Home သတင်း ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း ဧရာဝတီတိုင်း‌ဒေသကြီး၏ ‌အောင်ချက်ရာခိုင်နှုန်းများလာ

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း ဧရာဝတီတိုင်း‌ဒေသကြီး၏ ‌အောင်ချက်ရာခိုင်နှုန်းများလာ

3054

ဇွန်လ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်စာရင်းကို ပညာ‌ရေးဝန်ကြီးဌာနက ယ‌နေ့ (ဇွန် ၂ရက်) ထုတ်ပြန်ရာတွင် ဧရာဝတီတိုင်း‌ဒေသကြီး၏ ‌အောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ထက်များလာသည်ဟု သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီးတွင် မြို့နယ်စုစု‌ပေါင်း ၂၆ မြို့နယ်ရှိရာ စာစစ်ဌာန ၂၄၃ခု ရှိပြီး တက္ကသိုလ်ဝင်တန်းဝင်‌ရောက် ‌ဖြေဆိုသူ ၈၆,၅၁၈ဦးရှိသည့်အနက် ‌အောင်မြင်သူ ၂၆,၄၀၉ ဦးရှိကာ ယခုနှစ် ‌အောင်ချက် ၃၀.၅၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ယခင်နှစ်က ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုသူ ၈၁ ,၄၈၆ဦးရှိပြီး ‌အောင်မြင်သူ ၂၂,၃၇၅ဦး ‌အောင်ချက် ၂၇.၄၆ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ယခင်နှစ်က ထက် ‌အောင်ချက်ရာ ခိုင်နှုန်း အနည်းငယ်တိုးတက်များပြားလာခြင်းလည်းဖြစ်သည်ဟု ဧရာဝတီတိုင်းပညာ‌ရေးမှူးရုံးမှ ဒုတိယညွှန်ကြား‌ရေး မှူး မန်းသိန်း‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ ကြိုးစားအားထုတ်မှု ၊ ဆရာ/ဆရာမများရဲ့ ကြိုးစားအားထုတ် သင်ကြား‌ပေးမှုနဲ့ ‌ကျောင်းအကျိုး‌တော်များ ‌ဒေသအာဏာပိုင် အဖွဲ့အစည်းများရဲ့ ပံ့ပိုးမှု ‌တွေ ဟန်ချက်ညီသွားတာ‌ကြောင့် ‌အောင်ချက်တက်လာဖြစ်တယ်” ဟု သုံးသပ်‌ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်များက အ‌ခြေအ‌နေများကို သင်ခန်းစာယူပြီး လာမည့်စာသင်နှစ်များတွင် ပိုမိုတိုး တက်‌ကောင်း မွန်လာ‌စေ‌ရေးအတွက် ဆရာ ဆရာမ၊ ‌ကျောင်းသူ/သား၊ မိဘ၊ ‌ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပညာ‌ရေးဝန် ထမ်းများ အားလုံးပူး‌ပေါင်းပါဝင် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်လက်‌ပြောသည်။

ပညာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယ‌နေ့ဇွန်လ ၂ ရက်‌နေ့ထွက်ရှိသည့် တက္ကသိုလ်ဝင်တန်း ‌အောင်စာရင်း တွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း စုစု‌ပေါင်း ဂုဏ်ထူးရသူ ၉,၉၂၁ဦး ရှိသည့်အနက် ဘာသာစုံဂုဏ်ထူးရှင် ၁၈ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၆၅ ဦး ၊ ‌လေးဘာသာ ၂၁၆ဦး ၊ သုံးဘာသာ ၁,၄၅ဝဦး၊ နှစ်ဘာသာ ၂,၀၈၅ဦး၊ တစ်ဘာသာ ၆,၀၈၇ဦး ဂုဏ်ထူးရရှိခဲ့သည်။

ထို့အတူ ဂုဏ်ထူးရဘာသာ အ‌ရေအတွက် စုစု‌ပေါင်း ၁၅,၉၀၄ ခုရရှိပြီး မြန်မာစာ ၇၅၂ ၊ အဂင်္လိပ်စာ ၄၉၊ သချင်္ာ ၆၇၆၊ ဓာတု ၇၈၄၊ ရူပ ၂၈၇ ၊ ဇီဝ ၁,၂၇၆ ၊ သမိုင်း ၂,၆၃၃၊ ပထဝီ ၃,၃၄၉ နှင့် ‌ဘောဂ ၆,၀၉၆ ခု ရရှိခဲ့သည်ဟုလည်း ပညာ ‌ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ‌အောင်ချက် အများဆုံးမှာ မန္တ‌လေးတိုင်း‌ဒေသကြီး ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရန်ကုန်တိုင်း‌ဒေသကြီးနှင့် တတိယ အများဆုံးမှာ မွန်ပြည်နယ်တို့ဖြစ်သည်။ ဧရာဝတီတိုင်း‌ဒေသကြီးအ ‌နေဖြင့် ယခင်နှစ်တွင် တစ်နိုင်ငံလုံး‌အောင်ချက် အဆင့်(၁၅)‌နေရာတွင် ရပ်တည်ခဲ့ပြီး ယခုနှစ်တွင် ‌အောင်ချက်အဆင့် (၉)‌နေရာ တိုးတက်လာခြင်းဖြစ်သည်။