Home သတင်း ဒူးပလာယာခရိုင်တွင် KED ၇တန်းနှင့် ၁ဝ တန်း စာ‌မေးပွဲ စတင်‌ဖြေဆို

ဒူးပလာယာခရိုင်တွင် KED ၇တန်းနှင့် ၁ဝ တန်း စာ‌မေးပွဲ စတင်‌ဖြေဆို

2030

မတ် ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ဌာနတစ်ခုဖြစ်သည့် ကရင်ပညာ‌ရေးဌာန (KED)က ဒူးပလာယာခရိုင်အတွင်း ၂၀၁၈ ခုနှစ်အတွက် ၇ တန်းနှင့် ၁ဝ တန်းစာ‌မေးပွဲများကို မတ် ၁၂ ရက်‌နေ့မှ စတင် စစ်‌ဆေး‌နေသည်ဟု ဝင်း‌ရေးမြို့နယ် KED ဒုပညာ‌ရေးမှူး မန်းရှထိုး‌ဝေါ်က ‌ကေအိုင်စီသို့ ‌ပြောသည်။
၎င်းက “ အခု စာ‌မေးပွဲမှာ ၇ တန်း၊ ၁ဝ တန်း ‌ကျောင်းသား ၄၇ ‌ယောက်‌ဖြေတယ်။ ဘာသာရပ် ၇ ခုကို ၅ ရက် ‌ဖြေရမယ်။ အတန်း‌အောင်မြင်တဲ့သူ‌တွေ နယ်စပ်အဆင့်မြင့်‌ကျောင်းမှာ ပြန်တက်ရတယ်” ဟု မတ်လ ၁၃ ရက် ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၊ ဒူးပလာယာ ခရိုင်အတွင်း ကရင်ပညာ‌ရေးဌာန(KED) လက်‌အောက်ခံ အထက်တန်း‌ကျောင်း ၃ ‌ကျောင်းနှင့် အလယ်တန်း‌ကျောင်း ၂ ‌ကျောင်းဖွင့်လှစ်ထားပြီး ယခုစာ‌မေးပွဲ ၇ တန်း အ‌ဖြေလွှာများကို KEDခရိုင် အဆင့်က စစ်‌ဆေးသွားမည်ဖြစ်သလို ၁ဝ တန်းစာ‌မေးပွဲ အ‌ဖြေလွှာများကို KED ဗဟိုမှ တိုက်ရိုက် စစ်‌ဆေးသွား မည်ဟု ဌာနတာဝန်ရှိသူများက ‌ပြောသည်။

ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြန့်ပွားတိုးတက်‌ရေး အသင်းဥက္ကဌ ‌စော‌အေးမြက “ ပညာ‌ရေးနဲ့ ပတ် သက်ပြီး ဘယ်သူပဲလုပ်လုပ် ‌ကောင်းပါတယ်။ က‌လေး‌တွေ ငှက်ပစ်၊ ကြက်ပစ်နဲ့ ကြီးလာမဲ့အစား KED က အခု လိုလုပ်‌ပေးတာ ‌ကောင်းပါတယ်။ KED မှာ ၇ တန်း ၈ တန်း‌အောင်ပြီး မဲ‌ဆောက်မှာ ၁ဝ တန်း ၁၂ တန်း ‌တောက် ‌လျှောက် မတက်နိုင်ဘဲ ပြန်လာတဲ့က‌လေး‌တွေ သူတို့ရထားတဲ့လက်မှတ်ကလည်း အသိမှတ်ပြု မခံရ‌တော့ ခက်တယ်။ သက်ဆိုင်ရာအစိုးရကို တင်ပြ‌ပေမဲ့ အခု ထိအ‌ကြောင်းပြန်ကြားမှု မရှိ‌သေး” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခင် ၂ဝ၁၇ ပညာသင်နှစ်တွင် ဝင်း‌ရေးမြို့နယ် KED ‌ပျော်သာယာအထက်တန်း‌ကျောင်းတွင် ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၁ ဦး ၁ဝ တန်းစာ‌မေးပွဲ ‌ဖြေဆိုခဲ့ပြီး ၁ဝ ‌ယောက်‌အောင်မြင်ခဲ့သည်ဟု ဝင်း‌ရေးမြို့နယ် KED ဌာနမှ သိရသည်။

ကရင်ပညာ‌ရေးဌာန (KED) အ‌နေဖြင့် ‌ကေအဲန်ယူ၊ ထိန်းချုပ်နယ်‌မြေ အတွင်းနှင့် အုပ်ချုပ်မှု‌ရော‌နှော‌နေသည့် ‌ဒေသများတွင် အ‌ခြေခံပညာ‌ကျောင်းများ ဖွင့်လှစ်ပြီး ‌ဒေသခံ ‌ကျောင်းသူ၊ ‌ကျောင်းသားများကို သင်ကြား‌ပေး လျက်ရှိသည်။ ထို့အပြင် အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် အားကစားနှင့် သင်‌ထောက်ကူပစ္စည်များ လှူဒန်းမှုများပြုလုပ်သလို ကရင်စာသင်ဆရာ၊ ဆရာမများကိုလည်း ‌ထောက်ပံ့မှုများ ပြုလုပ်‌ပေး‌နေသည်ဟု ဌာနတာဝန်ရှိသူများထံမှ သိရသည်။