Home သတင်း မွန်ပြည်နယ်အတွင်း ကရင်လူဦး‌ရေ သုံးသိန်းခန့်ရှိပြီး သထုံမြို့နယ်တွင် အများစု‌နေထိုင်

မွန်ပြည်နယ်အတွင်း ကရင်လူဦး‌ရေ သုံးသိန်းခန့်ရှိပြီး သထုံမြို့နယ်တွင် အများစု‌နေထိုင်

3871

နိုဝင်ဘာ ၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသား သုံးသိန်းခန့် ‌နေထိုင်လျက်ရှိပြီး အများစုမှာ သထုံမြို့နယ်တွင် ‌နေထိုင်လျက်ရှိ သည်ဟု မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ နိုဝင်ဘာ ၁၆ ရက်‌နေ့တွင် ‌ပြောသည်။

ဝန်ကြီးက “မွန်ပြည်နယ် ‌ထွေအုပ်မှာ‌ပေါက်‌နေတဲ့ စာရင်းအရက‌တော့ ကရင်လူမျိုး ၂၉၉,၈၄၈ ဦးရှိတယ်။ ရာခိုင် နှုန်း အားဖြင့် ၁၄ ဒသမ ၂၂ (၁၄.၂၂)‌လောက်ရှိတယ်။ ‌လော‌လောဆယ်‌ပေါ့၊ ကျ‌နော်တို့မှာ စာရင်းမ‌ပေါက် တာ‌တွေ လည်းရှိနိုင် တယ်။ ဘာလို့လည်းဆို‌တော့ အုပ်ချုပ်‌ရေး အပြည့်အဝ သက်‌ရောက်မှု မရှိ‌သေးတဲ့‌နေရာ‌တွေလည်းရှိ‌သေးတယ်။ ‌ပြောရ မယ်ဆိုရင် ဘီးလင်း၊ သထုံ၊ ‌ရေးတို့မှာ စာရင်းအပြင် ရှိနိုင်‌သေးတယ်”ဟု ‌ပြောသည်။

ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားများအ‌နေဖြင့် သထုံမြို့နယ်တွင် ၈၃,၁၈ဝ ဦး၊ ဘီးလင်းတွင် ၆၁,၄၀၁ ဦး၊ ကျိုက်မ‌ရော တွင် ၄၆,၁၈၁ဦး၊ ‌ပေါင် ၄၁,၉၁ဝ ဦး၊ ကျိုက်ထို ၂၅,၂၀၁ဦး၊ ‌ရေး ၂၀,၃၉ဝ ဦး၊ ‌ချောင်းဆုံ ၉,၁၈၆ ဦး၊ သံဖြူဇရပ် ၈၅,၇၇ ဦး၊ ‌မော်လမြိုင် ၃,၀၃၂ဦးနှင့် မုဒုံ ၈၉ဝ ဦး အသီးသီး‌နေထိုင်ကြသည်ဟု ပြည်နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန စာရင်းတွင် ‌ဖော်ပြထားသည်။

ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးအ‌နေဖြင့် ကရင်လူမျိုးအများစု‌နေထိုင်သည့် ‌ဒေသများသို့ ကွင်းဆင်း သွား‌ရောက်ကာ လိုအပ်ချက်များကို အတတ်နိုင်ဆုံးလုပ်‌ဆောင်‌ပေး‌နေသည်ဟု ဝန်ကြီးက ယခုလို ‌ပြောသည်။

“ကရင်တိုင်းရင်းသား‌တွေရဲ့ ‌နေရာ‌တွေကို ကွင်းဆင်းဖြစ်တယ်။ အခက်အခဲ‌တွေများတယ်။ ကန့်သတ်ချက်‌တွေ လည်းရှိ တယ်။ ကရင်‌ဒေသ‌တွေ ဖွံ့ဖြိုး‌ရေးအတွက်က‌ပေါ့‌နော်။ အတတ်နိုင်ဆုံး လုပ်‌ဆောင်‌ပေးပါတယ်။ အားရမှု‌တော့ မရှိ‌သေး ဘူး”ဟု ‌ပြောသည်။

မွန်ပြည်နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန စာရင်းများအရ ပြည်နယ်တွင် လူဦး‌ရေစုစု‌ပေါင်း ၂,၁၀၉,၉၅၁ ဦး ‌နေထိုင်လျက်ရှိပြီး ယင်းတို့ထဲတွင် မွန်တိုင်းရင်းသား ၈၁၈,၇၂၅ ဦး၊ ဗမာ ၇၆၅,၈၇၆ ဦး၊ ကရင် ၂၉၉,၉၄၈ ဦး၊ ပအိုဝ်း ၆၇,၅၀၇ ဦး အခြားတိုင်းရင်းသား ၆,၁၉၄ ဦးနှင့် အခြားလူမျိုး ၁၅၁,၃၀၈ ဦး တို့ ‌နေထိုင်လျက်ရှိသည်။ ထို့အပြင် လွန်ခဲ့သည့် ‌လေးနှစ်က ‌ကောက်ယူခဲ့သည့် ၂၀၁၄ သန်း‌ခေါင်စာရင်းအရ မွန်ပြည်နယ်တွင် စုစု‌ပေါင်း လူဦး‌ရေ ၂,၀၅၄,၃၉၃ ဦးရှိ‌ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

အလားတူ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထုတ်ပြန်ချက်များအရ မွန်ပြည်နယ်တွင် ကရင်မဲဆန္ဒရှင် ဦး‌ရေ (အသက် ၁၈ နှစ်ပြည့်ပြီးသူ)မှာ ၂၀၁ဝ ပြည့်နှစ် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ၁၃၀,၀၆၆ ဦးရှိသလို ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ၁၈၈,၀၉၇ ဦးရှိ‌ကြောင်း သိရသည်။