Home သတင်း မင်းလွင်‌တောင် စီမံကိန်းအား ‌ဒေသခံများ ထပ်မံကန့်ကွက်

မင်းလွင်‌တောင် စီမံကိန်းအား ‌ဒေသခံများ ထပ်မံကန့်ကွက်

3101

ဇွန်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မင်းလွင်(‌မော‌လေး) ‌တောင် စီမံကိန်းအား ‌ဆောင်ရွက်နိုင်ရန် ကုမ္ပဏီမှ ဆက်လက်ကြိုးပမ်းလာမှု အ‌ပေါ် ‌ဒေသခံများမှ ထပ်မံကန့်ကွက်မှုများပြုလုပ်ခဲ့‌ကြောင်း မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သထုံမြို့နယ်၊ ပိန္နဲ‌တော‌ကျေးရွာအုပ်စု၊ မင်းလွင်‌တောင်အား ဖြူမင်းထွန်း ကုမ္ပဏီမှ ထုံး‌ကျောက်ထုတ်လုပ်ရန် လုပ်ငန်းလုပ်ကိုင်ခွင့်‌လျှောက်ထားလာမှုကိစ္စနှင့်ပတ်သက်ပြီး ယ‌နေ့ (ဇွန်လ ၂၆ရက်)တွင် ‌ဒေသခံတိုင်းရင်းသား များနှင့် ပြည်‌ထောင်စု၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များ ပါဝင်သည့် ‌တွေ့ဆုံပွဲ၌ ထိုသို့ကန့်ကွက်ခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

ဝန်ကြီးက“ ကုမ္ပဏီဘက်က‌နေ အကြိမ်ကြိမ်ကြိုးပမ်းမှုလို့ဆိုရမှာ‌ပေါ့။ အခုဆိုရင် ပြည်နယ်အစိုးရနဲ့ ‌တောင် မသက်ဆိုင်ပဲ ပြည်‌ထောင်စုအစိုးရ‌နေတဆင့် သူတို့ ဝင်‌ရောက်တယ်။ ဖြစ်‌မြောက်နိုင်စွမ်းစမ်းသပ်ခွင့် ကိုလုပ်တာ ဒါတတိယ အကြိမ်‌မြောက်ရှိပြီး။ အရင်က တစ်ကြိမ်ပြီး တစ်ကြိမ်လုပ်တယ်။ အခုက တတိယ အကြိမ်ပြန်ပြီး‌တောင်းဆိုတာ။ အဲ့က‌နေ ခရိုင်အုပ်ချုပ်‌ရေးကို‌ရောက်လာပြီး လူထု‌တွေရဲ့ သ‌ဘောထားဘယ် လိုရှိလဲဆိုတာကိုစိစစ်‌ပေးပါ ဆိုပြီး ဖြစ်လာပြီး ပြန်လည်တင်ပြ‌ပေးပါ‌ပေါ့။ အခု‌တွေ့ဆုံပွဲမှာ တက်‌ရောက်လာတဲ့ လူတိုင်းနီးပါး ကန့်ကွက်ကြတယ်။” ဟု ‌ပြောသည်။

ယ‌နေ့‌တွေ့ဆုံပွဲတွင် တက်‌ရောက်လာသည့် ‌ဒေသခံလူထု (၂၀၀)နီးပါးခန့်က စီမံကိန်းကို ကန့်ကွက်ခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့၏ ကန့်ကွက်မှုအ‌ပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်‌ကောက်ခံရ ယူခဲ့ပြီး‌နောက် သက်ဆိုင်ရာလုပ်ငန်းစဉ်များအလိုက် ဆက်လက်တင်ပြလုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်းလည်း ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ဆက်‌ပြောသည်။

ယခုကဲ့သို့ ‌ဒေသခံများမှ သ‌ဘောမတူ‌ကြောင်း ကန့်ကွက်မှုရှိ‌သော်လည်း ကန့်ကွက်မှုပုံစံမှာ အားနည်း ချက်များရှိခြင်း‌ကြောင့် ‌ဒေသခံများ၏ မသိရှိနားမလည်မှုအ‌ပေါ် အခွင့်အ‌ကောင်းယူကာ တစ်ဖက်သတ်ဆွဲ ‌ခေါ်ယူမှုများ‌ကြောင့် ပြဿနာများရှိလာနိုင်‌ကြောင်း ယခုအ‌ပေါ် ‌ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ သတိပြု‌ဆောင်ရွက်ရန်လည်း ကရင်‌ရေးရာ ဝန်ကြီးက ‌ထောက်ပြ‌ပြောဆိုခဲ့သည်။

