Home သတင်း လက်နက်ကိုင်အချို့ ပါဝင်မှုရှိသဖြင့် မူးယစ်နှိမ်နင်းမှုတွင် အခက်အခဲရှိ‌နေဟု ပြည်နယ် ရဲတပ်ဖွဲ့ အရာရှိ‌ပြော

လက်နက်ကိုင်အချို့ ပါဝင်မှုရှိသဖြင့် မူးယစ်နှိမ်နင်းမှုတွင် အခက်အခဲရှိ‌နေဟု ပြည်နယ် ရဲတပ်ဖွဲ့ အရာရှိ‌ပြော

2746

ဇွန်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ မူးယစ်‌ဆေးဝါးအမှုများတွင် အချို့‌သော လူမျိုးစုလက်နက်ကိုင်များ ပါဝင်ပတ်သက်မှု များရှိ‌နေသည့်အတွက် တားဆီးနှိမ်နင်း‌ရေးလုပ်ငန်းများ‌ဆောင်ရွက်ရာတွင် အခက်အခဲများရှိ‌နေ‌ကြောင်း ပြည် နယ် မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်း‌ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်‌ဖော်‌ပြောဆိုသည်။

ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ယ‌နေ့ (ဇွန် ၂၆ရက်) ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးစားမှု နှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေး အခမ်းအနားတွင် ကရင်ပြည်နယ်ရှိ မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်း ‌ရေး တပ်ဖွဲ့အမှတ် (၃၁) တပ်ဖွဲ့စုမှူး ရဲမှူးသန်းမင်းက သတင်း‌ထောက်များကို ထိုသို့‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ဒီမှာ‌တော့ တားဆီးနှိမ်နင်း‌ရေး‌ဆောင်ရွက်တဲ့အခါမှာ နည်းနည်းအခက်အခဲရှိတာက‌တော့ တရားဥပ‌ဒေ စိုးမိုးမှု အားနည်းတယ်။ ကျ‌နော်တို့ ကွင်းဆက်သတင်း‌တွေ ‌ဖော်ထုတ်တဲ့အခါမှာလည်း လူမျိုးစုလက်နက်ကိုင် ဧရိယာ နယ်‌တွေ ကျ‌နော်တို့မှာ ဖွဲ့စည်းပုံအရ အင်အားနည်းတဲ့အခါကျ‌တော့ စိတ်သွားတိုင်း ကိုယ်ပါလိုက် လုပ် လို့မရ တာရှိတယ်။ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့‌တွေမှာလည်း ပါဝင်ပတ်သက်တာရှိတယ်။ ကျ‌နော်တို့မှာ အဲဒီအား နည်းချက်‌တွေရှိတယ်။ မူးယစ်‌ဆေးဝါးတားဆီး နှိမ်နင်းလို့မရတဲ့ အ‌ကြောင်းအရာက‌တော့ လူမျိုးစုလက် နက်ကိုင်‌တွေ အဓိက သူတို့နဲ့ ‌တော်‌တော်များများပါဝင်ပတ်သက်‌နေတယ်” ဟု ရဲမှူးသန်းမင်းက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါးအမျိုးအစားများထဲတွင် ဘိန်းဖြူ၊ ဘိန်းစိမ်းများ ဖမ်းဆီး ရရှိမှုထက် စိတ်ကြွရူးသွပ်‌ဆေးပြားများဖမ်းဆီးရရှိမှုမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကထက် ပိုများ‌ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ယ‌နေ့ အခမ်းအနားတွင် ထည့်သွင်း‌ပြောဆိုထားသည်။

၎င်းအပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အ‌ခြေအ‌နေမှာ လက်နက်ကိုင်အင်အားစု အများစုရှိ‌နေသလို တရားမဝင်နယ်စပ်‌ဒေသ ဖြတ်‌ကျော်ပြီး ထိန်းချုပ်ဓာတု‌ဗေဒပစ္စည်းများတင်သွင်းမှုများလည်း ရှိ‌နေသည့် အ တွက် မျက်‌ခြေမပြတ်‌စောင့်ကြည့်ထိန်းသွားရန် လိုအပ်‌ကြောင်းလည်း ဆက်လက်‌ပြောဆိုသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသည့် မူးယစ်‌ဆေးဝါးဖမ်းဆီးရရှိသည့် စာရင်းအရ ၂၀၁၈ ခုနှစ်တွင် ဖမ်း ဆီးရရှိသည့် မူးယစ်‌ဆေးဝါးအမှု‌ပေါင်း ၄၆၈ မှုရှိပြီး ၂၀၁၉ ခုနှစ်စပိုင်းမှစ၍ ယခုဇွန်လထိတွင် ‌နောက်ထပ်မူး ယစ်‌ဆေးဝါးအမှု ၁၅၉ မှု ထပ်မံဖမ်းဆီးရရှိသည်ဟု သိရသည်။

၂၀၁၉ ခုနှစ် ၆ လအတွင်း ကရင်ပြည်နယ်တွင် ဖမ်းဆီးရရှိသည့် မူးယစ်‌ဆေးဝါးများထဲတွင် စိတ်ကြွ‌ဆေးပြား ၂၀၈,၀၉၄ ပြား၊ ‌ဆေး‌ခြောက် ၈၅၈ ဂရမ်၊ ဘိန်းစာရွက် ၆,၅၀ဝ ဂရမ်နှင့် လက်နက်ခဲယမ်း၊ ကား၊ ဆိုင်ကယ် အပါအဝင် ‌ငွေကျပ် ၅၃၄ သိန်းနှင့် တရားခံ‌ပေါင်း ၂၂၆ ဦး ဖမ်းဆီးရမိသည်ဟု ပြည်နယ် ရဲတပ်ဖွဲ့စာရင်းအရ သိရသည်။