Home သတင်း အလုပ်သမားအခွင့်အ‌ရေးဆိုင်ရာ အပြည့်အဝရရှိ‌ရေး နှစ်နိုင်ငံအစိုးရမှ ‌ဆောင်ရွက်‌ပေးရန် အလုပ်သမားများ ‌တောင်းဆို

အလုပ်သမားအခွင့်အ‌ရေးဆိုင်ရာ အပြည့်အဝရရှိ‌ရေး နှစ်နိုင်ငံအစိုးရမှ ‌ဆောင်ရွက်‌ပေးရန် အလုပ်သမားများ ‌တောင်းဆို

2221

‌မေ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများသည် ထိုင်းဥပ‌ဒေအရ အလုပ်သမားဆိုင်ရာ အခွင့်အ‌ရေး အပြည့်အဝရရှိရန် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ ကူညီ‌ဆောင်ရွက်‌ပေး‌စေလို‌ကြောင်း ယ‌နေ့ (‌မေ ၁ရက်) ကျ‌ရောက်သည့် (၁၂၈) ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ‌နေ့ (May Day)တွင် အလုပ်သမားနှင့် အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများက ‌တောင်းဆိုလိုက်သည်။

မဲ‌ဆောက်‌ဒေသတွင် တရားဝင်အလုပ်သမားများအတွက် ထိုင်းဥပ‌ဒေအရ သတ်မှတ်ထားသည့် တစ်ရက်လုပ်အားခ ဘတ် ၃၁ဝကို အလုပ်သမားအများစုမှာ အပြည့်အဝမရရှိကြဘဲ ထိုင်းအလုပ်ရှင်များ၏ ‌ခေါင်းပုံဖြတ်မှုအပြင် အလုပ်သမားဆိုင်ရာ အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေကြဆဲဖြစ်ပြီး ၎င်းကိစ္စကို သက်ဆိုင်ရာ အစိုးရတာဝန်သူများအ‌နေဖြင့် ကူညီ‌ဆောင်ရွက် ‌ပေး‌စေ လိုသည်ဟု ‌ရောက်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရုံးတာဝန်ခံ ဦးမိုး‌ကျော်က တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ ၊ မယ်‌တော်ရပ် ကွက်တွင် ယ‌နေ့ စု‌ပေါင်းကျင်းပသည့် ‌မေ‌ဒေး‌နေ့ အခမ်းအနား၌ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “မဲ‌ဆောက်‌ဒေသမှာ တစ်ရက်လုပ်အားခ ဘတ် ၃၁ဝ ကို ပြည့်ပြည့်ဝဝ‌ပေးမှု‌တွေနည်းတယ်။ ‌နောက်ပြီး အလုပ်ထဲမှာ အလုပ်သမားတစ်ခုခုဖြစ်လာရင် လူအစုလိုက် အလုပ်ထုတ်တာမျိုး၊ မလို‌တော့ဘူး ဆိုပြီး‌မောင်းထုတ်တာမျိုး ‌တွေရှိလာတယ်။ ဒီအလုပ်သမားအ‌ရေးကို နှစ်နိုင်ငံ တာဝန်ရှိသူအ‌နေနဲ့ တကယ်ပဲ ‌စေတနာ‌ကောင်း‌ကောင်းနဲ့ စနစ်တကျ စီစဉ်‌ဆောင်ရွက်ဖို့ လိုပြီးဆိုတာကို ဒီ‌နေရာက‌နေ တိုင်းတွန်းချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိအချိန်ထိ အလုပ်သမားအများစုမှာ လုပ်ငန်းခွင်ဆိုင်ရာ လုံခြုံ‌ရေး၊ ကျန်းမာ‌ရေးဆိုင်ရာ အခွင့်အ‌ရေးများ နည်းပါး ‌နေ‌သေးသလို တရားဝင် သတ်မှတ် အလုပ်ချိန် ၈ နာရီထက်ပို၍ အလုပ်လုပ်ရသည့် အ‌ခြေအ‌နေများစွာကို အလုပ် သမားများ ကြုံ‌တွေ့‌နေရဆဲ ဖြစ်သည်ဟုလည်း ဦးမိုး‌ကျော်က ဆက်‌ပြောသည်။

ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများဆိုင်ရာ ဥပ‌ဒေနှင့်အညီ လူမှုကူညီ‌ရေး အ‌ထွေ‌ထွေအဖွဲ့မှ မန်‌နေဂျင်း ဒါရိုက်တာ ကိုသားကြီးကလည်း “ထိုင်းမှာက အလုပ်သမားဆိုင်ရာ အခွင့်အ‌ရေးချိုး‌ဖောက်ခံရတာက ရှိ‌နေတုန်းပါပဲ။ ဒီအ‌ပေါ်မှာ လူ့ အခွင့်အ‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာတာဝန်ရှိသူ‌တွေက ထိထိ‌ရောက်‌ရောက် ကူညီ‌ပေး‌စေချင်တယ်။ ‌နောက်ပြီး ဒီမဲ‌ဆောက်မှာဆိုရင် အလုပ်သမား‌တွေက တရားဝင် စာရွက်စာတမ်း‌တွေကိုကျ‌တော့ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်အတိုင်း လုပ်ကြရ‌ပေမဲ့ လုပ်အားခကျ‌တော့ ‌ခေါင်းပုံဖြတ်ခံ‌နေကြရတုန်း။ ဒီအ‌ပေါ်မှာ လုပ် အားခပြည့်ပြည့်ဝဝရရှိဖို့ကို သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေက ‌သေချာစိစစ်ပြီး‌တော့ ကူညီ‌ပေး‌စေလိုတယ်” ဟု ‌ပြောသည်။

