Home သတင်း NCA ထိုး တိုင်းရင်းသား ၆ ဖွဲ့ နိုင်ငံ‌တော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီ တည်‌ထောင်မည်

NCA ထိုး တိုင်းရင်းသား ၆ ဖွဲ့ နိုင်ငံ‌တော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီ တည်‌ထောင်မည်

2620
အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌ခေါင်း‌ဆောင်အချို့ Photo_NCA-S EAO

ဩဂုတ် ၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ စု‌ပေါင်း၍ နိုင်ငံ‌တော်အဆင့်အထိ ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီကြီးတစ်ခု တည် ‌ထောင်သွားမည်ဟု ယင်းအဖွဲ့အစည်းတာဝန်ရှိသူများက ယ‌နေ့(ဩဂုတ် ၇ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအဖွဲ့အစည်း ၆ ဖွဲ့မှာ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA(PC)၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ ‌တော်-DKBA၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ရခိုင်လွတ် ‌မြောက်‌ရေး ပါတီ-ALP နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ဖြစ် ‌ကြောင်း သိရသည်။

KNU/KNLA(PC) မှ စီးပွား‌ရေးဌာနမှူး ဗိုလ်မှူး ‌စောလားဒိုက“ အခုလုပ်မယ့် ကုမ္ပဏီရဲ့ စီးပွား‌ရေးလုပ်ငန်း က‌တော့ နိုင်ငံ‌တော်အဆင့် စီမံကိန်း‌တွေဖြစ်လိမ့်မယ်။ တပိုင်တနိုင် အ‌သေးစားလုပ်ငန်း‌တွေက ကိုယ့်အဖွဲ့ အစည်းနဲ့ကိုယ် အရင်ကတည်းက လုပ်ကြတယ်ဆို‌တော့ အခုက ဥပမာအ‌နေနဲ့‌ပြောရရင် လျှပ်စစ်ပါဝါလိုင်း တည်‌ဆောက်တာမျိုးတို့၊ သတ္တုတွင်း တူး‌ဖော်တာမျိုးတို့ လုပ်‌ဆောင်မယ်လို့ ‌ပြောထားတာရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးတပ်ဖွဲ့များအ‌နေဖြင့် ၂၀၁၅ ခုနှစ် ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ချုပ်ဆိုနိုင်ခဲ့သည့် NCA စာချုပ်တွင် လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ၎င်းတို့ အဖွဲ့အစည်းများ ရပ်တည်နိုင်‌ရေးအတွက် ယခုအစီအစဉ်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်လာခဲ့ခြင်းဖြစ် သည်ဟုလည်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO ဒုဥက္ကဌ ခွန်မြင့်ထွန်းက ̏ NCA ‌ရေးထိုးပြီး‌တော့ နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်‌တွေရှိလာတယ်။ ကျ‌နော်တို့ဖက်က‌ရော၊ တပ်မ‌တော်‌ရော ပြည်သူ‌တွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်‌စေမယ့် အခွန်‌ကောက်ခံတာ ထိန်းသိမ်းရမယ်ဆိုတာ‌တွေရှိလာတယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေကို အ‌ကောင် အထည်‌ဖော်တဲ့ အခုလိုကာလမှာ အဖွဲ့အစည်းရပ်တည်‌ရေးအတွက် လုပ်‌ဆောင်ကြတာဖြစ်ပါတယ်”ဟု ‌ပြော သည်။

ထို့အပြင် NCA မ‌ရေးထိုးခင်အချိန်၌ မိမိတို့အဖွဲ့အစည်းများ ရပ်တည်‌ရေးအတွက် အခွန်အခ ‌ကောက်ခံမှုများ ရှိခဲ့ကြ‌သော်လည်း ယခု ကုမ္ပဏီထူ‌ထောင်မည်ဆိုပါက ‌တော်လှန်‌ရေးအသိ၊ နိုင်ငံ‌ရေးအသိရှိစွာဖြင့် ဘုံရည်မှန်း ချက်ဖြစ်သည့် စစ်မှန်‌သော ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ‌တော် တည်‌ဆောက်‌ရေးအတွက် မျက်‌ခြေပြတ်မခံ လုပ် ‌ဆောင်သွားကြမည်ဖြစ်‌ကြောင်း ခွန်မြင့်ထွန်းက ထပ်‌လောင်း‌ပြောကြားသည်။

လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ ပါဝင်မည့် အဆိုပါ ကုမ္ပဏီကိုထူ‌ထောင်ရန် တစ် နှစ်‌ကျော်ကြာ ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း လက်ရှိအချိန်အထိ ယင်းကုမ္ပဏီအား မှတ်ပုံမတင်ရ‌သေးသည့် အပြင် အခြား‌သော စီးပွား‌ရေးကုမ္ပဏီလုပ်ငန်းရှင်များနှင့်ဖက်စပ်လုပ်ကိုင်ရန် မဆုံးဖြတ်ရ‌သေး‌ကြောင်းလည်း KNU/KNLA(PC)၏ စီးပွား‌ရေးဌာနမှူး ဗိုလ်မှူး ‌စောလားဒိုက ‌ပြောသည်။

၂၀၁၅ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ NCA လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း ၁ဝ ဖွဲ့ရှိပြီး ယခု တည်‌ထောင်မည့် ကုမ္ပဏီထဲတွင် KNU -ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည် ပြန် လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ‌တော် -RCSS/SSA၊ မွန်ပြည်သစ်ပါတီ-NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး-LDU တို့ မပါဝင်‌သေး‌ကြောင်း သိရှိရသည်။