Home သတင်း အ‌ရှေ့ပိုးကရင် အထက်တန်းဖတ်စာ စိတ်ဝင်စားမှု ပိုရှိလာ

အ‌ရှေ့ပိုးကရင် အထက်တန်းဖတ်စာ စိတ်ဝင်စားမှု ပိုရှိလာ

2759

‌မေ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်(အ‌ရှေ့ပိုးရင်စာ-လိက်ထူ့လီ)ဖတ်စာ အရည်အ‌သွေး မြှင့်တင်သွားရန် ရည်ရွယ်၍ ကရင်ရ ဟန်း‌တော်များ အသင်းမှ ဦး‌ဆောင်ပြုစု‌နေသည့် ကရင်အ‌ခြေခံပညာအထက်တန်းအဆင့်ကို ပြည်တွင်းပြည်ပရှိ ကရင်များပိုမို စိတ်ဝင်စားမှုရှိ‌နေသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ထွိ‌မောင်ထိုရွာ၌ ဖွင့်လှစ် ‌နေသည့် ၈ ကြိမ်‌မြောက် ကရင်အ‌ခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်း၌ သင်တန်းမှူး အရှင် ဂုဏသာမိက ‌မေ ၂၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ယခုလို မိန့်သည်။

“‌နောင်နှစ်မှာ စတင် သင်တန်းဖွင့်လှစ်သင်ကြား‌ပေးမယ့် အထက်တန်းအဆင့်ဖတ်စာ‌တွေဖြစ်တဲ့ ၉ တန်းနဲ့ ၁ဝ တန်းကို ပြည်တွင်းက‌ရော ပြည်ပ‌ရောက် ကရင်‌တွေကပါ စိတ်ဝင်တစား ‌စောင့်‌မျှော်ကြိုဆို‌နေကြပါတယ်။”ဟု မိန့်သည်။

ထို့အပြင် ယခုပြုလုပ်‌နေ‌သော အလယ်တန်းဖတ်စာသင်တန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ‌နေရာ‌ဒေသ အသီးသီးမှ ကရင်များ ပိုမိုသိရှိကာ ကျယ်ပြန့်လာပြီး ‌နောင်လာမည့် ၉ ကြိမ်‌မြောက် သင်တန်းတွင် အ‌ခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းဖတ်စာ မိတ်ဆက်သင်တန်းဟု ‌ပြောင်းလဲ တိုးချဲ့ ဖွင့်လှစ်ရန် ရှိ‌ကြောင်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ယွာ‌သောင့်ထား(နှစ်အိမ်)ရွာမှ သင်တန်းသူ နန်း‌ဖော့ဆီ့မူးက “ ဒီအလယ်တန်း ဖတ်စာသင်တန်းကို လာတက်တာ သုံးနှစ်ရှိပါပြီ။ ‌နောက်နှစ် ၉ တန်း ၁ဝ တန်း ဖွင့်လှစ် သင်ကြား‌ပေးမယ် ဆို‌တော့ ဆက်ဆက်လာတက်မှာပါ။ အရင်က မရှိဘူးတဲ့ ကိုယ့်စာ‌ပေ အဆင့်မြင့်လာတဲ့အတွက်လည်း စိတ်ဝင်စား ဂုဏ်ယူမိ ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေ ၁၅ မှ ၂၃ ရက်‌နေ့အထိ ၉ ရက်ကြာ ဖွင့်လှစ်သည့် အလယ်တန်းဖတ်စာသင်တန်းသို့ ကရင်နှင့် မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီးများမှ သင်တန်းသူ/သား ၁၉၉ ဦးနှင့် သင်တန်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင် ဆရာ/ မများ စုစု‌ပေါင်း ၆၄ ဦးခန့်က ဦး‌ဆောင်သင်ကြား‌ပေး‌နေခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မှ စတင်၍ ဝင်း‌ရော်‌ဒေသတွင် နှစ်စဉ်ဖွင့်လှစ် သင်ကြား‌နေ‌သော ကရင်အ‌ခြေခံပညာအလယ်တန်း ဖတ်စာ မိတ်ဆက်သင်တန်းကို ပထမအကြိမ် ကြိမ်နှင့် ဒုတိယအ ကြိမ်‌မြောက်အား ဒိုင်လွတ်-တမို‌ဝေါင်းရွာ၊ တတိယအကြိမ်‌မြောက်အား တွန့်တီး(‌တောင်ဒီး)ရွာ၊ ၄ ကြိမ်မှစ ယခု ၈ ကြိမ်‌မြောက်အထိ ထွိ‌မောင်ထိုရွာ၌ ၅ နှစ်ဆက်တိုက်ကျင်းပ‌နေခြင်း ဖြစ်သည်။