Home သတင်း တရားမဝင်ကုန်သွယ်မှု မြင့်တက်‌နေခြင်း‌ကြောင့် မြဝတီနယ်စပ်စခန်းမှ တရားဝင်ကုန်သွယ်မှု‌လျော့ကျလာဟုဆို

တရားမဝင်ကုန်သွယ်မှု မြင့်တက်‌နေခြင်း‌ကြောင့် မြဝတီနယ်စပ်စခန်းမှ တရားဝင်ကုန်သွယ်မှု‌လျော့ကျလာဟုဆို

2757

‌မေလ ၂၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

တရားမဝင်ကုန်သွယ်မှုမြင့်တက်‌နေခြင်း‌ကြောင့် ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရားဝင် ကုန်သွယ် မှု၊ အထူးသဖြင့် သွင်းကုန်ပစ္စည်း ကုန်သွယ်မှုမှာ ယခင်ကာလထက် သိသိသာသာ ‌လျော့ကျလာ‌ကြောင်း မြဝတီ နယ်စပ် ကုန်သွယ်‌ရေးစခန်းမှ ညွှန်ကြား‌ရေးမှူး ဦး‌သောင်းဟန်က ‌ပြောသည်။

၎င်းက“တရားဝင်ကုန်သွယ်မှုလုပ်ငန်းမှာ လိုက်ပါ‌ဆောင်ရွက်နိုင်‌အောင်လို့ ကုန်သွယ်မှုဆိုင်ရာ‌ဖြေ‌လျှော့‌ပေးမှု‌တွေ အ မြဲ‌ဆောင်ရွက်ပါတယ်။ တရားမဝင်ကုန်သွယ်မှု တားဆီး‌ရေး ‌ဆောင်ရွက်မှုကို‌တော့ ကျ‌နော်တို့ အစိုးရ၊ ဌာနဆိုင်ရာများ အပြင် ကုန်သွယ်လုပ်ငန်းရှင်‌တွေလည်း ပူး‌ပေါင်းပါဝင် ပြီး‌တော့ တရားမဝင်သွားလာမှုကို ထိန်းချုပ်‌ပေးနိုင်မှသာ တရား မဝင်ကုန်သွယ်မှု ‌လျော့ကျလာပြီး တရားဝင်ကုန်သွယ်မှု ပမာဏ အမှန်တကယ်တိုးတက်လာမှာ ဖြစ်ပါတယ်”ဟု မြဝ တီနယ်စပ်ကုန် သွယ်‌ရေးစခန်း၌ ‌မေလဆန်းပိုင်းက လစဉ်ပြုလုပ်‌သော ကုန်သွယ်မှုမြှင့်တင်‌ရေး လုပ်ငန်းညှိနိုင်း အ စည်းအ‌ဝေးအပြီးတွင် ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြဝတီနယ်စပ်မှ တရားဝင်ကုန်သွယ်မှုကို ချစ်ကြည်‌ရေးတံတားတစ်ခုသာ သတ်မှတ်ထား‌သော်လည်း ‌သောင်ရင်းမြစ် ဖြတ်‌ကျော်ဂိတ်များက ဝင်လာ‌သော ကုန်ပစ္စည်းများကို ထိန်းချုပ်‌ပေးမည့်သူ မရှိသည့်အတွက် ပြည်တွင်းသို့ လွယ်လွယ်ကူကူ စီးဆင်းသွားပြီး တရားမဝင် ကုန်သွယ်မှုကို မထိန်းချုပ်နိုင်ခြင်းဖြစ်‌ကြောင်း ညွှန်ကြား ‌ရေးမှူး ဦး‌သောင်းဟန်က ဖြည့်စွက်‌ပြောကြားခဲ့သည်။

မြဝတီနယ်စပ်စခန်းမှ ယခု ဘဏ္ဍာနှစ်သစ် ၂၀၁၈ ‌အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ‌မေလ ၁ဝ ရက်‌နေ့ထိ အ‌မေရိ ကန်‌ဒေါ်လာ ၅၄၅ ဒသမ ၅၀၆သန်း ကုန်သွယ်နိုင်ခဲ့‌သော်လည်း ယခင်၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ကာလကထက် အ‌မေရိကန်‌ဒေါ်လာ ၃၃ ဒသမ ဝ၅၈ သန်းကုန်သွယ်မှု ‌လျော့ကျခဲ့ပြီး အထူးသဖြင့် ထိုင်းကုန်ပစ္စည်းများ ပြည်တွင်း‌ဈေး ကွက်သို့ တင်သွင်းမှုမှာ ယခင်နှစ်ကာလထက် ‌ဒေါ်လာ ၆၇ ဒသမ ၅၈၆ သန်း ‌လျော့ကျခဲ့‌ကြောင်း ‌မေလ ၁ဝရက်‌နေ့က ထုတ်ပြန်သည့် အ‌ကောက်အခွန်ဦးစီးဌာန၏ နယ်စပ်ကုန်သွယ်မှု စာရင်းများအရ သိရသည်။

ထိုင်းနိုင်ငံနှင့် မြဝတီနယ်စပ်ကုန်သွယ်‌ရေးစခန်းတို့ ကုန်သွယ်မှု စာရင်းများကို နှိုင်းယှဉ်လိုက်လျှင် ၂၀၁၈ ‌အောက်တို ဘာလမှ ‌ဖေ‌ဖော်ဝါရီလကုန်ထိ ငါလတာကာလအတွင်း အ‌မေရိကန်‌ဒေါ်လ ၆၂၁ သန်း ထိုင်းဘက်က ပိုမိုထား‌ကြောင်း၊ ၎င်းကုန်သွယ်မှု စာရင်းကွာဟမှုအားလုံးမှာ တရားမဝင်ကုန်သွယ်မှုများဖြစ်သည်ဟု မြဝတီကုန်သွယ်‌ရေးစခန်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ယခုနှစ်တွင် မြဝတီနယ်စပ်မှ ‌ပြောင်းဆံအပါအဝင် လယ်ယာထွက်ကုန်နှင့်‌ရေသယံဇာတ ပို့ကုန်တင်ပို့မှုမှာ အ‌မေရိ ကန်‌ဒေါ်လာ ၉၁ ဒသမ ဝ၃၂သန်း ရှိပြီး ယခင်နှစ်ကထက် ၃၄ ဒသမ ၅၂၈သန်း မြင့်တက်လာ‌သော်လည်း ကုန်သွယ်မှု ပမာဏအားလုံး၏ ၁၆ ရာခိုင်နှုန်းခန့်သာရှိပြီး ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ ကုန်သွယ်မှု ပမာဏ၏ ၈ဝ ရာခိုင်နှုန်းရှိ ‌ကြောင်း မြဝတီနယ်စပ်ကုန်သွယ်‌ရေးစခန်းမှ သိရသည်။