Home သတင်း တပ်မ‌တော်အ‌နေဖြင့် နယ်‌မြေအတွင်း စစ်‌ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် KNU ‌ပြော

တပ်မ‌တော်အ‌နေဖြင့် နယ်‌မြေအတွင်း စစ်‌ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် KNU ‌ပြော

2024

မတ်လ ၁၆ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံး ၊ တပ်မဟာ(၅)နယ်‌မြေ၊ မူတ‌ရော် (ဖာပွန်) ခရိုင်အတွင်း ယခုလဆန်းပိုင်းက ဖြစ်ပွားခဲ့ သည့် လမ်း‌ဖောက်လုပ်မှု အ‌ကြောင်းပြချက်ဖြင့် ဝင်‌ရောက်လာ‌သော အစိုးရတပ်မ‌တော်နှင့် KNU တပ်မဟာ(၅) တပ်ဖွဲ့အကြား ပစ်ခတ်မှုများနှင့်ပတ်သက်၍ အစိုးရတပ်မ‌တော်အ‌နေဖြင့် နယ်‌မြေအတွင်း စစ်‌ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ယ‌နေ့ ရက်စွဲဖြင့် KNU ဗဟိုမှ သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCAဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး လုပ်ငန်း အ‌ကောင်အထည်‌ဖော်မှုတို့တွင် ယုံကြည်မှုတည်‌ဆောက်‌ရေးဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုအားဖြည့် ‌ဆောင်ရွက်ရ မည့်ကာလတွင် ယခုကဲ့သို့ တပ်မ‌တော်၏ လုပ်‌ဆောင်မှုများနှင့် ထိ‌တွေ့မှုများသည် နှစ်ဖက်လက်ခံထားသည့် NCA သ‌ဘောတူညီချက်များကို ချိုး‌ဖောက်ရာ ‌ရောက်‌ကြောင်း KNU အတွင်း‌ရေးမှူးချုပ်ဖြစ်သူ ပဒို‌စောတာဒိုမူးက ယခုလို ‌ပြောသည်။

“ဒီလိုမျိုး စစ်‌ရေးအရ တင်းမာမှုဖြစ်တဲ့ပုံစံမျိုး‌တွေက‌တော့ ကျ‌နော်တို့ အထူးသဖြင့် လူထု‌တွေက သံသယ ဖြစ်‌ပေါ်‌စေနိုင်ပြီး ‌တော့ ‌အောက်‌ခြေက တပ်ဗိုလ်၊ တပ်မှူး‌တွေကြားထဲမှာလည်း ယုံကြည်မှုကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်နိုင်တာ ဖြစ်တဲ့အတွက်‌ကြောင့် ‌လော‌လောဆယ် တပ်မ‌တော်အ‌နေနဲ့ စစ်‌ရေးလှုပ်ရှားမှု‌တွေကို ရပ်ဆိုင်းပြီး‌တော့ လမ်း‌ဖောက်တဲ့ ကိစ္စနဲ့ လွှတ်ထားတဲ့တပ်ရင်း‌တွေကို ပြန်ရုတ်သိမ်းမှု‌တွေ ပြုလုပ်ဖို့ အပိုင်း တစ်ဖက်မှာ ကရင်ပြည်သူလူထု‌တွေလည်း စိတ် ချလက်ချနဲ့ မိမိ‌နေရာမှာ ပြန်ပြီး‌နေနိုင်ဖို့ဆိုတဲ့ အ‌ခြေခံ‌ပေါ်မှာ အပစ်အခတ်ရပ်စဲ‌ရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် NCA စာချုပ်ထဲမှာ လက်မှတ်‌ရေးထိုးထားတဲ့ ‌ခေါင်း‌ဆောင်အားလုံးက တာဝန်ရှိပါတယ် ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် လတ်တ‌လောဖြစ်ပွား‌နေသည့် ၎င်းစစ်‌ရေးအရ တင်းမာမှုများနှင့် နယ်‌မြေကျူး‌ကျော်မှု ပြဿနာများ သည် နှစ်ဖက် သ‌ဘောတူလက်မှတ်‌ရေးထိုးထားသည့် NCAစာချုပ် အရ တိုင်းရင်းသား ‌တော်လှန်‌ရေး လက် နက်ကိုင်အဖွဲ့ အစည်းများ(EAOs) နှင့် အစိုးရတို့အကြား မူလသ‌ဘောတူထားသည့် အ‌ခြေခံ က‌နေ အဓိပ္ပာယ်ဖွင့်ဆိုမှု ကွဲလွဲ‌နေမှုများရှိ ‌နေခြင်း‌ကြောင့်ဖြစ်ပြီး နှစ်ဖက်အကြားမှာကွာဟ‌နေသည့် ညှိနှိုင်းရန်အတွက် လိုအပ်ဆဲ ‌ဆွေး‌နွေးမှုများကို အများကြီးလုပ်‌ဆောင်သွားရန် လိုအပ်‌သေး‌ကြောင်းလည်း ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

ဆက်လက်ပြီး NCA အ‌ကောင်အထည်‌ဖော်မှု ‌အောင်မြင်နိုင်‌ရေးအတွက် NCA နှင့် ပတ်သက်သည့် နှစ်ဖက်ဘုံ နားလည်လက်ခံထားရမည့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ၊ အ‌ခြေခံစဉ်းစားမှုဆိုင်ရာ ဆက်လက်ညှိနှိုင်းသွားရမည့် ‌ဆွေး‌နွေးမှုများ၊ တပ်ပိုင်းဆိုင်ရာ၊ အပစ်ရပ်ပူးတွဲ‌စောင့်ကြည့်‌ရေး JMCကို သီးခြားလွတ်လပ်သည့် ယန္တရားဖြစ် လာ‌စေ‌ရေးအတွက် ‌ဆွေး‌နွေးမှုများ မဖြစ်မ‌နေပြုလုပ်ရန် အ‌ရေးတကြီးလိုအပ်လာခြင်း‌ကြောင့် KNU မှ ‌တောင်းဆိုချက် (၃)ချက်ကိုပါ ထုတ်ပြန်ချက်၌ ‌တောင်းဆိုထားသည်။

