Home သတင်း အ‌မေရိကန်သံရုံး ‌ပေးအပ်သည့် Women of Change Award ကို ကရင်အမျိုးသမီးအစည်းအရုံး လက်ခံရယူခဲ့

အ‌မေရိကန်သံရုံး ‌ပေးအပ်သည့် Women of Change Award ကို ကရင်အမျိုးသမီးအစည်းအရုံး လက်ခံရယူခဲ့

2343

မတ်လ ၂၂ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံရုံးက ၂၀၁၈ အတွက် ‌ပေးအပ်ချီးမြှင့်သည့် Women of Change Award ကို ကရင်အမျိုးသ မီးအစည်းအရုံး(KWO)ကလည်း ရရှိခဲ့ပြီး မတ်လ ၂၂ရက် ည‌နေတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အ‌မေရိကန်သံအမတ်‌နေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည့် ဆု‌ပေးပွဲ အခမ်းအနား၌ ဆုလက်ခံရယူခဲ့သည်။

Women of Change ဆုကို KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင်များဖြစ်ကြသည့် ‌နော်ဝါးခုရှီးနှင့် ‌နော်ဆဲဆဲတို့က ၎င်းတို့၏ အစည်းအရုံး ကိုယ်စား တက်‌ရောက်ရယူခဲ့ကြပြီး ယခုနှစ်ဆုရှင်များနှင့် ယမန်နှစ် ဆုရှင်များ အပါအဝင် ဧည့်ပရိဿတ်‌ပေါင်း ၅၀‌ကျော်ခန့် တက်‌ရောက်ခဲ့ကြသည်။

ဆုလက်ခံရယူသူတစ်ဦးဖြစ်သည့် KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင် ‌နော်ဝါးခုရှီးက “ဒီဆုရရှိတာဟာ ကျမတို့ ကရင်အမျိုးသမီး အစည်းအရုံးအတွက် လူ့အခွင့်အ‌ရေး‌ပေါ် ရပ်တည်ပြီး ဆက်လက် လုပ်‌ဆောင်သွားဖို့အတွက် အားအင်ဖြစ်‌စေပါတယ်။ တန်းတူ ညီမျှ‌ရေး၊ ‌ဖြောင့်မတ်မှန်ကန်မှုနဲ့ လူ့အခွင့်အ‌ရေး စတာ‌တွေဟာ ကရင်အမျိုးသမီး‌တွေအတွက်တင်မကဘဲ လူတိုင်းအတွက် အ‌ရေးကြီးပါတယ်။ ဒါ‌ကြောင့် လူ့အခွင့်အ‌ရေး‌ပေါ် မှန်ကန်စွာ ရပ်တည်‌ဆောင်ရွက်‌နေတာကို အသိအမှတ်ပြုလို့ ရရှိတဲ့ဆုဖြစ်တဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်အတွက် အဆိုပါဆုကို ‌ပေးအပ်ရာတွင် ကရင်အမျိုးသမီးအစည်းအရုံးနှင့်အတူ ကျန်းမာ‌ရေးဆိုင်ရာ စစ်တမ်းကို ထိ‌ရောက်စွာ လုပ်‌ဆောင်ခဲ့သူ ကျန်းမာ‌ရေးနှင့် အားကစား‌ရေးဝန်ကြီးဌာနမှ အ‌ထွေ‌ထွေကျန်းမာ‌ရေးပြန်ကြား‌ရေး ဒုတိယညွှန် ကြား‌ရေးမှူး ‌ဒေါက်တာသက်သက်မူ၊ Myanmar Federation for Persons with Disabilities (MFPD)၏ အမှု‌ဆောင်‌ကော်မတီ ဝင် ‌ဒေါ်‌အေးသဉ်ဖာ‌မောင်တို့ကိုလည်း ‌ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ခုနှစ်က Women of Change Award ကို မြန်မာနိုင်ငံရှိ အမျိုးသမီး (၆)ဦးကိုလည်း ‌ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အ‌မေရိကန်သံအမတ် မစ္စတာစ‌ကော့မာရှယ်က ဆု‌ပေးအပ်ပွဲ အခမ်းအနားတွင် ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

၎င်းအပြင် နိုင်ငံအတွင်းရှိ မတူကွဲပြား‌သော နယ်‌မြေ‌ဒေသများမှ အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ လုပ်‌ဆောင် ချက်များအ‌ပေါ် အသိအမှတ်ပြုကာ အား‌ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ဆု‌ပေးပွဲကို လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်း၊ ထို့အတွက် ကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ၊ မသန်စွမ်းသူများ၏အခွင့်အ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးများ၏အသံ ပိုမို ‌ပေါ်ထွက်လာ‌စေရန် လုပ်‌ဆောင်ခဲ့သူများကို ဂုဏ်ပြုရခြင်းဖြစ်သည်ဟု သံအမတ်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“KWO က သမိုင်း‌ကြောင်းရှည်တယ်။ အမျိုးသမီး‌တွေရဲ့ အား‌ကောင်းတဲ့အသံ‌တွေ၊ ငြိမ်းချမ်း‌ရေးနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ အမျိုး သမီး‌တွေ ပါဝင်မှု‌တွေအပြင် လူ့အခွင့်အ‌ရေးနဲ့ အမျိုးသမီးများကို ကာကွယ်မှုကို ‌ထောက်ခံတာ ပညာ‌ရေးဆိုင်ရာ လုပ်ငန်း‌တွေ ကို ‌ဆောင်ရွက်‌နေတာ‌ကြောင့် အသိအမှတ်ပြု ‌ရွေးချယ်ရခြင်းဖြစ်ပါတယ်”ဟု သံအမတ် မစ္စတာစ‌ကော့မာရှယ်က ‌ပြောသည်။

အဖွဲ့ဝင်စုစု‌ပေါင်း ၆‌သောင်း‌ကျော်ရှိသည့် ကရင်အမျိုးသမီးအစည်းအရုံးသည် ကျား/မ တန်းတူ‌ရေး၊ ဌာ‌နေတိုင်းရင်းသားများ အခွင့်အ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်‌ရေးများအတွက် ပံ့ပိုး‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကရင်အမျိုးသမီးအစည်းအရုံးအ‌နေဖြင့် ၂၀၁၇ခု၊ စက်တင်ဘာလ ၉ရက်‌နေ့က ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ သ‌ဘော ထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် မျိုးဆက်သစ်ကရင်အမျိုးသမီးများ ‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်းဖွင့်လှစ်ထားခြင်း၊ ‌ကေအဲန်ယူ၏ အိမ်တွင်းအ ကြမ်းဖက်မှု ဥပ‌ဒေဆိုင်ရာ ပြန်လည်ဆန်းစစ်ခြင်းနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတွင် ဆုံးဖြတ်ချက်ချနိုင်သည့်အပိုင်း၌ အမျိုးသမီးများ၏အခန်းကဏ္ဍ တိုးမြှင့်‌ရေးလုပ်ငန်းစဉ်များကို လုပ်‌ဆောင်လျှက်ရှိသည်။