Home သတင်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်နှင့် ဥယျာဉ်၏ အ‌ခြေခံဥပ‌ဒေကို တရားဝင်ထုတ်ပြန်‌ကြေညာ

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်နှင့် ဥယျာဉ်၏ အ‌ခြေခံဥပ‌ဒေကို တရားဝင်ထုတ်ပြန်‌ကြေညာ

3080

ဒီဇင်ဘာ ၁၈ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင်ရှိ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် ( Salween Peace Park ) တရားဝင် ‌ကြေညာခြင်းနှင့် ဥယျာဉ်အ‌ခြေခံ ဥပ‌ဒေ ပြဌာန်း အတည်ပြုခြင်းအခမ်းအနားကို မူ‌တြော်ခရိုင် လူ‌သောမြို့ နယ်၊ ‌ပေး‌ကေးအုပ်စု ၊ ‌ဒေ့ပူနို‌ကျေးရွာတွင် ယ‌နေ့(ဒီဇင်ဘာ ၁၈ ရက်) ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်နှင့် အ‌ခြေခံဥပ‌ဒေကို မူ‌တြော်ခရိုင်ရှိ ဌာ‌နေ ပြည်သူ၏ ၇၅.၁ ရာခိုင်နှုန်း လက်မှတ်ထိုး‌ထောက်ခံမှုကို ခရိုင်ဥက္ကဌ ပဒို‌စောထဲဒန်၊ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီဥက္ကဌ ပဒို‌စောဒီ‌ဂေကျူနီယန်၊ လူထုအ‌ခြေခံပြုအဖွဲ့အစည်းကိုယ် စားလှယ်တစ်ဦးနှင့် ဌာ‌နေလူ ထု ‌ခေါင်း‌ဆောင်တစ်ဦးတို့က အတည်ပြုလက်မှတ်‌ရေးထိုး ကာ တရားဝင်ထုတ်ပြန်‌ကြေညာလိုက်ခြင်းဖြစ်သည်။

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီဥက္ကဌ ပဒို‌စောဒီ‌ဂေကျူးနီယန်က “ကျ‌နော်တို့ ကံ ကြမ္မာနဲ့ ကျ‌နော်တို့ရဲ့အခွင့်အ‌ရေးကို ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။ ကျ‌နေ်ာတို့ ကိုယ်တိုင်ဖန်တီးယူမှ အသိအမှတ်ပြုမှုခံရမယ်။ ဒီသံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဓ‌လေ့ရိုးရာ ယဉ်‌ကျေးမှုထိန်းသိမ်းတဲ့‌နေရာမှာ ခိုင်မာစွာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အားလုံးရဲ့ ပူး‌ပေါင်းပါဝင်မှု‌ကြောင့် အ‌ကောင်အထည်‌ဖော်‌ဆောင်နိုင် တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအတည်ပြု ပြဌာန်းလိုက်သည့် စာမျက်နှာ ၄၇ မျက်နှာပါ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်၏ အ‌ခြေခံဥပ‌ဒေတွင် ‌ယေဘုယျအ‌ကြောင်းအရာများ၊ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် အုပ်ချုပ်‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် တရားမျှတမှု၊ သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲ‌ရေးနှင့် ‌မြေအသုံးချမှု၊ ‌မြေနှင့်ယဉ်‌ကျေးမှုအ‌မွေအနှစ်စသည့် အခန်းကြီး (၅)ခန်းပါရှိသည်။

ဌာ‌နေ လူထုတစ်ဦးဖြစ်သူ ‌နော်‌ဒေး‌နော်က “ကျမတို့ ကရင်လူမျိုး‌တွေဟာ ကိုယ့်တိုင်း နဲ့ပြည်နဲ့ ၊ ကိုယ့်အိမ်ကိုယ့်ရာနဲ့ လွတ်လပ်စွာ ‌နေချင်တဲ့သူ‌တွေဖြစ်တယ်။ ကျမတို့က သစ်‌တော၊ သဘာဝ‌တော ‌တောင်‌တွေ၊ မြစ်‌ချောင်းအင်းအိုင်‌တွေနဲ့ ‌နေချင်ကြတယ်။ တစ်ပါးသူက လာပြီး ဖိနှိပ်တာကို ကျမတို့ မလိုလားဘူး။ အခုလို အတည်ပြု ပြဌာန်းနိုင်တဲ့အတွက် ကျမတို့အ‌နေနဲ့ အရမ်းပဲ ဝမ်းသာ ကြည်နူးမိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ကျင်းပသည့် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် တရားဝင်ထုတ်ပြန်‌ကြေညာပွဲသို့ ‌ကေ အဲန်ယူ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ၊ ‌ကေအဲန်ယူ ဒုဥက္ကဌ ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်၊ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်များ၊ ဖာပွန်ခရိုင် တာဝန်ရှိသူများ လူထုအ‌ခြေပြုအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဲန်ဂျီအိုများ၊ မွန်၊ ကရင်နီ (ကယား) လူမှုအဖွဲ့များနှင့် ‌ဒေသခံဌာ‌နေလူထုများအပါအဝင် စုစု‌ပေါင်း ပရိဿတ် ၇ဝဝ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဌာ‌နေလူထုများ၏ ရိုးရာ‌တေးသီချင်းဖြင့်ဖွင့်လှစ်ကာ တာဝန်ရှိသူများမှ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် ဖြစ်‌ပေါ်လာရန် ကြိုးပမ်းမှု၊ ရည်ရွယ်ချက်များကို ရှင်းပြခြင်း၊ တက်‌ရောက်လာ‌သော ‌ခေါင်း‌ဆောင်များက မိန့်ခွန်း ‌ပြောကြားခြင်းနှင့် ဥယျာဉ်ကို အတည်ပြု‌ကြေညာခြင်းတို့ ပါဝင်သည်။

‌ကေအဲန်ယူ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက “ ဒီသံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်က ‌ကောင်းမွန်တဲ့ လုပ်‌ဆောင်ချက်တစ်ခုဖြစ်တဲ့အတွက် ဒီလုပ်‌ဆောင်ချက်က ကျ‌နော်တို့ နယ်‌မြေ‌တွေ အားလုံးအတွက် စံပြ‌ကောင်းတစ်ခုဖြစ်လာမယ်လို့‌တော့ ကျ‌နော်မြင်ပါတယ်။ ”ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

သံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ်သည် မြန်မာနိုင်ငံ အ‌ရှေ့‌တောင်ဘက်ခြမ်း၊ သံလွင်မြစ်၏ အ ‌နောက်ဘက်ကမ်းတွင် တည်ရှိပြီး အကျယ်အဝန်း (၁,၃၅၅,၅၈ဝ) ဧကရှိသည်။ ၎င်းဥယျာဉ်ကို ငြိမ်းချမ်း‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ‌ရေရှည်ရပ် တည်‌ရေးနှင့် ဓ‌လေ့ရို်းရာ ယဉ်‌ကျေးမှု ထိန်းသိမ်းနိုင်‌ရေး စသည့် ‌မျှော်မှန်းချက် သုံးချက်ဖြင့် ‌ကေအဲန်ယူ နှင့်မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းလုပ်ငန်းစတင်လာခဲ့သည့် ၂ဝ၁၂ ခုနှစ်ကတည်းက ကြိုးပမ်းလုပ်‌ဆောင်လာခြင်းဖြစ်‌သော်လည်း ယခုမှသာ တရားဝင် ထုတ်ပြန်နိုင်ခြင်းလည်း ဖြစ်သည်။