Home သတင်း ၂နှစ်အတွင်း ကရင်ပြည်နယ်၌ ကရင်စာသင်ကြားသူ ၁‌သောင်းအထိ တိုးလာ

၂နှစ်အတွင်း ကရင်ပြည်နယ်၌ ကရင်စာသင်ကြားသူ ၁‌သောင်းအထိ တိုးလာ

2376

ဇွန်လ ၉ရက်၊ ၂၀၁၈ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ အစိုးရ၏ အ‌ခြေခံပညာစာသင်‌ကျောင်းများတွင် လွန်ခဲ့‌သော ၂နှစ်အတွင်း ကရင်စာ‌ပေ သင်ကြားသည့် ‌ကျောင်းသူ‌ကျောင်းသား ဦး‌ရေမှာ ၁‌သောင်းနီးပါးခန့် တိုးများလာ‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူးရုံး၏ စာရင်းအရ သိရသည်။

ပြည်နယ်ပညာ‌ရေးမှူးရုံး၊ ဒုတိယညွန်ကြား‌ရေးမှူး(စီမံ) ဦး‌မောင်ထွန်းက “မူလတန်း သင်ရိုးဖွဲ့စည်းပုံအရ ၂၀၁၇ခုနှစ်ကစပြီး တစ် ပတ်မှာ တိုင်းရင်းသား နှစ်ချိန်နဲ့ ‌ဒေသသင်ရိုး သုံးချိန် သင်‌ပေးရမယ်ဆို‌တော့ တိုင်းရင်းသားစာ‌ပေ သင်ကြားတဲ့ ‌ကျောင်းသား ‌တွေလည်း ပိုတိုးလာတာ‌ပေါ့။”ဟု ဇွန် ၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ နိုဝင်ဘာလတွင် ကရင်စာသင်ကြားသူ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၆၃၂၃၅ဦး ရှိခဲ့ရာမှ ၂၀၁၇ -၁၈ ပညာသင်နှစ်၏ ‌ဖေ‌ဖော်ဝါရီလတွင် ၇၂၈၅၅ဦးအထိ တိုးလာခဲ့သည်။ မူလတန်းအဆင့် ‌ကျောင်းစာသင်ချိန်၏ တစ်ပတ်တွင် သင်ကြားရန် လျာထားသည့် တိုင်းရင်းသား နှစ်ချိန်မှာ စာ‌ပေ၊ သမိုင်းနှင့် ရိုးရာယဉ်‌ကျေးမှုတို့ဖြစ်ပြီး ‌ဒေသသင်ရိုး သုံးချိန်ဆို သည်မှာ ‌ဒေသဆိုင်ရာ စီးပွား‌ရေးအ‌ခြေအ‌နေ၊ စိုက်ပျိုး‌ရေးလုပ်ငန်းများ၊ ကွန်ပျူတာအ‌ခြေခံတို့ဖြစ်‌ကြောင်း သိရသည်။

လျာထားသည့်အထဲတွင် ‌ဒေသသင်ရိုး သုံးချိန်မှာ ‌ကျောင်းအများစုတွင် သင်ကြား‌ပေးမည့်ဆရာနှင့် သင်‌ထောက်ကူပစ္စည်း လိုအပ်ချက်များအရ မသင်ကြားဖြစ်‌သေးဘဲ ထိုအချိန်များအစား တိုင်းရင်းသားစာ‌ပေသာ အဓိကထား သင်ကြားဖြစ်‌သေး ‌ကြောင်း ဦး‌မောင်ထွန်းက ဆက်လက် ‌ပြောဆိုသည်။

၂၀၁၄-၁၅ ပညာသင်နှစ်မှ ၂၀၁၇-၁၈ အထိ ပြည်နယ်အတွင်း သင်ကြားခဲ့‌သော ကရင်စာ‌ပေများမှာ ပိုး(ဖလုံ)၊ စ‌ကော၊ တ‌လေ ညာ၊ ဂယ်ဘား၊ ‌လေကွယ်‌ကော်၊ ဘွဲ စသည်တို့ဖြစ်‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဒုဥက္ကဌ ‌စောခီ‌သောင့်က “စာ/ယဉ် သင်တန်းဆင်းပွဲ၊ ဆရာ ဖြစ် မွမ်းမံ‌တွေမှာ ပါဝင်လာတဲ့ က‌လေး‌တွေရဲ့အ‌ရေအတွက်ကို ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် စာတတ်‌မြောက်မှုနှုန်း‌ရော လူဦး‌ရေ ပါ နှစ်တိုင်း အများကြီး တိုးတက်လာတာ‌ပေါ့။ ဒီထက်တိုးတက်ဖို့ဆိုရင် လူငယ်‌တွေ စာ‌ပေမှာ စိတ်ပါဝင်စားလာ‌အောင် လူကြီး ‌တွေမှာလည်း တာဝန်ရှိပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်တွင်း ‌နေထိုင်သည့် အခြားတိုင်းရင်းသားလူမျိုးများဖြစ်သည့် မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကယန်း၊ က‌ယောတို့ လည်း ၎င်းတို့၏ သက်ဆိုင်ရာ စာ‌ပေများကို သင်ကြားခဲ့ကြပြီး ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တိုင်းရင်းသားစာ‌ပေသင်ကြား ‌သော အစိုးရစာသင်‌ကျောင်း၊ ‌ကျောင်းသား/သူနှင့် ဆရာ/မများ စာရင်းကို ဇူလိုင်လဆန်းပိုင်းမှသာ စတင် သိရှိရမည်ဖြစ် ‌ကြောင်းလည်း ပညာ‌ရေးမှူးရုံး တာဝန်ရှိသူများက ‌ပြောဆိုသည်။

၂၀၁၇-၁၈ပညာသင်နှစ်တွင် တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ ‌ကော်မတီ၏ စာရင်းများအရ ကရင်ပြည်နယ်အတွင်း တိုင်း ရင်းသားစာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁,၃၅၉‌ကျောင်း၊ ဆရာ/မဦး‌ရေ ၂,၅၃၄ဦး၊ ‌နေ့စားလ‌ပေးဆရာ/မ ၅၄ဝဦး နှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၈၇,၅၅၂ဦးရှိခဲ့သည်ဟု သိရသည်။