Home သတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်မိသားစုအချို့ ဒုတိယအကြိမ် ‌ရေ‌ဘေး‌ကြောင့် ‌ပြောင်း‌ရွှေ့‌နေရ

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်မိသားစုအချို့ ဒုတိယအကြိမ် ‌ရေ‌ဘေး‌ကြောင့် ‌ပြောင်း‌ရွှေ့‌နေရ

2829

ဩဂုတ် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ လူဦး‌ရေ ၅,၀၀၀‌ကျော် ခိုလှုံ‌နေရဆဲဖြစ်‌သော မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် စ ခန်းတွင် ဒုတိယအကြိမ် ‌ရေတက်လာသည့်အတွက် အိမ်‌ထောင်စုအချို့ မှာ နီးစပ်ရာ ‌နေရာများသို့ ‌ပြောင်း‌ရွှေ့ ‌နေထိုင်‌နေရ‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းအတွင်း ‌ရေကြီးမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ‌နောက် ယမန်‌နေ့ (ဩဂုတ်လ ၁၄ ရက်) မနက်ပိုင်းမှ စတင်၍ အချို့ စခန်း‌နေရာများတွင် ‌ရေများ တဖြည်း ဖြည်း ထပ်မံမြှင့်တက်လာခြင်း ဖြစ်သည်ဟု ‌အေးလင်းမြရှင် စစ်‌ရှောင်စခန်း အတွင်း‌ရေးမှူး ‌စော‌အောင်ဝင်း ထွန်းက ‌ပြောသည်။

၎င်းက “‌အောက်ဘက်အဖွဲ့‌တွေက နိမ့်‌တော့ ‌နေလို့အဆင်‌ပြေဘူူး‌လေ ။ ‌အောက်ဘက်မှာ ‌ရေကခါး‌လောက် ရှိ‌တော့ အ‌ပေါ်ဘက်ကို လာ‌ပြောင်း‌နေကြတယ်။ ‌ရေနည်းနည်း စတက်လာကတည်း အထုပ်‌တွေကို သယ် ထားရတယ်။ တစ်ချို့ကျ‌တော့ ဘုန်းကြီး‌ကျောင်းမှာ ‌နေကြတယ်။ တစ်ချို့ကျ‌တော့ ‌မောင်နှမ အိမ်မှာ သွား ‌နေကြတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိမြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း‌မြေနိမ့်ပိုင်း‌နေရာများတွင်ရှိသည့် အိမ်‌ထောင်စု ၅ဝ ဝန်းကျင်ခန့် ‌ပြောင်း‌ရွှေ့‌နေရပြီး ‌ရေထပ်မံတက်လာပါက ယခု လက်ရှိအ‌ရေအတွက်ထက် ထပ်မံ‌ပြောင်း‌ရွှေ့ရမည့် အိမ်‌ထောင်စုအ‌ရေအတွက် ပိုများလာနိုင်‌ကြောင်းလည်း ‌စော‌အောင်ဝင်းထွန်းက ဆက်‌ပြောသည်။

ထို့အပြင် ယခင်က စစ်‌ရှောင်များအတွက် စားနပ်ရိက္ခာများ စု‌ပေါင်း ချက်ပြုတ်‌ပေးသည့် စားဖို‌ဆောင်အထိ ‌ရေဝင်‌ရောက်လာမှုများ‌ကြောင့် ချက်ပြုတ်၍ မရ‌တော့သဖြင့် တစ်ရက်စာ ရိက္ခာများ ပြင်ဆင်ထုပ်ပိုးပြီး အိမ်‌ထောင်စု တစ်ခုချင်းစီအလိုက် လိုက်လံ‌ဝေငှမှုများ ပြုလုပ်‌ပေး‌နေရ‌ကြောင်းလည်း စခန်းတာဝန်ရှိ သူများက‌ပြော ဆိုသည်။
လက်ရှိ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် စခန်း နှစ်ခုတွင်အိမ်‌ထောင်စု‌ပေါင်း ၉၄၄ စု နှင့် လူဦး‌ရေ ၅,၄၈ဝ ဦး ခိုလှုံ‌နေရဆဲဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများ၏ ‌ကောက်ယူရရှိထားသည့် ‌နောက်ဆုံး စာရင်းအရ သိရသည်။