Home သတင်း ‌ပျောက်ဆုံး‌နေသည့် လူမှုကယ်ဆယ်‌ရေး‌ဒေသခံဝန်ထမ်း ပစ်ခတ်ခံရမှု‌ကြောင့် ‌သေဆုံးဟု MEAT ‌ပြောဆို

‌ပျောက်ဆုံး‌နေသည့် လူမှုကယ်ဆယ်‌ရေး‌ဒေသခံဝန်ထမ်း ပစ်ခတ်ခံရမှု‌ကြောင့် ‌သေဆုံးဟု MEAT ‌ပြောဆို

2676

ဧပြီ ၉ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်ခရိုင်(ဖာပွန်)၊ တပ်မဟာ ၅ နယ်‌မြေတွင် စစ်‌ဘေး‌ရှောင်‌နေသူများကို အကူအညီ‌ပေး‌နေသူ၊ ‌ဒေသအတွင်း ဌာ‌နေတိုင်းရင်းသားများအခွင့်အ‌ရေး၊ ‌မြေယာနှင့် သစ်‌တော ကာကွယ်ထိန်းသိမ်း‌ရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်‌ဆောင်‌နေသူ လယ်မူပ‌လောရွာသား ‌စောအိုမူးသည် ဧပြီ ၅ရက်‌နေ့က စစ်တပ်၏ ပစ်ခတ် မှု‌ကြောင့် ‌သေဆုံးသွားပြီးဖြစ်သည်ဟု မူ‌တြော်ခရိုင် အ‌ရေး‌ပေါ်ကူညီ‌ရေးအဖွဲ့ ( Mutraw Emergency Assistance Team – MEAT) က ‌ပြောသည်။

‌စောအိုမူးသည် စစ်‌ဘေး‌ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ‌ဆေးဝါးများ အကူအညီ‌ပေး‌ရေး လုပ်ငန်းများ လုပ်‌ဆောင်‌နေ စဉ် ဧပြီလ ၅ရက်‌နေ့တွင် လယ်မူပ‌လော‌ဒေသသို ့ ပြန်လာစဉ် လမ်းခုလပ်တွင် စစ်တပ်က ပစ်ခတ်ခဲ့ခြင်း‌ကြောင့် ယခုလို ‌သေဆုံးသွားခြင်းဖြစ်သည်ဟု (MEAT)က ဧပြီလ ၉ရက် ‌နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

MEAT အဖွဲ့၏ ‌ပြောခွင့်ရသူ ‌စောစိုးဒိုက “အ‌လောင်းက‌တော့ ‌ကောက်လို့မရ‌သေး‌ပေမယ့် အဲဒီ‌နေ့က အဖြစ်အပျက်မှာ အပစ်ခံရတယ်။ သူ‌ပြေး၊ ကိုယ်‌ပြေးဖြစ်တဲ့အခါမှာ သူက‌တော့ ဆိုင်ကယ်တစ်စီးနဲ့ ကျန်ရစ်သွားခဲ့တယ်။ ဆို‌တော့ အခု တက်လာတဲ့ ‌မြေပြင်သတင်းအရက‌တော့ ‌ကျော(အစ်ကို)အိုမူး အပစ်ခံရလို့ ‌သေဆုံးသွားပြီဆိုတာ ကျ‌နော်တို့ အတည်ပြု လို့ ရပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ‌ကေအဲန်ယူ၊ မူ‌တြော်ခရိုင်(ဖာပွန်)အတွင်း စစ်တပ်က နယ်‌မြေစိုးမိုး‌ရေးအတွက် ရည်ရွယ် ၍ သတ်မှတ်‌နေရာထက်‌ကျော်လွန်ကာ လမ်း‌ဖောက်လုပ်မှု‌ကြောင့် ‌ကေအဲန်ယူ တပ်မဟာ ၅ လက်‌အောက်ခံ တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လယ်မူပ‌လော‌ဒေသတဝိုက်ရှိ ‌ဒေသခံ ၂,၃၀၀‌ကျော်မှာ စစ်‌ဘေး‌ရှောင်‌နေခဲ့ရသည်။

ယခုလို လူမှုကယ်ဆယ်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေသူ အပြစ်မဲ့ ပြည်သူတစ်ဦးဖြစ်သည့် ‌စောအိုမူးကို မြန်မာစစ်တပ်က ပစ်သတ်ခြင်းသည် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခြင်းဖြစ်သလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA )ကိုလည်း ချိုး‌ဖောက်ရာ‌ရောက်သည်ဟု MEAT အဖွဲ့ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် စစ်‌ဘေး‌ရှောင် တိုင်းရင်းသားများအတွက် လူမှုကယ်ဆယ်‌ရေးလုပ်ငန်းများ လုပ်ကိုင်‌နေသူများကို အကာအကွယ် ‌ပေးရန် MEAT က နိုင်ငံ‌တော် သမ္မတနှင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ထံ ‌မေတ္တာရပ်ခံလို ‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထုတ်ပြန်ချက် ‌ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းကလည်း “ဒီဖြစ်စဉ်အ‌ပေါ်မှာ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေနဲ့၊ သမ္မတအ‌နေနဲ့ အာရုံစိုက်ပြီး‌တော့မှ တစုံတရာ အ‌ရေးယူ‌ဆောင်ရွက်‌ပေးနိုင်ဖို့၊ အ‌ရေးယူ‌ဆောင်ရွက်‌ပေးနိုင်ဖို့ဆိုတာက ဒီလို ဖြစ်ရပ်မျိုး ဆက်မဖြစ်‌အောင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရန် တပ်‌တွေဘက်က ပြန်ဆုတ်‌ပေးနိုင်ရန်‌ပေါ့‌နော်။ ‌နောက် လမ်း‌ဖောက် လုပ်မှု‌တွေကိုလည်း ရပ်ဆိုင်းရန်၊ ‌နောက်တစ်ခါ လူထု‌တွေလည်း ကိုယ့်ရွာ ကိုယ်ပြန်နိုင်ဖို့ အဓိက ‌တောင်းဆိုချက် ဖြစ်ပါ တယ်။”ဟု ‌ပြောသည်။

ယင်းပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေ‌သော ပြည်သူလူထုအား ပံ့ပိုးကူညီ‌ပေးနိုင်ရန် ‌ဒေသခံလူမှုအဖွဲ့အစည်း များ ပူး‌ပေါင်း၍ မူ‌တြော်(ဖာပွန်) အ‌ရေး‌ပေါ်ကူညီ‌ရေးအဖွဲ့ (MEAT)ကို မတ်လ ၁၂ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ပြီး ထွက်‌ပြေးတိမ်း ‌ရှောင်‌သော ပြည်သူလူထုများအား ကျန်းမာ‌ရေးနှင့် စားနပ်ရိက္ခာတို့ကို ကူညီ‌ထောက်ပံ့‌ပေး‌နေသည့်အဖွဲ့ ဖြစ်သည်။

‌သေဆုံးသွားသူ ‌စောအိုမူးမှာ ၎င်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ‌ဒေသခံဌာ‌နေလူထု၏ ‌ခေါင်း‌ဆောင်တစ်ဦးလည်းဖြစ်ပြီး ယခုအချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၇ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။