Home လူငယ့်အသံ လူငယ့်အမြင် “အ‌ကောင်းဆုံး ရလဒ်ဖြစ်မယ်လို့‌တော့ ‌မျှော်လင့်တယ်”ဆိုတဲ့ Miss နန်းထက်ထက်လင်း

“အ‌ကောင်းဆုံး ရလဒ်ဖြစ်မယ်လို့‌တော့ ‌မျှော်လင့်တယ်”ဆိုတဲ့ Miss နန်းထက်ထက်လင်း

4292

‌အောက်တိုဘာ ၁၉ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပ‌နေတဲ့ Miss Tourism Queen Worldwide 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအ‌နေနဲ့ ဝင်‌ရောက်ယှဉ်ပြိုင်‌နေသူက‌တော့ Miss Tourism Queen Worldwide Myanmar 2018 ဆုရှင် ကရင်တိုင်းရင်းသူ‌လေး Miss နန်းထက်ထက်လင်းပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး Miss နန်းထက်ထက်လင်း‌ပြောတာက “ အ‌ကောင်းဆုံး‌တော့ ပြင်ဆင်ထားတယ်။ ‌ရွေးထားတာလည်း ကြာပြီ‌ပေါ့‌နော်။ ကိုယ့်မှာပြင်ဆင်ချိန်‌တွေ အများကြီးရှိတယ်။ အဲအတွက်‌ကြောင့်မို့လို့ အ‌ကောင်းဆုံးကြိုးစားမယ်။ Body Beauty Play အပြင်‌ပေါ့‌နော်။ Mindset ‌တွေ‌ကော‌ပေါ့‌နော်။ ကိုယ့် ဘက် က အ‌ကောင်းဆုံးဖြစ်‌အောင်‌တော့ ကြိုးစားတယ်။ အ‌ကောင်းဆုံးဖြစ်‌အောင်‌တော့ ကြိုးစားတဲ့ အတွက်‌ကြောင့်မို့လို့ အ‌ကောင်းဆုံး ရလဒ်ဖြစ်မယ်လို့‌တော့ ‌မျှော်လင့်တယ်။”လို့ ‌ပြောပါတယ်။

အခု ကျင်းပ‌နေဆဲဖြစ်တဲ့ Miss Tourism Queen Worldwide 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် နန်းထက်ထက်လင်းအပါအဝင် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ် စုစု‌ပေါင်း၂ဝ ဦး ယှဉ် ပြိုင်‌နေတာဖြစ် ပါတယ်။

“ဒီပြိုင်ပွဲကို အဓိက ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်က‌လေ၊ Trainer(နည်းပြ) ပြန်လုပ်ချင်လို့‌ပေါ့‌နော်။ Trainer ပြန်လုပ်ချင်တဲ့အတွက်‌ကြောင့် ပြိုင်ပွဲဝင်ရဲ့ အ‌တွေ့အကြုံ အကုန်လုံးကို ‌နောင်လာမယ့် ညီမ‌လေး‌တွေ အကုန် လုံးကို Sharing (‌ဝေမျှ)လုပ်ချင်လို့ ဝင်ပြိုင်တာဖြစ်ပါတယ်။ မင်းသမီးလုပ်ဖို့၊ ဘာလုပ်ဖို့ညာလုပ်ဖို့‌တော့ မရှိပါ ဘူး။ ” လို့ နန်းထက်ထက်လင်းက သူပြိုင်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ ‌ပြောဆိုခဲ့ပါ တယ်။

အခုပြိုင်ပွဲမှာ ရိုးရာဝတ်စုံပြိုင်ဆိုင်မှု၊ Talent စွမ်းရည်ပြိုင်ဆိုင်မှု‌တွေကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ‌အောက်တိုဘာ ၁၅ ရက်‌နေ့က စတင်ကျင်းပတဲ့ ယင်းပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲကို‌တော့ အခုလ ‌အောက်တိုဘာလ ၂၈ရက်‌နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသူ‌လေး အလှမယ် နန်းထက်ထက်လင်းအ‌နေနဲ့ စကင်္ာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Model Fitness (ကာယအလှမယ်) ပြိုင်ပွဲမှာ 4th Runner Up ဆု၊ ဗီယက်နမ် နိုင်ငံမှာ ကျင်းပတဲ့ ကာယအလှမယ်ပြိုင်ပွဲမှာ 2nd Runner Up ဆု၊ Miss Universe Myawaddy 2017 ဆုနှင့် Miss Universe Myanmar 2018 ရဲ့ Top 13 အထိ ‌ရွေးချယ်ခံရခဲ့သူဖြစ်ပါတယ်။