မျိုးဆက်သစ် ကရင်လူငယ်များကို ‌မွေးထုတ်လက်တွဲ ‌ခေါ်ယူခြင်း၊ ဥပ‌ဒေပိုင်းဆိုင်ရာ သင်တန်းများ‌ပေးခြင်း၊ တရားဥပ‌ဒေ စိုးမိုး‌ရေးနှင့် လူအခွင့်အ‌ရေး စသည်တို့ကို တတ်စွမ်း သမျှလုပ်‌ဆောင်သွားရန် ရည်ရွယ်ထားပြီး က‌လေးသူငယ်၊ အမျိုးသမီး၊ မရှိဆင်းရဲသားများဘက်မှ နစ်နာသည့် အမှုများကိုလည်း အခမဲ့လိုက်ပါ ‌ဆောင်ရွက်‌ပေးသွားမည်ဟု အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် အဖွဲ့အ‌နေဖြင့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ကရင်ဥပ‌ဒေပညာ ရှင်များနှင့်လည်း ချိတ်ဆက်ထားပြီး ရုံးခန်းများ ဆက်ဖွင့်လှစ်သွားရန်ရှိသည်ဟု အဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

ကရင်ဥပ‌ဒေပညာရှင်များ လူမှုအ‌ထောက်အကူ ပြုအဖွဲ့ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်‌နေ့တွင် ရန်ကုန် မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အလုပ်အမှု‌ဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့ ဖွဲ့စည်းပုံ စည်း မျဉ်းများ‌ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး‌နောက် ဇွန် ၉ ရက်‌နေ့တွင် အင်းစိန်မြို့သစ် (က+ခ) ရပ်ကွက် က-၄ လမ်း တွင် ရုံးခန်းစတင်ဖွင့်လှစ်ခဲ့ပြီး အဖွဲ့အ‌နေဖြင့် လွတ်လပ်ပြီး အမှီအခိုကင်းသည့် အဖွဲ့ဖြစ်‌ကြောင်း သိရသည်။