Home သတင်း ထိုင်းအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်၏ ၂ဝ၁၈ လူ့အခွင့်အ‌ရေးဂုဏ်ထူး‌ဆောင်ဆု ‌ဒေါက်တာစင်သီယာ‌မောင် လက်ခံရရှိ

ထိုင်းအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်၏ ၂ဝ၁၈ လူ့အခွင့်အ‌ရေးဂုဏ်ထူး‌ဆောင်ဆု ‌ဒေါက်တာစင်သီယာ‌မောင် လက်ခံရရှိ

3537

ဒီဇင်ဘာ ၁၂ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်(NHRC)က ‌ပေးအပ်သည့် ၂ဝ၁၈ခုနှစ်အတွက် လူ့အခွင့်အ‌ရေးဆိုင်ရာ ဂုဏ်ထူး ‌ဆောင်ဆုကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များကို အခမဲ့ ကျန်းမာ‌ရေး ဝန် ‌ဆောင်မှု‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်အား ယမန်‌နေ့ (ဒီဇင်ဘာ ၁၁ရက်)က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များ၏ က‌လေးငယ်များ အခွင့်အ‌ရေး ကာကွယ် ‌ရေးနှင့် မြှင့်တင်‌ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်‌ဆောင်မှု‌ကြောင့် ထိုင်းအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်က ယင်းဂုဏ်ထူး‌ဆောင်ဆုကို ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “ထိုင်းနိုင်ငံထဲမှာ နယ်စပ်ဖြတ်‌ကျော်ပြီး‌တော့ ‌ရွှေ့‌ပြောင်းမှု၊ ‌နေထိုင်မှု၊ အလုပ်လုပ်မှု‌တွေ ရှိတာနဲ့ တစ်ဆက်တည်းမှာပဲ‌ပေါ့‌နော်။ က‌လေးနဲ့ မိခင် အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှုအပိုင်း၊ ဒီနယ်စပ်တစ်‌လျှောက်မှာရှိတဲ့ တိုင်းရင်းသား‌တွေ၊ ‌နောက်‌ရွှေ့‌ပြောင်းလူထု‌တွေအတွက် ကျန်းမာ‌ရေးလက်လှမ်းမီမှု‌တွေကို ပူး‌ပေါင်း‌ဆောင်ရွက်နိုင်တဲ့ အခွင့်အ လမ်း‌တွေ ရရှိလာမယ်ထင်တယ်။”ဟု ‌ပြောသည်။

ထို့အပြင် လူသားချင်းဆိုင်ရာ အကူအညီများ ဆက်လက်လိုအပ်‌နေဆဲဖြစ်‌သော တရားမဝင် အလုပ်လုပ်‌နေရသည့် ပြည်သူလူ ထုနှင့် နယ်စပ်၊ ပြည်တွင်းဒုက္ခသည်စခန်းရှိ ပြည်သူများ၏ အခွင့်အ‌ရေး ကာကွယ်မြှင့်တင်မှု လုပ်‌ဆောင်ရာတွင် လူသားချင်း ဆိုင်ရာ အကူအညီ ကာကွယ်‌စောင့်‌ရှောက်မှု အဖွဲ့အစည်းများ၊ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုပူး‌ပေါင်း‌ဆောင်ရွက် နိုင်ရန်အတွက် တွန်းအား‌ပေးမှုတစ်ရပ်ဖြစ်မည်ဟုလည်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။

အဆိုပါဆုကို ထိုင်းနိုင်ငံအတွင်း လူ့အခွင့်အ‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို နှစ်စဉ် ‌ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်ပြီး ယခုနှစ်တွင် ‌ဒေါက်တာစင်သီယာ‌မောင်အတွက် လူ့အခွင့်အ‌ရေးမြှင့်တင်‌ရေးနှင့် ကာကွယ်‌ရေး ဂုဏ်ထူး ‌ဆောင်ဆုနှင့် အခြားနယ်ပယ်အတွင်း တစိုက်မတ်မတ် လှုပ်ရှား‌ဆောင်ရွက်‌နေသည့် ဂုဏ်ထူး‌ဆောင်ဆု နှစ်ခုအပြင် တက်ကြွ လှုပ်ရှားသူ ၁၃ဦးကိုလည်း ထိုင်းအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်က ဆုအသီးသီး ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် ၁၉၉၉ခုနှစ်တွင် ဂျွန်နသန်မန်းဆု(Jonathan Mann Award)၊ ၂၀၀၂ခုနှစ်တွင် အ‌ရှေ့‌တောင် အာရှ ရမ်မွန်မက်‌စေး‌စေးဆု (Southeast Asia’s Ramon Magsaysay Award)၊ ၂၀၁၃ခုနှစ်တွင် ဆစ်ဒနီ ငြိမ်းချမ်း‌ရေးဆု (The Sydney Peace Prize )နှင့် ၂၀၁၅ခုနှစ်တွင် ပိုစကိုတီ‌ဂျေပတ်ဆု (The South Korean POSCO TJ Park Prize) အပါအဝင် စုစု‌ပေါင်း နိုင်ငံတကာဆု ၂၇ဆု လက်ခံရရှိထားပြီးဖြစ်သည်။

သူမသည် ၁၉၈၈ခုနှစ်၊ ရှစ်‌လေးလုံးအ‌ရေးအခင်းအပြီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ ‌ရောက်ရှိလာခဲ့ပြီး ၁၉၈၉ခုနှစ်တွင် မယ်‌တော် ‌ဆေးခန်းကို စတင် တည်‌ထောင်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူ့အခွင့်အ‌ရေးလုပ်ငန်းများကို ဆက်လက် လုပ်‌ဆောင်‌နေဆဲဖြစ်သလို မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း (BMA)နှင့် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)၏ ဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။