Home သတင်း နယူးဇီလန်‌ရောက် ကရင်ဇနီး‌မောင်နှံ ငါးမျှားရင်း ‌ရေနစ်‌သေဆုံး၊ သားသမီး ၉ဦးကျန်ရစ်

နယူးဇီလန်‌ရောက် ကရင်ဇနီး‌မောင်နှံ ငါးမျှားရင်း ‌ရေနစ်‌သေဆုံး၊ သားသမီး ၉ဦးကျန်ရစ်

2703

ဇူလိုင် ၁၉ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

နယူးဇီလန်နိုင်ငံ‌ရောက် ကရင်လူမျိုးဇနီး‌မောင်နှံသည် ၎င်းတို့‌နေထိုင်ရာ ‌အော့က်လန်အ‌နောက်ဖက် မူရီဝိုင်ကမ်း‌ခြေတွင် ငါးမျှား ရင်း ‌ရေထဲသို့‌ခြေ‌ချော်ကျပြီး ‌ရေနစ်‌သေဆုံးသွားခဲ့သည်ဟု နယူးဇီလန်သတင်းဌာန(NZherald)က ဇူလိုင်လ ၁၇ရက်‌နေ့တွင် ‌ရေးသား‌ဖေါ်ပြခဲ့သည်။

အဆိုပါဇနီး‌မောင်နှံသည် မြန်မာပြည်မှ ထွက်ခွာလာခဲ့ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် နှစ်‌ပေါင်း ၂၀‌ကျော် ကြာ ‌နေထိုင်ခဲ့ပြီး‌နောက်ပိုင်း ၂၀၀၈ခုနှစ်က တတိယနိုင်ငံဖြစ်သည့် နယူးဇီလန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ‌ရောက်ရှိ‌နေထိုင်ခဲ့ကြ ခြင်း ဖြစ်သည်။

NZherald သတင်းဌာန၏ ‌ဖေါ်ပြချက်အရ ၎င်းဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ရက်‌နေ့က မြန်မာဒုက္ခသည်စခန်းမှလာ‌သော ‌ကေဒါးဦး ‌ကေး ၄၈နှစ်နှင့် သူ၏ဇနီးဖြစ်သူ ‌နော်မူသူ့ပန် ၅ဝနှစ်သည် ၁၃နှစ်၊ ၉နှစ်နှင့် ၇နှစ်အရွယ် ၎င်းတို့၏သားသမီးသုံးဦးနှင့်အတူ ငါး သွားမျှား‌နေစဉ် ငါးကြီးတစ်‌ကောင်မိရာမှ အ‌ဖေဖြစ်သူ ‌ကေဒါးဦး‌ကေးသည် ငါးကိုအားဖြင့်ဆွဲယူသည့်အချိန်တွင် ‌ရေစို‌နေ‌သော ‌ကျောက်ပြားကို တက်နင်းမိသဖြင့် ‌ခြေ‌ထောက်‌ချော်ကာ ‌ရေထဲပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူ ဒါးထူး‌ကေ ၂၅နှစ်မှ ၎င်းသတင်းဌာနကို ‌ပြောဆိုခဲ့သည်။

ယင်းသို့ ‌ရေထဲကိုပြုတ်ကျသွား‌သော ခင်ပွန်းဖြစ်သူအား ကူညီရင်း ဇနီးဖြစ်သူမှာလည်း ‌ရေထဲကျသွားခဲ့ခြင်းဖြစ်သည်ဟု မိခင်ကို ဆွဲထားရန်ကြိုးစားခဲ့သည့် ငါးမျှားရန် အတူပါသွား‌သော သားသမီးများက ‌ပြောဆိုခဲ့သည်။

ထို့‌နောက် အနီးရှိ လူကြီးတစ်ဦးက သက်ဆိုင်ရာများအား ချက်ချင်းအကူအညီ‌ခေါ်ရာမှ အ‌ရေး‌ပေါ်ယာဉ်နှင့် ဟယ်လီ‌ကော်ပတာ ‌လေယာဉ်များ ‌ရောက်ရှိလာပြီး ‌ရေနှစ်သူကို ရှာ‌ဖွေခဲ့ရာ ဇနီးဖြစ်သူ၏အ‌လောင်းကို အရင်ရှာ‌ဖွေ‌တွေ့ရှိပြီး ခင်ပွန်းဖြစ်သူ၏ အ‌လောင်းကို မိနစ် (၄၀)ကြာမှ ရှာ‌ဖွေ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူတို့၏ ရုပ်အ‌လောင်းများကို အာဏာပိုင်များက ‌အော့ကလန်းမြို့ ‌ဆေးရုံသို့ သယ်‌ဆောင်သွားခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဇနီး‌မောင်နှံအ‌နေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းစစ်ဒဏ်မှ ၎င်းတို့ဘဝလွတ်‌မြောက်ရန် ထိုင်းနိုင်ငံတွင်း ခိုလှုံ‌နေထိုင်ခဲ့ပြီး ‌နောက် နယူးဇီလန်နိုင်ငံသို့ အ‌ခြေချ‌နေထိုင်ခဲ့ပြီး ယခုလို ကွယ်လွန်သွားချိန်တွင် သားသမီး (၉)ဦးနှင့် ‌မြေးတစ်ဦး ကျန်ရစ်ခဲ့သည်။