Home သတင်း KNU ဝင်း‌ရေးမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်‌ရေးကဏ္ဍ ၅ဝရာခိုင်နှုန်း စိုးမိုးလာ

KNU ဝင်း‌ရေးမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်‌ရေးကဏ္ဍ ၅ဝရာခိုင်နှုန်း စိုးမိုးလာ

2891

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၈ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်အတွင်း၌ အပစ်ရပ်ကာလတွင် အစိုးရ၏ ‌ဒေသဖွံ့ ဖြိုး‌ရေးအပါအဝင် နည်းလမ်းမျိုးစုံ အုပ်ချုပ်‌ရေးလုပ်ငန်းစဉ်များ ထိုး‌ဖောက်ဝင်‌ရောက် လာခဲ့ပြီး လက်ရှိတွင် ၅ဝရာခိုင်နှုန်းအထိ စိုးမိုးထားသည်ဟု ဝင်း‌ရေးမြို့နယ် ၄ကြိမ်‌မြောက် ညီလာခံတွင် တင်ပြ ‌သော အစီရင်ခံစာအရ သိရသည်။

အစိုးရတပ်ဘက်မှ ‌ဒေသဖွံ့ဖြိုး‌ရေး၊ နယ်‌မြေလုံခြုံ‌အေးချမ်း‌ရေး၊ တရားဥပ‌ဒေ စိုးမိုး‌ရေး စသည့်‌ခေါင်းစဉ်များ ကိုင်စွဲကာ ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်အတွင်း ဆက်သွယ်အ‌ကြောင်းကြားခြင်းမရှိဘဲ သွားလာလှုပ်ရှားမှုများ ရှိ‌နေသည့် အပြင် NCA ထိုးပြီး‌နောက်ပိုင်း စစ်‌ရေးလှုပ်ရှားမှုများ မရှိ‌သော်လည်း တပ်စခန်းပြုပြင်ခြင်း၊ ရိက္ခာဖြည့်တင်းခြင်း လုပ်ငန်းများကိုပါ လုပ်‌ဆောင်‌နေသည်ဟု နိုဝင်ဘာ ၂၆ရက်မှ ၂၈ရက်‌နေ့အထိ ပြုလုပ် သည့် ၎င်းညီလာခံ၏ အစီရင်ခံစာထဲတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ဝင်း‌ရေးမြို့နယ်အတွင်း ဂိတ်ဖွင့်ထားသည့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များအား ဂိတ်ပိတ်သိမ်း‌စေပြီး အချို့‌နေရာများတွင် ဝင်‌ရောက်အ‌ခြေချ‌နေထိုင်‌စေရာ၌ အစိုးရမြို့နယ်အဆင့်ကလည်း အုပ်ချုပ်‌ရေးလုပ်ငန်းပိုင်းတွင် ထက်ဝက်ခန့် စိုးမိုးမှုရှိလာသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းပါရှိသည်။

KNU ဝင်း‌ရေးမြို့နယ်ဥက္ကဌ၊ ပဒို‌စော‌မောင်‌ရွှေက “၂နှစ်‌ကျော် အုပ်ချုပ်လာတဲ့အပိုင်းမှာ တိုးတက်မှုမရှိဘူး။ လုပ်‌ဖော်ကိုင် ဖက် အပိုင်းမှာ‌ရော၊ လူထုကြားမှာ ထိုး‌ဖောက်နိုင်မှု အားနည်းတယ်။ စည်းရုံး‌ရေးသွားတဲ့‌နေရာမှာ ရည်ရွယ်ထားသ‌လောက် မရခဲ့ဘူး။”ဟု နိုဝင်ဘာလ ၂၆ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါညီလာခံတွင် မြို့နယ်အဆင့် တာဝန်ရှိသူများကို ‌ရွေး‌ကောက်တင်‌မြှောက်မည်ဖြစ်ရာ ‌ခေတ်ပညာတတ်လူငယ်များ ပါဝင် ‌ရွေး‌ကောက်ခံ‌စေလိုပြီး မြို့နယ်အုပ်ချုပ်‌ရေးအပိုင်း ပိုမိုခိုင်မာလာ‌စေရန် လုပ်‌ဆောင်သွားရမည်ဟု လည်း ပဒို‌စော‌မောင်‌ရွှေက ဆက်‌ပြောသည်။

ညီလာခံတက်‌ရောက်‌နေသည့် ‌ဒေသခံလူငယ် ‌စော‌ယောင့်သာအဲဆန်က “KNU ဌာန‌တွေရဲ့ အုပ်ချုပ်မှုတိုး တက် လား၊ ဆုတ်ယုတ်သွားသလားဆိုတာ အစီရင်ခံစာမှာ ‌ပေါ်လွင်‌နေတယ်။ လူ‌ဟောင်း‌ရော လူသစ်‌ရော ပြန်ပါ‌စေချင်တယ်။ လူထုကို စည်းရုံးရမယ့်ကာလဖြစ်တဲ့အတွက် လူထုက‌ရွေးချယ် တင်‌မြှောက်တဲ့ လူပုဂ္ဂိုလ်တစ်‌ယောက် ပါဝင်‌စေချင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဝင်း‌ရေးမြို့နယ်သည် မွန်ပြည်နယ်‌တောင်ပိုင်း ‌ရေး၊ လမိုင်းမြို့နယ်ခွဲ၊ သံဖြူဇရပ်နှင့် ကျိုက်မ‌ရောမြို့နယ်အတွင်း ရှိ ‌ကျေးရွာ အချို့ပါဝင်ပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အထိ ကျယ်ပြန့်ကာ နယ်နိမိတ် ထိစပ်‌နေရာများတွင် အစိုးရနှင့် အုပ်ချုပ်‌ရေးလုပ်ငန်းများ တွဲလုပ်‌နေရသည့် အတွက် စနစ်တကျဖြစ် ရန် အားနည်း‌နေသည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။