၎င်း‌တောင်းဆိုချက်များ၌ အစိုးရတပ်မ‌တော်အ‌နေဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ ယုံကြည်မှုတည် ‌ဆောက်‌ရေး ကို လက်‌တွေ့ပြသသည့် အ‌နေဖြင့် စစ်‌ရေးလှုပ်ရှားမှုများကိုရပ်ဆိုင်းပြီး လမ်း‌ဖောက်လုပ်‌ရေးလုပ်ငန်းအတွက် ‌စေလွှတ်ထား ‌သော စစ်မဟာဗျူဟာကွပ်ကဲ‌ရေးဌာနချုပ်များနှင့် လက်‌အောက်ခံတပ်ရင်းများကို ပြန်လည် ရုတ်သိမ်းမှုများပြုလုပ်ရန်နှင့် စစ်‌ဘေး‌ရှောင် ကရင်ပြည်သူလူထုများ ‌နေရပ်ပြန်လည် ဝင်‌ရောက် ‌နေထိုင်နိုင်‌ရေး အတွက် လုံခြုံမှုအာမခံချက်‌ပေးရန်၊ NCA အသိ သက်‌သေလက်မှတ်‌ရေးထိုးခဲ့သည့် နိုင်ငံများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက လက်ရှိ ပစ်ခတ်မှု ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံပြည်သူများ အတွက် လူသားချင်းစာနာ‌ထောက်ထား‌သော အ‌ထောက် အကူများ ‌ပေးအပ်ရန်အတွက် ‌တောင်းဆိုထားသည်။

၎င်းအပြင် မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌အောင်မြင်‌ရေးအတွက် NCA လက်မှတ်‌ရေးထိုးထားသည့် နိုင်ငံ‌တော် အစိုးရနှင့် EAOs များအကြား ကွဲလွဲ‌နေ‌သေးသည့် NCA ဆိုင်ရာ အ‌ခြေခံယူဆချက်များ၊ အနာဂတ်ဒီမိုကရက် တစ် ဖက်ဒ ရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုင်ရာ ဘုံရည်မှန်းချက်နှင့် ဘုံတန်ဖိုးများကို ‌ဖော်ထုတ်နိုင်‌ရေး အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများပြုလုပ်ရန်ကိုလည်း နိုင်ငံ‌တော်အစိုးရကို ‌တောင်းဆို‌ကြောင်း KNU၏ ထုတ်ပြန် ချက်၌ ဆိုထားသည်။

လတ်တ‌လော ဖြစ်ပွားသည့် ပစ်ခတ်မှုများကို အစိုးရနှင့် KNU တို့အကြား တရားဝင်‌တွေ့ဆုံ‌ဖြေရှင်းမှုများ မရှိ ‌သေး‌သော်လည်း နှစ်ဖက်သက်ဆိုင်ရာ နီးစပ်ရာ ‌အောက်‌ခြေတပ်မှူးအချင်းအချင်းအကြား ဆက်သွယ်ခြင်းနှင့် နှစ်ဖက်‌ခေါင်း‌ဆောင်များအကြားရှိထားသည့် ဆက်သွယ်‌ရေး လမ်း‌ကြောင်း က‌နေ အ‌ခြေအ‌နေကို ထိန်းထိန်း သိမ်းသိမ်းလုပ်‌ဆောင်ကြရန်‌ပြောဆို ညွှန်ကြားထားမှုများရှိ‌ကြောင်းလည်း KNUဘက်က ဆိုသည်။

၎င်းပစ်ခတ်မှုများ‌ကြောင့် လက်ရှိအချိန်ထိ မူတ‌ရော်ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လောနှင့် ‌ခေးပူ‌ကျေးရွာ အုပ်စုနှစ်စုထဲရှိ ‌ကျေးရွာ ၁၄ရွာမှ ‌ဒေသခံရွာသား စုစု‌ပေါင်း နှစ်‌ထောင်နီးပါး ‌ခြေဦးတည့်ရာသို့ ယ‌နေ့အထိ ထွက်‌ပြေးတိမ်း‌ရှောင် ‌နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာ ‌ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိ‌ကြောင်း ကရင်အရပ်ဖက်များက ‌ပြောဆိုသည်။

အစိုးရနှင့် ‌ကေအဲန်ယူအကြား အပစ်ရပ်စာချုပ် (NCA) ကို ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ (၁၅) ရက်‌နေ့တွင် လက်မှတ်ထိုးထားခဲ့‌သော်လည်း အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူ တပ်မဟာ (၅) တပ်ဖွဲ့ဝင်များအကြားတွင် သတ်မှတ်နယ်‌မြေကိစ္စနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ‌ဖေ‌ဖော်ဝါရီအတွင်း ထိ‌တွေ့ပစ်ခတ်မှု (၄)ကြိမ်၊ ယခုလ မတ်လ ၅ရက် မှ ၁၅ရက်‌နေ့ထိ ပစ်ခတ်မှု (၆) ကြိမ် ပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အစိုးရတပ်မ‌တော်ဘက်မှ တပ်စွဲထားမှုများရှိ‌နေခြင်း‌ကြောင့် နှစ်ဖက်တပ်အကြား တင်မာမှုများရှိ‌နေဆဲဟု ‌ကေအဲန်ယူက ‌ပြောသည်။