Home သတင်း ကြာအင်းဆိပ်ကြီး ‌နွေသံပုရာသီး ‌ဈေး‌မြှောက်

ကြာအင်းဆိပ်ကြီး ‌နွေသံပုရာသီး ‌ဈေး‌မြှောက်

3209

မတ် ၁၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ‌ဒေသခံများစိုက်ပျိုးသည့် ရာသီ သီးနှံတစ်မျိုးဖြစ်သည့် ‌နွေသံ ပုရာသီးများ တစ်လုံးကျပ်တစ်ရာထိ ‌ဈေးတက်လာပြီး ‌ဈေး‌ကောင်းရ‌နေသည်ဟု သံပုရာသီးစိုက် ‌တောင်သူများ က ‌ပြောသည်။

ကြာအင်း‌ကျေးရွာ သံပုရာခြံပိုင်ရှင် ‌စောခဲနီခဲက “မိုးတွင်းတုန်းက တစ်လုံး ၁၅ ကျပ်ဘဲ ‌ရောင်းရတယ်။ အခုတ လုံးတစ်ရာကျပ်ရှိတယ်။ ‌နွေရာသီဆို‌တော့ အသီးကနည်းလာတယ်။ တစ်ခါခူးရင် အလုံး‌ရေ ‌လေး၊ ငါး‌သောင်း ‌လောက်ရတာ‌ပေါ့။ အခုလို ‌ဈေး‌ကောင်းရ‌တော့ မိုးတွင်းအတွက် ဆန်၊ ဆီ၊ ဆား ဝယ်စု‌ဆောင်းနိုင်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နွေသံပုရာသီးများ ယခင်နှစ် မတ်လတွင် တစ်လုံး ကျပ် ၇ဝ ထိသာ‌ဈေးရ‌သော်လည်း ယခုနှစ်တွင် တစ်လုံး ကျပ် ၁၀ဝ ထိ‌ဈေးရ‌နေပြီး ‌နွေရာသီ အချို‌ရေ၊ အ‌အေး‌ရောင်းသည့် ဆိုင်များ၊ ရန်ကုန်ဘုရင့်‌နောင်ကုန်စည်ဒိုင် များမှ လာ‌ရောက်ပြီး အပြိုင်ဝယ်ယူမှုများရှိ‌နေသည့်အတွက် ယခုလို‌ဈေး‌ကောင်းရခြင်းဖြစ်သည်ဟု ‌ဒေသခံကုန် စည်ဒိုင်များက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ ‌ပေါ်ရှိ သံပုရာသီးအဝယ်ဒိုင်တစ်ဦးဖြစ်သူ ‌ဒေါ်ရီက “ ဒီနှစ် ‌နွေသီး‌တွေ အလုံးကြီးဆို တစ်ရာ ထိဖြစ်သွားတယ်။ မိုးတွင်းတုန်းက ဝယ်တဲ့လူ‌တောင်မရှိဘူး၊ အခု‌ဈေးတက်လာ‌တော့ လုပြီး ဝယ်‌နေရတယ်။ ‌နွေ ကျ‌တော့ အ‌အေးဆိုင်‌တွေလည်း ဝယ်တယ်။ သံပုရာသီးက နည်းပြီး ဝယ်သူများလာ‌တော့ ‌ဈေးတက်သွား တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အပါအဝင် ‌ရေး၊ ပြည်၊ ပုတီးကုန်း၊ ဇီးကုန်း စသည့် ‌ဒေသများတွင် သံပုရာပင် အများဆုံးစိုက်ပျိုးကြပြီး ‌ဆေးဝါး၊ စားသုံးကုန်၊ အ‌ဖျော်ရည် စသည်တို့တွင် အဓိက အသုံးပြု ‌နေ‌ကြောင်း သိရသည်။