အဆိုပါ ‌တွေ့ဆုံပွဲကို ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်၊ ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်မာမာခိုင်၊ ‌ဒေါက်တာ ‌ဇော်လင်းထွဋ် နှင့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ‌ဒေါ်ခိုင်ခိုင်လဲ့ တို့အပြင် သထုံခရိုင် အုပ်ချုပ်‌ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးသိန်းဝင်း၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်အချို့နှင့် ‌ဒေသခံ ၂၀ဝ နီးပါး ပါဝင်တက်‌ရောက်ခဲ့ကြသည်။

မင်းလွင်‌တောင် ဖြစ်‌မြောက်နိုင်စွမ်း ‌လေ့လာရန် ဓာတ်သတ္တုစမ်းသပ်တိုင်းတာမှုကို ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်၊ ဧပြီ လများနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဧပြီလ‌လောက်များတွင် ပြုလုပ်ခွင့်ရခဲ့‌သော်လည်း ‌ဒေသခံများ၏ အကြိမ်ကြိမ်ကန့်ကွက်မှု‌ကြောင့် စီမံကိန်းအ‌ကောင်အထည်‌ဖော်နိုင်ခြင်းမရှိဘဲ ယခုနှစ် ၂၀၁၉ခုနှစ် အထိကြိုးပမ်းမှုများရှိလာခဲ့ခြင်းဖြစ်သည်။

အလားတူ ဘိလပ်‌မြေစီမံကိန်းအတွက် စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် ဖြူမင်းထွန်းကုမ္ပဏီသည် ပြည်သူ လူထုထံ လက်မှတ်နှင့် လက်‌ဗွေများ လိမ်လည်‌ကောက်ယူခြင်း၊ နစ်နာ‌ကြေး အနည်းငယ်‌ပေး၍ ခြိမ်း‌ခြောက် သိမ်းသွင်းခြင်း၊ စမ်းသပ်ကာလအတွင်း ကုမ္ပဏီပိုင်ယာဉ်ကြီးများ ဖြတ်သန်းမှု‌ကြောင့် လယ်‌မြေများ ပျက်စီးခြင်း များရှိသည်ဟူ၍လည်း ‌ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများဘက်က ဆိုသည်။

ထုိုလုပ်‌ဆောင်မှုများကို မင်းလွင်‌ဒေသ‌ကျေးရွာတစ်ဆယ်‌ကျော်မှ ‌ဒေသခံလူထုများ အပြင်းအထန် ကန့်ကွက် မှုများရှိခဲ့သလို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်‌နေ့က မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌စောင့် ‌ရှောက်‌ရေး ‌ကော်မတီ၏ ကြိုးပမ်းမှုဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို စီးပွား‌ရေး ‌ကော် မတီက မင်းလွင်‌တောင် ဘိလပ် ‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းနှင့် ‌ကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရသည်အထိဖြစ်‌ပေါ်ခဲ့သည်။

အလားတူ ယင်းစီမံကိန်းများ မပြုလုပ်ရန်နှင့် စီမံကိန်းအတွက် စမ်းသပ်တိုင်းတာမှုများကို မပြုလုပ်ရန်လည်း ‌ဒေသခံများ၏ သ‌ဘောဆန္ဒနည်းတူ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အချို့မှ ပြီးခဲ့သည့်နှစ်များတွင် လွှတ် ‌တော်တွင်း ကန့်ကွက်မှုများပြုလုပ်ခဲ့သလို ယခုနှစ်တွင်လည်း ဆက်လက်ကန့်ကွက်သွားရန်ရှိသည်ဟု သိရ သည်။

မင်းလွင်‌တောင်၌ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေ စက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို အ‌ကောင်အထည်‌ဖော်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်စမ်းသပ် ‌လေ့လာခဲ့ပြီး လက်ရှိအချိန်အထိ စီမံကိန်းဖြစ်‌မြောက်‌ရေးအတွက် ကုမ္ပဏီဘက်မှ ကြိုးပမ်း ‌နေဆဲပင်ဖြစ်သည်။