Home သတင်း တစ်ဆို့‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌ဖြေရှာရန် ‌ကေအဲန်ယူ အစည်းအ‌ဝေးစတင်

တစ်ဆို့‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌ဖြေရှာရန် ‌ကေအဲန်ယူ အစည်းအ‌ဝေးစတင်

2347

နိုဝင်ဘာ ၆ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းတို့အကြား လုပ်‌ဆောင်‌နေသည့် ငြိမ်း ချမ်း‌ရေး‌ဆွေး‌နွေးမှုတွင် တစ်ဆို့‌နေသည့်အရာများကို အ‌ဖြေရှာသွားရန် ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်အပြီး (၆)ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီအ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ဖားအံခရိုင်၊ ‌လေးဝါး(‌လော်ခီးလာ)တွင် ယ‌နေ့(နိုဝင်ဘာ ၆ရက်) စတင်ကျင်းပလျက်ရှိသည်။

နိုဝင်ဘာ ၆ ရက်မှ ၁ဝရက်‌နေ့အထိ ကျင်းပမည့် အဆိုပါ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် အပစ်ရပ် တိုင်း ရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းနှင့် အစိုးရတို့အကြား သ‌ဘောတူလက်မှတ်‌ရေး ထိုး ထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို အ‌ကောင်အထည် ‌ဖော်မှုဆိုင်ရာတွင် တစ်ဆို့‌နေရှိ‌သော အ‌ကြောင်းအရာများကို အဓိကထား ‌ဆွေး‌နွေးအ‌ဖြေရှာ ကြဖြစ်သည်ဟု သိရသည်။

ထို့အပြင် လာမည့် ၂ဝ၁၉ ခုနှစ်အတွင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအ‌ဝေးကို (၃) ကြိမ်အထိ ကျင်းပမည့်ကိစ္စနှင့် NCA စာချုပ်ပါ အချက်များအား အ‌ကောင်အထည် မ‌ဖော်နိုင်‌သေးသည့် အ‌ကြောင်းအရာများကို ‌ဆွေး‌နွေးအ‌ဖြေရှာကြမည်ဟု သိရသည်။

အဆိုပါ အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ၏ ဗဟို‌ကော်မတီဝင် ၅၅ ဦးရှိသည့်အနက် အားလုံးနီးပါး တက်‌ရောက်ခဲ့ကြသည်ဟု ‌ကေအဲန်ယူအဖွဲ့တွင်း သတင်းအရင်းအမြစ်အရ သိရသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် လတ်တ‌လော ကျင်းပပြုလုပ်မည့် ငြိမ်းချမ်း‌ရေး နှင့်ပတ်သက်‌သော အစည်းအ‌ဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထား‌ကြောင်း အမျိုးသား ပြန် လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC) ဥက္ကဌ ဖြစ်သူ ‌ဒေါ်‌အောင်ဆန်းစုကြည်ထံသို့ ‌အောက်တိုဘာလ ၂၇ရက်‌နေ့က စာ‌ပေးပို့ထားခဲ့သည်။