Home သတင်း ‌မွေးမိခင်‌သေဆုံးမှု ‌လျှော့ချရန် ‌တောင်က‌လေးတွင် အရန်သားဖွားသင်တန်းဖွင့်

‌မွေးမိခင်‌သေဆုံးမှု ‌လျှော့ချရန် ‌တောင်က‌လေးတွင် အရန်သားဖွားသင်တန်းဖွင့်

2557

စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကျန်းမာ‌ရေး ဝန်‌ဆောင်မှု အလှမ်းကွာ‌ဝေးသည့် ‌ဒေသများမှ ‌မွေးမိခင်များ၏ ‌သေဆုံးမှု အ‌ခြေအ‌နေကို ‌လျှော့ချ နိုင်ရန် ရည်ရွယ်ပြီး ‌ဒေသအကျိုးပြု အရန်သားဖွားသင်တန်း အမှတ်စဉ် (၈)ကို စက်တင်ဘာ ၂၄ ရက်‌နေ့မှစ တင်ကာ ဖားအံမြို့၊ ‌တောင်က‌လေးရွာရှိ ဖလုံပညာတိုးတက်‌ရေးယူနစ်-PEDU သင်တန်း‌ကျောင်းတွင် ဖွင့်လှစ် မည်ဖြစ်သည်။

ဖလုံပညာတိုးတက်‌ရေးယူနစ်-PEDU နှင့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWT တို့မှ ဦး‌ဆောင်ကာ ယခုသင်တန်းကို ဖွင့်လှစ်‌ပေးမည်ဖြစ်ပြီး ထိုသို့ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်းအတွက် ‌ပြော‌ရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ‌စောစိုးလှဦးက ယခုလို‌ပြောသည်။

၎င်းက “ကမ္ဘာ‌ပေါ်မှာ ‌မွေးမိခင်‌သေဆုံးမှုနှုန်းက မြန်မာနိုင်ငံက တတိယအများဆုံး‌လောက်ရှိမယ်။ ‌ဆေးရုံ၊ ‌ဆေးခန်းနဲ့ ‌ဝေးတဲ့‌ဒေသက ‌မွေးမိခင်‌တွေ အများကြီး‌သေဆုံးခဲ့တာ ‌တွေ့တယ်။ ဒီသင်တန်းပြီးရင် သင်တန်းသူ ‌တွေဟာ သူ့အရပ်‌ဒေသမှာ ပြန်‌နေရတဲ့အတွက် အဲ့ကအန္တရာယ်ရှိတဲ့ ‌မွေးလူနာ‌တွေရှိခဲ့ရင် ကျန်းမာ‌ရေးဌာန ‌တွေနဲ့ အချိန်မီ လွှဲ‌ပြောင်း‌ပေးနိုင်မယ်။ လွယ်လွယ်ကူကူ‌မွေး‌ပေးနိုင်ရင်လည်း သူတို့‌မွေး‌ပေးမယ်‌ပေါ့‌နော် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းတွင် အစိုးရကျန်းမာ‌ရေးဌာနမှ အငြိမ်းစား ဝါရင့်ဆရာမကြီးများ၊ Community Partners International (CPI)နှင့် BPHWTတို့မှ သင်တန်းဆရာ ၁၂ ဦးက သင်ကြားပို့ချ‌ပေးမည်ဖြစ်ပြီး PEDU အဖွဲ့အပါအဝင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ/ခရိုင်(၇)ခုမှ သင်တန်းသူ ၂ဝ ဦး တက်‌ရောက်သွား မည်ဖြစ်‌ကြောင်း သိရသည်။

ဒူးပလာယာခရိုင်၊ ဝင်‌ရေးမြို့နယ်၊ ကိုယ်‌ရောင်‌ကျေးရွာမှ သင်တန်းသူ ‌နော်သန်းသန်းထက်က “ကျမရဲ့ရွာမှာ ‌ဆေးခန်းလည်း‌ဆောက်မပြီး‌သေးဘူး။ ‌ဆေးဆရာမ‌တွေလည်း မရှိ‌တော့ ကျန်းမာ‌ရေးနဲ့ ပတ်သက်ရင် ဒုက္ခ ‌ရောက်ကြတာ‌တွေရှိတယ်။ ဒါ‌ကြောင့် အကူအညီလိုတဲ့ လူထု‌တွေကို အကူအညီ‌ပေးချင်လို့ ဒီသင်တန်းကို ရည်ရွယ်တက်‌ရောက်ခြင်းဖြစ်တယ်။ ဒီသင်တန်းတက်ပြီးလို့ရှိရင် ရွာပြန်ပြီး ကျန်းမာ‌ရေးလုပ်ငန်း‌တွေ အတွက် ကူညီသွားမယ်” ဟု ‌ပြောသည်။

ထို့အပြင် သင်တန်းတွင် သားဖွားနှင့်မီးယပ်၊ ‌ရှေးဦးသူနာပြု၊ ခန္ဓာ‌ဗေဒ၊ ‌ဆေးဝါးကုသခြင်းဆိုင်ရာ စသည့် ဘာသာရပ်များကို စက်တင်ဘာ ၂၄ ရက်‌နေ့မှစတင်ကာ ၃ လကြာ သီအိုရီပိုင်းများသင်ကြားပို့ချပြီး‌နောက် မယ်‌တော်‌ဆေးခန်း-MTC တွင် ‌လေးလကြာ လက်‌တွေ့သင်တန်းများ တက်‌ရောက်သွားရမည်ဖြစ်‌ကြောင်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

မကြာမီဖွင့်လှစ်မည့် သင်တန်းအတွက် ယမန်‌နေ့( စင်တင်ဘာ ၂၁ရက်)က PEDU တွင် သင်တန်းဖွင့်ပွဲ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ PEDU၊ BPHWT၊ မယ်‌တော်‌ဆေးခန်း၊ ကရင်ကျန်းမာ‌ရေး နှင့်ကယ်ဆယ်‌ရေးဌာန-KDHW၊ Community Partners International မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား ‌သော ဧည့်သည်များနှင့် သင်တန်းသူများ အပါအဝင် စုစု‌ပေါင်း ၆ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ဖလုံပညာတိုးတက်‌ရေးယူနစ်-PEDU နှင့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သား အဖွဲ့-BPHWT တို့ ဦး‌ဆောင်ဖွင့်လှစ်သည့် အရန်သားဖွား ‌ဆေးသင်တန်းကို KNUနှင့် အစိုးရတို့ ပဏာမအပစ်အခတ်ရပ်စဲခဲ့ ‌သော၂၀၁၂ ခုနှစ် ‌နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအကြိမ် အပါအဝင် (၈)ကြိမ်‌မြောက် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။