Home သတင်း ‌ရွှေ့‌ပြောင်း‌ကျောင်း ၄ ‌ကျောင်းမှ ‌ကျောင်းသား/သူ ၁၄ဝ ‌ကျော် တက္ကသုိုလ်ဝင်တန်း စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆို

‌ရွှေ့‌ပြောင်း‌ကျောင်း ၄ ‌ကျောင်းမှ ‌ကျောင်းသား/သူ ၁၄ဝ ‌ကျော် တက္ကသုိုလ်ဝင်တန်း စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆို

2964

မတ်လ ၄ ရက်၊ ၂ဝ၁၉ ခုုနှစ်။ ‌စောသိန်းမြင့်

ယခုနှစ် မတ်လ ၆ ရက်‌နေ့တွင် စတင်‌ဖြေဆုိုမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်း ၄ ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၄၆ ဦး ဝင်‌ရောက်‌ဖြေဆုိုကြမည်သည်ဟုု သိရသည်။
မဲ‌ဆောက်မှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် စာစစ်ဌာနတွင် ဝင်‌ရောက်‌ဖြေဆုိုမည့် မြန်မာ‌ရွှေ့‌ပြောင်း စာ သင်‌ကျောင်း ၄ ‌ကျောင်းဖြစ်သည့် ဆာသူး‌လေ‌ကျောင်းနှင့် Dear Myanmar တုို့ စုု‌ပေါင်း‌ကျောင်းမှ ၆၇ ဦး၊ SAW ‌ကျောင်းမှ ၁၉ ဦး၊ ‌သွေးသစ်‌ကျောင်းမှ (၆ဝ)ဦးသည် ယ‌နေ့ (မတ်လ ၄ရက်) စာ‌မေး ပွဲ‌ဖြေဆုိုမည့် ‌နေရာသုို့ စ တင်ထွက်ခွာကြပြီဟုု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWEC ဥက္ကဌ ‌နော်ဆာအယ်က ‌ပြောသည်။
“အားလုုံး‌အောင်မြင်ဖုို့‌တော့ ‌မျှော်လင့်တာ‌ပေါ့‌နော်။ ဒါ‌ပေမဲ့ ဒီနှစ်က ‌မေးခွန်းပုုံစံအသစ်‌တွေဆုို‌တော့ ‌ကျောင်း သား၊ ‌ကျောင်းသူ‌တွေအတွက် အခက်အခဲအချို့‌တွေ့နုိုင်ပါတယ်။ အပြည့်အဝ‌တော့ မ‌မျှော်လင့်ထား‌ပေမယ့် အ ‌ကောင်းဆုုံးရလဒ်ကိုု‌တော့ ‌မျှော်လင့်ပါတယ်။” ဟုု BMWEC ဥက္ကဌ ‌နော်ဆာအယ်က ‌ကေအုိုင်စီသုို့ ‌ပြောသည်။
Dear Myanmar ‌ကျောင်းသည် ဘန်‌ကောက်မြို့တွင် အ‌ခြေစုိုက်သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း တစ်‌ကျောင်း ဖြစ်ပြီး တက္ကသုိုလ်ဝင်တန်းစာ‌မေးပွဲကိုု ဆာသူ‌လေး‌ကျောင်းနှင့် ချိတ်ဆက်ကာ ပထမဆုုံးအကြိမ် ဝင်‌ရောက်‌ဖြေဆုိုခြင်းဖြစ်သည်ဟုု သိရသည်။
အဆုိုပါ စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆုိုမည့် ‌ကျောင်းသူ၊ ‌ကျောင်းသားများကိုု မြဝတီမြို့နယ် ဒုုပညာ‌ရေးမှူး ဦး‌စော မင်းခင် ဦး‌ဆောင်သည့် ပညာ‌ရေးဌာနတာဝန်ရှိသူများမှ သွား‌ရောက်ကြိုဆုိုခဲ့ရာ မြဝတီမဟာစည်ရိပ်သာ၌ ‌နေရပ်ချထား‌ပေးပြီး စာ‌မေးပွဲ ‌ဖြေဆုိုသည့်ကာလအတွင်း သက်ဆုိုင်ရာ လွှတ်‌တော်ကိုုယ်စားလှယ်များနှင့် အစုိုးရ တာဝန်ရှိသူများက လုိုအပ်သည့် ရိက္ခာများကုို ‌ထောက်ပံ့ကူညီ‌ပေးသွားမည်ဟုု သိရသည်။
ယခုနှစ် ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို မတ်လ ၆၊ ရ၊ ၈၊ ၉ ရက်‌နေ့တွင် မြန်မာ စာ၊ အဂင်္လိပ်စာ၊ သချင်္ာကို စိတ်ကြိုက်မြန်မာစာကုို စတင်‌ဖြေဆုိုရမည်ဖြစ်ပြီး ဓါတု‌ဗေဒ၊ ရူပ‌ဗေဒ၊ ဇီဝ‌ဗေဒ/‌ဘောဂ ‌ဗေဒ၊ ပထဝီဝင် နှင့်သမိုင်း ဘာသာရပ်များကို ၁၁ ရက်မှ ၁၅ ရက်‌နေ့အထိ ‌ဖြေဆိုမည်ဟုု ပညာ‌ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာ စစ်ဦးစီး ဌာနက ၂ဝ၁၈ခုုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။


တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့် ဆာသူး‌လေ‌ကျောင်းမှ ‌ကျောင်းသူ ‌နော်သက်နှင်းက “ စာ‌မေးပွဲအ တွက် ‌တော်‌တော် ‌လေးကိုု ပြင်ဆင်ထားတာမုို့ ‌အောင်မြင်မယ်လုို့‌တော့ ‌မျှော်လင့်တယ်‌ပေါ့‌နော်။ ‌ကျောင်းဘက် ကလည်း အများကြီးကိုု ပံ့ပုိုး‌ပေးပါတယ်။ ပထမဆုုံး အ‌တွေ့အကြုံဖြစ်တဲ့အတွက် စုိုးရိမ်စိတ်‌တော့ နည်းနည်း ရှိပါ တယ်”ဟုု ‌ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများသည် အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆုိုခဲ့ခြင်းဖြစ်သည်။

ယခင်နှစ် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဆာသူး‌လေ‌ကျောင်းမှ ၄၈ ဦး၊ ‌သွေးသစ်‌ကျောင်းမှ ၅၄ ဦးနှင့် SAW အ ထက်တန်း‌ကျောင်းမှ ၁၉ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ဆာသူး‌လေ‌ကျောင်းမှ ၅ ဦး၊ ‌သွေးသစ်‌ကျောင်းမှ (၁၆)ဦး၊ SAW ‌ကျောင်းမှ (၄)ဦး ‌ဖြေဆို‌အောင်မြင်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း မဲ‌ဆောက်၊ မဲ့လမတ်နှင့် ဖုတ်ဖရတ်မြို့နယ်အပါအဝင် ထုိုင်းနုိုင်ငံထဲတွင် ယခင်က မြန်မာ‌ရွှေ့ ‌ပြောင်း အလုပ်သမားများ၏ သား၊ သမီးများအတွက်ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်း‌ပေါင်း ၇၄ ‌ကျောင်းရှိရာမှ ‌ထောက်ပံ့‌ရေး အခက်အခဲများ‌ကြောင့် ၆၄ ‌ကျောင်းသာကျန်ရှိပြီး နှစ်နိုင်ငံအစိုးရတို့၏ အသိအ မှတ်ပြုမှု မခံထားရသည့် ‌ကျောင်းသူ၊ ‌ကျောင်းသား ‌ပေါင်း ၁၄,၀၀ဝ ‌ကျော်နှင့် ဆရာ၊ ဆရာမ‌ပေါင်း ၇၀ဝ ‌ကျော်ရှိသည်ဟု သိရသည်။