‌ရောက်ခြည်ဦး အလုပ်သမားများအဖွဲ့က ဦး‌ဆောင်ကာ ယ‌နေ့ မဲ‌ဆောက်မြို့၊ မယ်‌တော်ရပ်ကွက်၌ ကျင်းပသည့် အလုပ်သမား‌နေ့အခမ်းအနားတွင် အလုပ်သမားများအပါအဝင် ‌ဒေသတွင်းအာဏာပိုင်များနှင့် NGO အဖွဲ့အစည်းများ၊ အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများ အပါအဝင် စုစု‌ပေါင်း ၃၀ဝ ‌ကျော်ပါဝင်တက်‌ရောက်ခဲ့ပြီး အလုပ်သမား‌နေ့ ဖြစ်‌ပေါ် လာပုံ၊ ထိုင်းနိုင်ငံအတွင်းအရှိ အလုပ်သမားဆိုင်ရာအခွင့်အ‌ရေးများ၊ ဥပ‌ဒေပြဌာန်းချက်များကို သက်ဆိုင်ရာ အလုပ်သမား ‌ခေါင်း‌ဆောင်များက ‌ဟော‌ပြောခဲ့ပြီး ပညာ‌ပေးသရုပ်‌ဖော်ခြင်း၊ အလုပ်သမားအချို့မှ ၎င်းတို့ရင်ဆိုင်ကြုံ‌တွေ့ခဲ့ရသည့် အလုပ် သမားဆိုင်ရာ အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများကို ပြန်လည်မျှ‌ဝေ‌ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

‌မေ‌ဒေး‌နေ့အခမ်းအနားသို့ တက်‌ရောက်လာသည့် ‌တောင်ယာအလုပ်သမ မ‌မော်‌ဌေးက “ကျမတို့က အလုပ်သမား အခွင့် အ‌ရေး အကုန်ဆုံးရှုံး‌နေတာပဲ။ သူများ ဘတ်(အ‌ထောက်အထားစာရွက်) လုပ်တဲ့အခါ သူများ ၃,၇၀ဝ ဘတ် လုပ်ရရင် ကျမတို့လည်း ၃,၇၀ဝ ‌ပေးလုပ်တာပဲ။ သူများ ၆,၀၀ဝဘတ်ဆိုရင် ၆,၀၀ဝ ‌ပေးလုပ်ရတာပဲ။ ဒါ‌ပေမဲ့ လုပ်အားခက တအား နည်းတယ်။ တစ်ရက်ကို မနက် ၇ နာရီခွဲက‌နေ ည‌နေ ၅ နာရီ‌ကျော်အထိ(၁ဝနာရီ) လုပ်‌ပေမဲ့ ဘတ် ၂၀ဝ ပဲရတယ်။ ကျမတို့က သူ‌ဌေးနဲ့‌နေရ‌တော့ အလုပ်‌ပြောင်းချင်တယ်ဆိုရင်လည်း သူတို့က လက်မှတ်‌တွေကို သိမ်းထားပြီးပြန်မ‌ပေးဘူး။ ဒါကို အလုပ်သမားအဖွဲ့အစည်း‌တွေရဲ့အကူအညီနဲ့ လုပ်ချင်‌ပေမဲ့ အသတ်ခံရမှာလည်း‌ကြောက်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထိုင်းနိုင်ငံ ခရိုင် ၇၇ခု တွင် လုပ်ငန်း‌ပေါင်းစုံ၊ အလုပ်ကြမ်း‌ပေါင်းစုံအတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာအလုပ်သမား ဦး‌ရေ ၂သန်းနှင့် ၃သန်းကြား ရှိပြီး တာ့ခ်ခရိုင်ရှိ မြို့နယ် ၉ ခုတွင် စုစု‌ပေါင်း မြန်မာအလုပ်သမား ၄သိန်း‌ကျော်ရှိသည်ဟု အလုပ်သမား‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။

လွန်ခဲ့သည့် နှစ်‌ပေါင်းတစ်ရာ‌ကျော်တွင် အလုပ်သမားများ တစ်‌နေ့အလုပ်လုပ်ချိန် ၈ နာရီသတ်မှတ်‌ပေး‌ရေးအတွက် အ လုပ်သမားများ ‌သွေး‌မြေကျခံ‌တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ‌မေလ ၁ ရက်‌နေ့ကို အလုပ်သမား‌နေ့ အဖြစ်သတ်မှတ်ခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ အခွင့်အ‌ရေးအတွက် ယ‌နေ့အချိန်အထိ ဆန္ဒပြ‌တောင်းဆိုလျက်ရှိသည်။ ယ‌နေ့ ကျ‌ရောက် သည့် (၁၂၈)ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား‌နေ့ (‌မေ‌ဒေး)အထိမ်းအမှတ်‌နေ့ကို မြန်မာနှင့် ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပြုလုပ်ကျင်းပ‌နေကြသည်ဟု သိရသည်။