Home သတင်း ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသား ၁၂၁ ဦး ‌ဖြေဆိုမည်

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသား ၁၂၁ ဦး ‌ဖြေဆိုမည်

2085

မတ်လ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ယခုနှစ် မတ်လ ၇ ရက်‌နေ့တွင်စတင်‌ဖြေဆိုမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မြန်မာနိုင်ငံတက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ထိုင်း-မြန်မာ နယ်စပ်၊ မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၃ ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၂၁ ဦးဝင် ‌ရောက်‌ဖြေဆိုသွားရန် ပြင်ဆင်‌နေ‌ကြောင်း စာ‌မေးပွဲအတွက် ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

မဲ‌ဆောက်မှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် စာစစ်ဌာနတွင် မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းသုံး‌ကျောင်းဖြစ် သည့် ဆာသူး‌လေ‌ကျောင်းမှ ‌ဖြေဆိုသူ ‌ကျောင်းသူ၊ ‌ကျောင်းသား ၄၈ ဦး၊ ‌သွေးသစ်‌ကျောင်းမှ ၅၄ဦးနှင့် SAW အထက် တန်း‌ကျောင်းမှ ၁၉ ဦး ဝင်‌ရောက်‌ဖြေဆိုရန် ပြင်ဆင်‌ဆောင်ရွက်‌နေသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး ‌ကော်မတီ-BMWECမှ ပြည်တွင်း ပညာ‌ရေးတာဝန်ခံ ‌စောခလိထူးက ‌ပြောသည်။

၎င်းက “ဒီနှစ်က SAW တစ်‌ကျောင်းတိုးလာပါတယ်။ အခု ကျ‌နော်တို့ မြဝတီဘက်ကမ်းကို ၅ ရက်‌နေ့သွားဖို့ စဉ်းစားထား ‌ပေမဲ့ ဘာမှ‌တော့ ‌သေချာမစီစဉ်ရ‌သေးဘူး။ တည်းခို‌နေဖို့က‌တော့ စီစဉ်ထား‌ပေးပြီးသားပါ။ ဒီနှစ်စာသင်နှစ်ကစလို့ ဘာသာ ရပ်ပိုင်းဆရာ၊ ဆရာမ‌တွေက‌တော့ ပုံမှန်‌လေ့ကျင့်သင်ကြား‌ပေးပါတယ်။ ဒါ‌ပေမဲ့ ရလဒ်က‌တော့ ‌ကျောင်းသား‌တွေရဲ့ ကြိုးစားမှုအ‌ပေါ် မူတည်တာ‌ပေါ့״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် ၂၀၁၆-၁၇ ပညာသင်နှစ်၌ ဆာသူး‌လေနှင့် ‌သွေးသစ် အထက်တန်း‌ကျောင်းနှစ်‌ကျောင်း မှ ‌ကျောင်းသူ၊ ‌ကျောင်းသား( ၉၀)ဦးဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ၁၈ဦး‌အောင်မြင်ခဲ့ပြီး SAW အထက်တန်း‌ကျောင်းမှာ ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်းကို ပထမဦးဆုံးအကြိမ် ဝင်‌ရောက်‌ဖြေဆိုခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ် ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို မတ်လ ၇၊ ၈၊ ၉ ရက်‌နေ့တွင် မြန်မာစာ၊ အဂင်္လိပ် စာ၊ သချင်္ာကို စတင်‌ဖြေဆိုရမည်ဖြစ်ပြီး ဓါတု‌ဗေဒ/စိတ်ကြိုက်မြန်မာစာ၊ ရူပ‌ဗေဒ၊ ဇီဝ‌ဗေဒ/‌ဘောဂ‌ဗေဒ၊ ပထဝီဝင် နှင့်သ မိုင်း ဘာသာရပ်များကို ၁၂ ရက်မှ ၁၆ ရက်‌နေ့အထိ ‌ဖြေဆိုရမည့် အချိန်စာရင်းကို ပညာ‌ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာ စစ်ဦးစီး ဌာနက ဒီဇင်ဘာလ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့် ‌သွေးသစ်‌ကျောင်းမှ မပန်းအိစိုးက “ဒီနှစ်က သမီးဒုတိယအကြိမ် ပြန်ကြိုး စားတဲ့နှစ်ပါ။ သမီးမိဘ‌တွေကလည်းသမီးကို ဆယ်တန်းကို ‌အောင်‌စေချင်တယ်။ သမီးကိုယ်တိုင်ကလည်း မြန်မာပြည်မှာ ဘွဲ့တစ်ခုခု‌လောက်ယူထားချင်တယ်။ ဒီနှစ်အတွက် မနှစ်ကနဲ့မတူပဲ အ‌ကောင်းဆုံးပြင်ဆင်ထားပါတယ်။ ‌အောင်မယ်လို့ လည်း ကိုယ့်ကိုယ်ကို ယုံကြည်ထားပါတယ် ״ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများသည် အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ၅၆ ဦး‌ဖြေဆိုခဲ့ရာတွင် ၈ ဦးသာ‌အောင်မြင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် ၁၂၆ဦး ‌ဖြေဆိုခဲ့ရာ၌ ၃၆ ဦးနှင့် ၂၀၁၄-၂၀၁၅ခုနှစ် ၌ ၁၂၅ဦး ဝင်‌ရောက်‌ဖြေဆိုရာတွင် ၃၃ဦး ‌အောင်မြင် ခဲ့သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း မဲ‌ဆောက်၊ မဲ့လမတ်နှင့်ဖုတ်ဖရတ်စသည့် မြို့နယ်သုံးမြို့နယ်၌ မြန်မာ‌ရွှေ့ ‌ပြောင်း အလုပ် သမားများ၏ သား၊ သမီးများအတွက်ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်း‌ပေါင်း ၇၄‌ကျောင်းရှိရာမှ ‌ထောက်ပံ့‌ရေး အခက်အ ခဲများ‌ကြောင့် ၆၄ ‌ကျောင်းသာကျန်ရှိပြီး နှစ်နိုင်ငံအစိုးရတို့၏ အသိအမှတ်ပြုမှု မခံထားရသည့် ‌ကျောင်းသူ၊ ‌ကျောင်းသား ‌ပေါင်း ၁၄,၀၀ဝ ‌ကျော်နှင့် ဆရာ၊ ဆရာမ‌ပေါင်း ၇၀ဝ ‌ကျော်ရှိသည်ဟု သိရသည်။