Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် လူထုဗဟိုပြု စီမံကိန်းအတွက် ကျပ် ၁ဝ,၁၂၈ သန်း ‌ထောက်ပံ့‌ငွေရရှိ

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုဗဟိုပြု စီမံကိန်းအတွက် ကျပ် ၁ဝ,၁၂၈ သန်း ‌ထောက်ပံ့‌ငွေရရှိ

2340

စက်တင်ဘာ ၁၃ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွက် ကမ္ဘာ့ဘဏ်နှင့် လယ်ယာစိုက်ပျိုး‌ရေးနှင့် ဆည်‌မြောင်း‌ရေးရာဝန်ကြီး ဌာန၊ ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနတို့ ပူး‌ပေါင်းလုပ်‌ဆောင်သည့် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းစဉ် စီမံကိန်းကာလ ‌လေးနှစ်အတွက် ကျပ် ၁ဝ,၁၂၈ သန်း ‌ထောက် ပံ့‌ငွေရရှိခဲ့သည်ဟု စီမံကိန်းတာဝန်ခံက စက်တင်ဘာ ၁၂ ရက်(ယမန်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

စီမံကိန်း ‌စောင့်ကြည့် ကြီးကြပ်‌ရေးတာဝန်ခံ ဦးထွန်းထွန်းဦးက “စီမံကိန်း ၄ နှစ်အတွင်းမှာ ‌ထောက်ပံ့‌ငွေ စုစု ‌ပေါင်းကျပ် ၁ဝ,၁၂၈ သန်းရရှိတယ်။ ‌ကျေးရွာအုပ်စု ၅ဝ က ရွာ‌ပေါင်း ၃၅၅ ရွာအတွက် ‌နောက်ဆုံးနှစ် စီမံကိန်း စတင်ဖို့ ၁ဝ အုပ်စုက‌တော့ လုပ်ငန်းဇယား‌တွေ တင်ပြထားတယ်။ ‌ကျေးရွာ ၈ အုပ်စု စာ‌တော့ မြန်မာ့စီးပွား‌ရေး ဘဏ်မှာ ‌ထောက်ပံ့‌ငွေ‌တွေ ‌ရောက်‌နေပြီး။ ရွာလူထု‌တွေ ပြန်‌ပေးဆပ်စရာမလိုပါဘူး။ အဓိက လိုအပ်တဲ့ အ‌ခြေခံ လူမှုအ‌ဆောက်အအုံ‌တွေ ‌ရေ၊ မီး၊ လမ်းလိုအပ်ချက်‌တွေကို ကူညီ‌ထောက်ပံ့‌ပေးတာပါ” ဟု ‌ပြောသည်။

‌ကျေးရွာအုပ်စုအလိုက် လူဦး‌ရေ‌ပေါ်အ‌ခြေခံကာ ‌ငွေ‌ကြေး‌ထောက်ပံ့‌ပေးပြီ စာသင်‌ကျောင်း၊ ‌သောက်သုံး‌ရေ၊ မီးရရှိ‌ရေး၊ လမ်းနှင့် အခြားအ‌ခြေခံ အ‌ဆောက်အအုံလိုအပ်ချက်များကို ‌ကျေးရွာလူထု ကိုယ်တိုင် အ‌ကောင် ထည်‌ဖော်‌ဆောင်ရွက်ရသည့် လုပ်ငန်းမျိူးဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်‌ယောက်သာ အကျိုးရှိ‌စေမည့် လုပ်ငန်း များနှင့် ဘာသာ‌ရေးနှင့်ဆိုင်သည့် အ‌ဆောက်အအုံများကို ‌ဆောက်ခွင့်မပြုဟု တာဝန်ရှိသူထံမှ သိရသည်။

‌တောင်ဒီး‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး‌စောလှမိုးက “စီမံကိန်း‌ထောက်ပံ့‌ငွေနဲ့ စာသင်‌ဆောင်၊ ‌ကျောင်းသန့်စင် ခန်း၊ ‌ရေတွင်း၊ စာသင်‌ကျောင်းခြံစည်းရိုး ကွန်ကရစ် ခတ်တာ‌တွေ လုပ်နိုင်ခဲ့တယ်။ ပြန်မဆပ်ရဘူးဆို‌တော့ အ ဆင်‌ပြေတယ်။ ကိုယ်ထူကိုယ်ထ လုပ်ရမယ်ဆို သိပ်မလွယ်ဘူး။ အစိုးရ၊ လွှတ်‌တော်မှာတင်ပြပြီး လုပ်မယ်ဆို အ ချိန်ကြာ‌နေတာ‌တွေ ဘတ်ဂျက် မလုံ‌လောက်လို့ ‌စောင့်ရတာ‌ပေါ့‌နော်။ ရွာမှာ ၄ နှစ်စာအတွက် ကျပ်သိန်း တစ် ‌ထောင်‌ကျော် ‌ထောက်ပံ့‌ငွေရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး မြို့နယ် ၃ ခုကို စီမံကိန်း စတင် အ‌ကောင်ထည်‌ဖော်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို ‌ရွေးချယ်ခံခဲ့ရပြီး ၂ဝ၁၈ ခုနှစ်တွင် ‌ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်ကို စီမံကိန်း ‌လေးနှစ်တာ ‌ငွေ‌ကြေး‌ထောက်ပံ့မှု ‌ပေးသွားမည်ဟု လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။